New York မှာ အေးချမ်းစွာရှိနေတဲ့ Candy လေးအကြောင်းကို ပြောပြလာခဲ့တဲ့ ဥက္ကာမင်းမောင်

New York မှာ အေးချမ်းစွာရှိနေတဲ့ Candy လေးအကြောင်းကို ပြောပြလာခဲ့တဲ့ ဥက္ကာမင်းမောင်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ Miss Universe Myanmar အလှမယ် သူဇာဝင့်လွင်က ပြိုင်ပွဲအပြီးမှာ မြန်မာနိုင်ငံ ပြန်ဖို့အတွက် အခက် အခဲဖြစ်နေတယ်လို့ သိရပါတယ်။

သူမရဲ့ လုံခြုံရေး စိုးရိမ်ရတာကြောင့် လက်ရှိမှာတော့ အမေရိကမှာပဲ ဆက်လက် နေထိုင်ဖြစ်မယ်လို့လည်း သိရပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး ဥက္ကာမင်းမောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ပရိတ်သတ်ကို အခုလိုပဲ အသိပေးလာခဲ့ပါတယ်။

Miss Universe ပွဲအပြီး Candy လေး ဒီနေ့ပဲ New York ရောက် လာတော့ မုန့်သွားစား လျှောက်သွား

စကားစမည်ပြောရင်း အမှတ်တရ ကျွန်တော့် ညီမ အရင်း ထက်တောင်ငယ်တဲ့ Candy ကို ကျွန်တော့်

ညီမ အရင်းတစ်ယောက်လိုပဲ လိုအပ်တာ မှန်သမျှ ကူညီ စောင့်ရှောက်ပေးပါမယ်။

လောလောဆယ် မြန်မာပြည်ပြန်ဖို့လဲ အခက်အခဲရှိတယ်။

သူ့ safety အတွက်လဲ စိတ်ပူရတဲ့ အခြေအနေမှာ ပြိုင်ပွဲပြီးသော်လဲ တခြားသူတွေလို ဂုဏ်ယူ ဝင့်ကြွားစွာနှင့်

သူ့တိုင်းပြည် သူပြန်လို့မရ ကျန်ရှိနေတဲ့ သူ့ဘဝ ခရီးရှေ့ဆက်ဖို့ စိတ်ဓါတ်မကျဖို့ အားပေးရင်း သူက ဒီနိုင်ငံမှာ Modeling ဆက်လက် လုပ်ဆောင်သွားဖို့

စဉ်းစားနေတယ်ဆိုတော့ ကိုယ်သိသလောက် အားပေး အကြံပေး ရင်းဆုံကြသည်ပေါ့…

ဒီနေ့တော့ New York ကို ရောက်တာ သူ့ ပထမဆုံးနေ့ ဆိုတော့ Times Square ဝန်းကျင် လျှောက်ပို့ရင်း

အမှတ်တရ ပုံလေးတွေ ပရိတ်သတ်များရော သူ့မိ သားစုဝင်များရော စိတ်မပူနဲ့နော်။

အားလုံးအဆင်ပြေသွားမှာပါ။

သဘက်ခါ America ရောက် ချင်းလူမျိုးတွေ ဖိတ်ကြားမှူနဲ့ Indiana ပြည်နယ်ကို သူသွားပါမယ်။

သူ့ကို ဂုဏ်ပြုချင် ချစ်ကြသူတွေလဲ US တခွင် တအားများပါတယ်။

US တခွင် ဖိတ်ကြားမှူများ သွားပြီးလို့ New York ပြန်လာရင် သူ့ကို ဂုဏ်ပြုပွဲ ကျင်းပပေးချင်ကြသော မိတ်ဆွေများနှင့် ပွဲလေးတပွဲပြုလုပ်ပေးမည်ဖြစ်ပါတယ်။

ထိုအတွက် လာမေးကြသော message များအားလုံး မပြန်ရသေးတာ ခွင့်လွှတ်ပါ။

သူ New York မှာနေတဲ့ ကာလပတ်လုံး ခင်မင်သူပေါပြီး သူ့ဘဝ လုံခြုံမှူရှိရေး အတွက်ရော …ရှေ့ဆက်ရမယ့် ဘဝခရီးမှာ မိတ်ဆွေ အပေါင်း အ သင်းပေါများဖို့ အတွက်ရော …

သူ့ကို အားပေးသူ ရွှေမြန်မာများနှင့် တွေ့ဆုံ ပွဲလေး ကျင်းပပါမည် ရက် နေ့စွဲနှင့် အချိန် ပြန်လည်ကြေငြာပါမည် ခင်ဗျာ။

ကိုယ့်မြန်မာ အချင်းချင်း တထောင့် တနေရာကနေ ကူညီအားပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျာ။

အခုတော့ ဒီ New York မှာ Modeling လုပ်နေတဲ့ Beauty သက်သက်သင်း နဲ့ အတူ နေပါတယ်ခင်ဗျာ။

Candy လေး အစစအရာရာ အဆင်ပြေပြေ ရှိပါတယ်ခင်ဗျာ။

Welcome to New York Candy ဆိုကာ ပြည်ပရောက် မြန်မာလူမျိုးများကလည်း သူဇာဝင့်လွင်ကို

တတ်အားသရွေ့ကူညီပေးကြဖို့ တောင်း ဆိုခဲ့ပါတယ်။

စာဖတ် ပရိတ်သတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေ။

Add a Comment

Your email address will not be published. Required fields are marked *