Mytel မှအလုပ်ထွက်ပြီး မုန့်ဟင်းခါးရောင်းနေတဲ့ မုံရွာမြို့က အင်ဂျီနီယာမလေး (လမ်းမှာတွေ့ရင် အားပေးကြအုံးနော်)

Mytel Radio Engineer မှအလုပ်ထွက်ပြီး မုန့်ဟင်းခါးရောင်းနေတဲ့ မုံရွာမြို့က အင်ဂျီနီယာမလေး (လမ်းမှာတွေ့ရင် အားပေးကြအုံးနော်)

ကဲ ပရိတ်သတ်ကြီးရေ စစ်အာဏာ ထိမ်းသိမ်းခဲ့သည့် လတ်တလော ဖြစ်ရပ်များ အပေါ် မြန်မာ ပြည်သူများ အနုပညာ ရှင်များ အားလုံး ဆန္ဒပြလျက် ရှိရာ အမြို့မြို့ အနယ်နယ် တွင်လူဦးရေ သိန်းချီနေပြီး ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းပေးလျှက် ရှိနေပါတယ်။

“ဒီမိုကရေစီ ရရှိရေး ဒို့အရေး” “စစ်အာဏာရှင်စနစ် အလိုမရှိ” ၊ “အမေစု ကျန်းမာပါစေ” စသည့်ကြွေး ကြော်သံများကို ကြွေးကြော် ခဲ့ကြပါတယ်။

ထို့အတူ ပင် မြန်မာပြည်တွင်း ရှိ မြို့နယ် အလိုက် လူဦးရေ သောင်းချီသိန်းချီ ငြိမ်း ချမ်းစွာ ဆန္ဒပြလျှက် ရှိရာ ယနေ့ ဆန္ဒပြပွဲသည် ထူးခြားချက်များ နှင့် ပြည့်နှက်လျက် ရှိနေပါတယ်။

ပြည်သူများ နှင့် ပူးပေါင်း ပါဝင်လာသည့် ရဲဝန်ထမ်းများ ရှိလာသည့်အပြင် အနုပညာရှင်များစွာ ဋ္ဌာနပေါင်းစုံမှ ဝန်ထမ်းများစွာ အား တက်သရော ပါဝင် လှုပ်ရှား နေကြတာလည်းဖြစ်ပါတယ်။

ပြည်သူ့ဝန်ထမ်း အတော်များများဟာလည်း CDM မှာပါဝင်လှုပ်ရှားကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေကြတာကိုလည်း တွေ့မြင့်ရပါတယ်။

ယခုတစ်ခါမှာလည်း Mytel မှ အင်ဂျီနီယာလေးကတော့ အလုပ်ထွက်ပြီး မုန့်ဟင်းခါးဆိုင်လေး ဖွင့်လိုက်တာကို တွေ့ရပါတယ်။

Mytel Radio Engineer အလုပ်ထွက်ပြီး မုန့်ဟင်းခါး ရောင်းနေပြီ အားပေးကြပါအုံး ဂုဏ်ယူပါတယ် မုံရွာ ဒေါင်းကျောင်းရှေ့မှာ ဖြစ်ပါတယ် ခင်ဗျာ။

၎င်း ပုံရိပ် လေးတွေကိုလည်းပရိတ်သတ်ကြီးအတွက် ပြန် လည်မျှဝေ ပေးလိုက်ရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *