Maps app ရဲ့မှားယွင်းတဲ့ လမ်းညွှန်မှုကြောင့် ချစ်သူမဟုတ်တဲ့ အခြားသတို့သမီးနှင့် လက်ထပ် လိုက်ရတော့မလို ဖြစ်ခဲ့ရတဲ့ သတို့သားရဲ့အဖြစ်

Maps app ရဲ့မှားယွင်းတဲ့ လမ်းညွှန်မှုကြောင့် ချစ်သူမဟုတ်တဲ့ အခြားသတို့သမီးနှင့် လက်ထပ် လိုက်ရတော့မလို ဖြစ်ခဲ့ရတဲ့ သတို့သားရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မကြာသေးမီက သတို့သားတစ်ဦး ပါဝင်တဲ့ မင်္ဂလာဆောင် အဖွဲ့တစ်ဖွဲ့ဟာ သတို့သမီးရဲ့ နေအိမ်နှင့် ကီလိုမီတာ အနည်းငယ်

ဝေးကွာတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ် Pakis ခရိုင် Jengkol ရွာ၌ မှားယွင်းတဲ့ မင်္ဂလာပွဲ အိမ်တစ်အိမ်သို့ ရောက်သွားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၄ ရက်နေ့တွင် သတို့သားတစ်ဦးဟာ သူ၏သတို့သမီးအား တင်တောင်းလက်ထပ်ရန် ဂျာဗားအလယ်ပိုင်း Pakis ခရိုင်Losis ရွာသို့သွားရန် စီစဉ်ခဲ့ပါတယ်။

သို့ပေမယ့် Google Maps က လမ်းမှားကိုညွှန်ပြခဲ့တဲ့အတွက် ၎င်းတို့ဟာ အနီးအနားရှိJengkol ရွာသို့ ရောက်သွားခဲ့ကြပါတယ်။

တိုက်ဆိုင်စွာပင် ထိုနေရာ၌မင်္ဂလာဆောင်ပွဲတစ်ခုရှိနေခဲ့ပါတယ်။

ထို့နောက် ၎င်းမင်္ဂလာပွဲကျင်းပတဲ့နေရာကိုကြည့်ပြီးသတို့သားရဲ့အဖွဲ့များက ၎င်းတို့နေရာမှားနေတယ်လို့လည်း သံသယမဝင်ခဲ့ကြပါဘူး။

၎င်းတို့က သတို့သမီးမိသားစုရဲ့ကြိုဆိုခြင်းကိုခံခဲ့တာကြောင့် ၎င်းတို့ဟာ အိမ်ထဲကိုဝင်ကာ သတို့သမီးကိုကြိုဖို့ အေးဆေးထိုင်စောင့်နေခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပင် သတို့သမီးကလည်း မိတ်ကပ်လိမ်းနေတဲ့အတွက် သတို့သားဖြစ်သူဟာ သူက ၎င်းမင်္ဂလာပွဲရဲ့“ စစ်မှန်တဲ့သတို့သား” မဟုတ်ကြောင်းကိုလည်း ချက်ချင်း သတိ မပြုမိနေခဲ့ပါဘူး။

၎င်း အဖြစ်အပျက်အပြီးတွင် ဒေသခံ မီဒီယာတစ်ခုနှင့်စကားပြောစဉ် Maria Ulfa အမည်ရှိသတို့သမီးက သူမ၏အိမ်တွင် မည်သူ မည်ဝါမှန်းမသိဘဲ

သူမအားစောင့်ဆိုင်းနေခဲ့တဲ့အမျိုးသားတစ်စုကိုတွေ့လိုက်ရတာကြောင့် သူမအံ့ဩတုန်လှုပ်သွားခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူမနဲ့စေ့စပ်ကြောင်းလမ်းမဲ့သတို့သားက Kendal ရွာမှာရှိနေပြီး သူမအား လာစောင့်နေခဲ့တဲ့ သူတွေက Pemalang မြို့ကနေလာကြောင်းကိုသိခဲ့ရပြီး ၎င်းဟာ တစ်ခုခုမှားယွင်းနေတာကို Maria အား သဘောပေါက် သွားစေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Maria ရဲ့မိသားစုဝင်များက အကြောင်းအရင်းအားရှင်းပြရင်း ညွှန်ကြားပေးခဲ့ပြီးတဲ့နောက်မှာ လမ်းပျောက်သွားခဲ့တဲ့သတို့သားဟာ မှန်ကန်တဲ့ မင်္ဂလာပွဲနှင့် သူ့ရဲ့သတို့သမီးလောင်းကို ပြန်ရှာတွေ့ခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်၏ဗီဒီယိုဟာ လူမှုမီဒီယာတွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး လူများစွာအား ရယ်မောသွားစေခဲ့ပါတယ်။

လူအချို့က ဤသတို့သားရဲ့အမှတ်ရစရာအတွေ့ အကြုံကို ဟာသနှောကာ အမျိုးမျိုးသုံးသပ်ခဲ့ကြပြီး

အချို့ကလည်း သတို့သားကသူ၏အမှားကိုရိပ်မိသွားဖို့ ဘယ်လို့အဲ့လောက်ကြာနေခဲ့လဲဆိုတဲ့အကြောင်းကိုပါ တွေးတောနေခဲ့ကြပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *