Facebook ပေါ်မှာ ဘုရားစာတရားစာတွေ Share ပြီး ပရိတ်သတ်ကို ထပ်မံ အကဲ စမ်းလာခဲ့တဲ့ ဖြူဖြူထွေး

Facebook ပေါ်မှာ ဘုရားစာတရားစာတွေ Share ပြီး ပရိတ်သတ်ကို ထပ်မံ အကဲ စမ်းလာခဲ့တဲ့ ဖြူဖြူထွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဖြူဖြူထွေးက ဆိုရှယ်မီဒီယာပေါ်တွင် Follower ၈ သန်းကျော်ရှိပြီး Social Influencer တဦးဖြစ်ပြီး စစ် အာဏာရှင် ဆန့်ကျင်ရေးတွင် ပြည်သူနှင့် တသားတည်း

ရပ်တည်မှုမရှိသလို ဆန္ဒပြပွဲများတွင်လည်း ပါဝင်ခြင်း မရှိတဲ့အတွက် ရပ်တည်မှု မှန်ကန်သူ မဟုတ်ကြောင်း သတ်မှတ်ခံရပြီး လူမှုရေး ဖယ်ကြဉ်မှုများ (Social Punishment) ပြုလုပ်ခြင်းခံထားရသူ တစ်ယောက်ဆိုလည်း မှားပါဘူး။

စစ်အာဏာရှင်ကို ဆန့်ကျင် တော်လှန်နေတဲ့ ပြည်သူများနှင့် အတူ မရပ်တည်ခဲ့တဲ့ Facebook ဆယ်လီ ဖြူဖြူထွေးကို ကုမ္ပဏီများအနေဖြင့် သပိတ်မှောက် (Boycott) ရန် တိုက်တွန်းမှုများ ကျယ်လောင်စွာ

ထွက်ပေါ်လာပြီးနောက် စစ်တပ် ထုတ်ကုန်များ အ ပါအဝင် လုပ်ငန်းပေါင်း ၂၀ ကျော်က လက်တွဲမှုရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ သူမက ကင်းမရွာသို့ အလှူတွေ ပြုလုပ်ခဲ့ပြီးနောက် ဝေဖန်သံများ ပိုမို များပြားလာခဲ့ပါတယ်။

ရက် အတော်ကြာ အွန်လိုင်းကနေ ပျောက်နေခဲ့ပြီးနောက်မှာတော့ ဒီနေ့လေးမှာတော့ သူမ က ဘုရားတရားစာတွေ ရှယ်ရင်း ဖေ့ဘုတ်ပေါ်ကို ပြန်လည် ရောက်လာခဲ့ပြန်ပါပြီး။

သူမရဲ့ ဖေ့ဘုတ် Myday မှာ လူတွေရဲ့ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီးတော့လည်း မှန်တာကို လုပ်ပြီး ပွင့်လင်း သူထက် မဟုတ်မမှန်တာ လုပ်ပြီး ဟန်ဆောင်ကောင်းသူက ပိုပြီးကြောက်စရာကောင်းတယ်။ ကမ္ဘာပေါ်မှာ မေတ္တာတရားနဲ့ မတန်တဲ့သူဆိုတာ မရှိပါဘူး။

သူတစ်ပါးက ပို့ပေးလွှတ်တဲ့ မေတ္တာတရားကို မခံယူတတ်တဲ့ သူပဲရှိတာပါ ဆိုတဲ့ တရားစာလေးတွေကို တင်ထားခဲ့တာ ဖြစ်ပါတယ်။

ဖြူဖြူထွေးရဲ့ တစ်လှမ်းချင်း ပြန်လှမ်းလာနေတဲ့ ပရိတ်သတ်တွေကရော သူမကို လက်ခံအုံး မလားဆိုတာ သူမကိုယ်တိုင်လည်း သွေးတိုး စမ်းနေတယ် ထင်

ပါရဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သူမကို ထင်မြင် ချက်လေးတွေကိုလည်း ရေးပေးသွားကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *