PPE ဝတ်စုံဝတ်ပြီး ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ သံဃာတော် တစ်ပါး

PPE ဝတ်စုံဝတ်ပြီး ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ သံဃာတော် တစ်ပါး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကိုဗစ် တတိယလှိုင်းဟာ အခုဆိုရင် ကူးစက်မှု့နှုန်းက အရမ်း မြင့်မား လာနေပါတယ် ။ ဒါအပြင် ကိုဗစ် ကြောင့် သေဆုံးမှု့နှုန်းကလဲ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလာပြီးတော့ သေဆုံးမှု့ အများဆုံးကတော့ ရန်ကုန် ကဖြစ်ပါတယ်။

အခုဆိုရင် ပိုးတွေ့လူနာတွေများပြား လာ‌ တာကြောင့် ဆရာဝန်တွေ စေတနာ ဝန်ထမ်းတွေ အားလုံးလဲ မနိုင်မနင်း ဖြစ်နေပါတယ် ။

ဒီနေ့မှာတော့ ရောဂါ ကူးစက်သူတွေအတွက် တစ်ဖက် တစ်လမ်းကနေ ပူးပေါင်း ပါဝင်ကူညီခဲ့တဲ့ လေးစားစရာ သံဃာတော် တစ်ပါး ရဲ့သတင်းလေး‌ကို ဂုဏ်ယူစွာ မျှဝေပေးပါရစေ ။

လိုအပ်ရင် ဒီလိုလည်း ကူကြရတယ်။ ဦးဇင်းရေ အင်အားတွေ ပြည့်ပြည့် ဝဝနဲ့ လောက ကောင်းကျိုး ဆောင်ရွက်နိုင်ပါစေ ညီကိုတို့ရေ ဒီ ဦးဇင်းလည်း မနေနိုင်တော့ဘူး ။ အင်အားတွေလိုနေပြီနော် လို့ kotun lwin ဆိုတဲ့ ဖေ့ဘွတ်အကောင့်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ် ။

လူမူ့ကွန်ယက်မှာတော့ ဘုန်းဘုန်းရဲ့ ဓာတ်ပုံကို မျှဝေသူတွေ များစွာရှိနေပြီး လူပေါင်းများစွာကလည်း သာဓု ခေါ်နေကြပါတယ် ။ ဦးဇင်း ရဲ့မွန်မြတ်လှတဲ့ စိတ်လေးနဲ့ လုပ်ရပ်လေးကို သာဓု သုံးကြိမ် ခေါ်ဆိုပါတယ် ဘုရား ။

ပရိတ်သတ်ကြီးအားလုံးလည်း ဒီဦးဇင်းအတွက် သာဓုခေါ်ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူး တင်လျက်ပါ ။ Credit

Add a Comment

Your email address will not be published. Required fields are marked *