MRTV က သတင်း တင်ဆက်သူ ဆရာ ကိုကျော်သက်လင်း အတွက် ဂုဏ်ပြုစကားဆိုလာခဲ့တဲ့ မြနှင်းရည်လွင်

MRTV က သတင်း တင်ဆက်သူ ဆရာ ကိုကျော်သက်လင်း အတွက် ဂုဏ်ပြုစကားဆိုလာခဲ့တဲ့ မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မြန်မာပြည်ရဲ့ လက် ရှိ နိုင်ငံရေး အခြေအနေတွေကို အားလုံး သိကြမယ်ထင်ပါတယ်‌။

ဖေဖော်ဝါရီလ ကစခဲ့တဲ့ နိုင်ငံရေး မီးလောင်ကျွမ်းနေတာ ဆိုရင် ကိုးလကျော် အချိန်ကို ကြာမြှင့်ခဲ့ပါပြီ။

အာဏာ သိမ်းတာကို လက်မခံတဲ့ ပြည်သူတွေ အား လုံးနီးပါး ပါဝင်တဲ့ ဆန္ဒပြပွဲတွေ တစ်နိုင်ငံလုံး အတိုင်း အတာအနေနဲ့ ပေါ်ပေါက်လာခဲ့တာပါ။

နိုင်ငံတော်က ခန့်အပ်ထားတဲ့ အစိုးရ ဝန်ထမ်းတွေ ကလဲ CDM အနေနဲ့ပါဝင် သပိတ်မှောက်ခဲ့ကြပါတယ်။

၎င်းတို့ အထဲမှာ အာဏာ စသိမ်းခဲ့တဲ့ အချိန်အစောပိုင်းကထဲက CDM ပြုလုပ်ခဲ့တဲ့ MRTV ရုပ်သံရဲ့ သတင်း တင်ဆက်သူ ကိုကျော်သက်လင်း တစ်ယောက်လည်း ပါဝင်လာခဲ့ပါတယ်။

ကိုကျော်သက်လင်းက ခုလက်ရှိမှာ လွတ်မြောက် နယ်မြေမှာ ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းကို ပရိတ်သတ်တွေကို အသိပေး လာခဲ့ပါတယ်။

ဆရာတပည့်ဖြစ်တဲ့ မြနှင်းရည်လွင်က ဆရာဖြစ်သူ အတွက် ဂုဏ်ယူ ဝမ်းမြောက်နေပါတယ်။ သတင်း တင်ဆက်သူ ကိုကျော်သက်လင်းက လွတ်မြောက်

နယ်မြေရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းကို တောထဲဝင် ယူနီဖောင်းလေးဝတ် သေနတ်လေး ကိုင်ပြီး ဓာတ်ပုံရိုက်ပြရင် အဆင်ပြေမလား….

ကျနော် fb accလေးပြန်ရပြီး မိတ်ဆွေတွေကို လိုက်ကြည့်မိတယ်။ အများအားဖြင့်တော့ အရင်အတိုင်းပါပဲ… ကျနော်လား…?

ကိုဗစ် ငှက်ဖျား တုတ်ကွေး အားလုံးထိပြီး လွန် မြောက် ခဲ့ပါပြီ။ ကိုယ်ရော စိတ်ပါ ကျန်းမာ လျက်ပါ။

မီးစိမ်းလေးမလင်း ပြန်မလာ ပြန်မဆုံတော့တဲ့ မိတ် ဆွေတွေ အတွက်စိတ်မကောင်း ကြီးစွာဖြစ်မိပါတယ်။ မြို့ပြမှာ စိတ်ရောကိုယ်ပါ ဒုက္ခရောက်နေကြသူတွေ အတွက်လည်း စိတ် ထိခိုက်ရပါတယ်။

စိတ်ပူနေကြသူတွေ အားလုံးကိုလည်း ကျေးဇူးတင်စွာ နှုတ်ခွန်းဆက်ပါတယ် သူ့ရဲ့ လူမှု့ကွန်ယက် စာမျက် နှာမှတဆင့် အသိပေး ရေးသားထားတာကြောင့် ပရိတ်သတ်တွေနဲ့ မိတ်ဆွေများက လေးစား အံ့သြခဲ့ကြရပါတယ်။

အမှန် တရားအတွက် လွတ်မြောက် နယ်မြေရောက်ရှိနေတဲ့ “ကျန်းမာတော်မူကြပါစ”ဆိုတဲ့ အသံပိုင်ရှင် MRTV ရုပ်သံရဲ့ သတင်းတင်ဆက်သူ ကိုကျော်သက်လင်း အတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

ပြည်သူ ဘက်တော်သား CDM သရဲကောင်း ကိုကျော်သက်လင်း ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

ပရိတ်သတ်တွေလည်း ဆုတောင်း ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *