NUG ရဲ့ရေဒီယိုထုတ်လွှင့်မှုမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်လာခဲ့တဲ့ မြနှင်းရည်လွင်

NUG ရဲ့ရေဒီယိုထုတ်လွှင့်မှုမှာ အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်လာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ပြည်သူတွေနဲ့ အတူ အမှန်တရား ဘက်ကနေ ရဲရဲ ဝံ့ဝံ့ ရပ်တည် ကြသူများထဲတွင် သရုပ်ဆောင် မြနှင်းရည်လွင် တစ်ယောက်လည်း ပါဝင်ခဲ့တယ်ဆိုတာ အားလုံးလည်းသိကြမှာပါ။

သူမက နွေဦးတော်လှန်ရေး အစပိုင်းတွင် လမ်းပေါ် ထွက်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့တာကြောင့် အာဏာရှင် လူတစ်စုမှ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆို အရေးယူ ခံထားရတာပဲ ဖြစ်ပါတယ်။

ခုလက်ရှိ အချိန်မှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာမှာ နေထိုင်နေပြီး တော်လှန်ရေး တိုက်ပွဲများအတွက် ကျရာ အခန်းကဏ္ဍကနေ ပါဝင်ကူညီ ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း မြနှင်းရည်လွင်ရဲ့ Facebook Story တွင် ပုံလေး တစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဘယ်နေရာရောက်ရောက် သွေးအေးမသွားဘဲ အဆုံးထိတိုက်ပွဲ ဝင်သွားမှာဖြစ်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့ သူမရဲ့ ပုံလေးတစ်ပုံကို တင်ထားတာ ဖြစ်ပါတယ်။

မြနှင်းရည်လွင်က ပြည်သူ့အစိုးရ NUG မှ ထုတ်လွှင့်မယ့် Radio အစီအစဉ်များတွင်လည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်ကူညီနေတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်တွင်ရှိတဲ့ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန Facebook Page တွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

အနုပညာရှင်ဖြစ်ပေမယ့် အရေးကြုံလာတဲ့အခါ ပြည်သူတွေနဲ့ အတူ ဓမ္မဘက်ကနေ အခိုင်အမာ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်များ အားလုံးဟာ တကယ်ကို လေးစား ဂုဏ်ယူစရာ ကောင်းလှပါတယ်။

အရေးတော်ပုံ အောင်မြင်သွားတဲ့အခါ ပြည်သူတွေနဲ့ အတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တိုင်းကို အရင် ကထက်ပိုပြီး ချစ်ခင် အားပေးကြဖို့ လိုအပ်ကြောင်း ပြောကြားရင်း ဒီသတင်းကို ပြန်လည် တင်ဆက် ပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *