KBZ ဘဏ်ကို လူသုံးများအောင် လုပ်ပေးတယ်ဆိုပြီး ဝေဖန်မှုတွေ ခံနေရတဲ့အပေါ် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဦးဇေသီဟ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

KBZ ဘဏ်ကို လူသုံးများအောင် လုပ်ပေးတယ်ဆိုပြီး ဝေဖန်မှုတွေ ခံနေရတဲ့အပေါ် ပြန်လည် ဖြေရှင်းလာခဲ့တဲ့ ဦးဇေသီဟ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသမီး နန္ဒာလှိုင်ခင်ပွန်း သူဌေးကြီး ဇေသီဟကို သိကြမှာပါနော်။

သူဟာ အခုဆို အောက်ဆီဂျင် ပရဟိတ လုပ်နေတဲ့ သူလဲဖြစ်ပါတယ်။

စစ်တပ်နဲ့ ဆက်နွယ်သူ ဖြစ်တာကြောင့် လူတွေရဲ့ ဝေ ဖန် အပြစ်တင်ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

အခုဆို သူက Kpay acc တွေပိတ်ခံရတဲ့ ကိစ္စကို အခုလိုပဲ ပြောလာပါတယ်။

“KBZ Pay မှာ ရှိတဲ့အကောင့်တွေ အပိတ်ခံရတာ တ ကယ်က KBZ နဲ့ ဘာမှ မဆိုင်ပါဘူး။

သတင်းပေးတဲ့သူက သတင်းပေးတယ်။

အဲ့ဒီ သတင်းအရ စာထုတ်ပြီး နာမည်စာရင်းနဲ့ ပိတ်ခိုင်းတယ်။ အဲ့တော့ ပိတ်ပေးရတယ်။

ဘဏ်ရဲ့သဘော အရ Black list ဝင်သွားတဲ့ အကောင့်ဆို ပိတ်ပေးရတာ ဒီနိုင်ငံမှာတင် မဟုတ်ဘူး နိုင်ငံ တကာမှာလဲ ဒီအတိုင်းပါပဲ။

နိုင်ငံတကာက ဘဏ်တိုင်းလဲ အထက်က ညွှန်ကြားတဲ့ အတိုင်း လုပ်ရတာပဲ။

ဘာပဲဖြစ်ဖြစ် KBZ Pay ကို rating ကျအောင် လုပ်ချင်ကြတယ်။

လုပ်ပါ။ ထိရောက်သလား။

rating ကျတဲ့အတွက် လုပ်ငန်းသစ်ဆိုရင်တော့ ထိခိုက်မှု ရှိပါတယ်။

အရှိန်ရနေတဲ့ လုပ်ငန်း ဘဏ်လောကရဲ့ ထိပ်ဆုံးနေရာ ရောက်နေတဲ့ လုပ်ငန်းအတွက် ဘာမှ အကျိုးမထူးဘူး။ မထိရောက်ဘူးလို့ ဆိုလိုချင်တာ။

သူ့ရဲ့ လက်ရှိ customer က သန်းပေါင်းများစွာရှိတယ်။

လူ ၅ သောင်းကျော် rating ချပြီး သူ့အကောင့်ကို မသုံးတာ သိပ် မထူးပါဘူး။

မလိုအပ်တဲ့ နေရာမှာ အင် အားကို ဖြုန်းနေကြလို့ ပြောတာပါ ညီတို့ရေ။

KBZ Pay play store မှာ rating ချပြီးလဲ ငွေကြေး အမြတ် အစွန်း လျော့သွားမှာ မဟုတ်ဘူး။

လိုအပ်တဲ့သူက သူ့ကို မဖြစ်မနေ အသုံရပြုနေရမဲ့ လူကတော့ သုံးနေအုံးမှာပဲ။

ဒုတိယ တစ်ခုက မိတ်ဆွေကောင်း အလုပ်ကြီးကြီး လုပ်သူတိုင်း အပေါင်း အသင်း များများလိုပါတယ်။

ရန်သူ နည်းအောင် ကြိုးစားရပါမယ်။

ရန်သူ ဖြစ်ရင်တောင် မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားရပါမယ်။

NUG တံဆိပ် ကပ်ထားတဲ့ သူတွေကို အချင်းချင်း ပြန်ဆဲတာ ကိုယ့်အင်အားကို ကိုယ်ချည့်နဲ့အောင် လုပ်သ လိုပါပဲ။

nug profile ပြောင်းတဲ့ သူတွေက မင်းတို့ကို ယုံပြီးသား လူတွေပါ။ ပြန်သုံးသပ်ပါ။

အချိန် ခွန်အား ငွေကြေး နဲ့ မိတိဆွေကောင်း စတဲ့ အ ရာအားလုံးဟာ အကန့်အသတ် ရှိနေပါလျက်နဲ့

ဖြုန်း တီးပစ်နေမယ်ဆိုရင်တော့” လို့ ဆိုလာခဲ့ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဦးဇေသီဟ အပေါ် ထင်မြင်ချက်လေးတွေ ရေးခဲ့ပါအုံးနော်။ Credit

Add a Comment

Your email address will not be published. Required fields are marked *