CRPH အတွက် လှူဒါန်းထားတဲ့ Product (သို့) Company လုပ်ငန်းအတွက် ကြော်ငြာသီချင်းတစ်ပုဒ် ရေး/ဆိုပေးမယ်ဆိုတဲ့ တေးသံရှင် ရာဝန

CRPH အတွက် လှူဒါန်းထားတဲ့ Product (သို့) Company လုပ်ငန်းအတွက် ကြော်ငြာသီချင်းတစ်ပုဒ် ရေး/ဆိုပေးမယ်ဆိုတဲ့ တေးသံရှင် ရာဝန

ပရိတ် သတ်ကြီးရေ တေးသံရှင် ရာဝန ကတော့ လူငယ် ပရိသတ်တွေ အရမ်းကြိုက်ကြ အားပေးခဲ့ကြတဲ့ အဆိုတော် တစ်ယောက် ပဲဖြစ်ပါတယ်။ သူ့ရဲ့ Answer သီချင်းခွေ ကတော့ ပရိသတ်တွေရဲ့ ကြား မှာ အတော်လေးကို ရေပန်းစား ခဲ့တာပဲဖြစ်ပါတယ်။

ရာဝနက ယခု လတ်တလော မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး ပြည်သူ များနဲ့ အတူတကွ တစ်သွေးတစ်သားတည်း ရဲရဲဝင့်ဝင့် ရှေ့ထွက်ရပ်တည်ခဲ့တဲ့ အနုပညာရှင် တစ်ဦး လည်းဖြစ် ပါတယ်။

Civil Disobedience Movementကိုလည်း အ ပြည့်အဝ ထောက်ခံရပ်တည် ခဲ့တဲ့သူ တစ်ဦးပါ။ နေ့စဉ် ဆိုသလို လမ်းမပေါ် ထွက်ပြီး အမှန်တရားကို လိုလားကြတဲ့ လူထုလှုပ်ရှား မှုတွေမှာ သံပြိုင် ဟစ်ကြွေးပြီး တက်တက် ကြွကြွ ပါဝင်ခဲ့ ပါတယ်။

ဒါအပြင် လူထုလှုပ်ရှားမှုကြောင့် ပင်ပန်းနေတဲ့ ပြည်သူများကို မိမိတတ် နိုင်တဲ့ ဘက်က ကူညီပြီးတော့လဲ လှူဒါန်းပေး နေတာလည်း ဖြစ်ပါတယ်။

ဖြစ်ပေါ် နေတဲ့ အခြေအနေများအရ လမ်းထဲရှိ ပြည်သူများ စိတ် အေးချမ်း သာစွာ အိပ်စက်အနားယူနိုင်ဖို့ ညဆို ကင်းစောင့် တယ် ဂွတစ်လက်နဲ့ မနက်ဆို အ မှိုက်ကောက်တယ် အိတ်တလုံးနဲ့ အဓိက ကအရေးတော် ပုံအောင်မြင်ဖို့ပဲ တတ်နိုင်သလောက် ပါဝင်အား ထုတ် ပေးရမှာပဲ” ဆိုပြီး ရေးသား ထားပါတယ်။

ပြည်သူ တွေနဲ့အတူ တောင်းဆိုနေသလို လူမှုကွန်ယက် ဆိုရှယ် မီဒီယာ ထက်မှာလည်း စာသားအ ချို့နဲ့ကူညီ အားဖြည့်ပေးနေ တာလည်း ဖြစ်ပါတယ်။

CRPHအတွက် မြန်မာငွေ ဆယ်သိန်းနှင့်အထက် လှူ ဒါန်းထားတဲ့ Product (သို့) Companyတွေထဲက ၂ခုကို ဒီကာလပြီးသွားရင် သင်တို့ရဲ့လုပ်ငန်းအတွက် ကြော်ငြာသီချင်းတစ်ပုဒ် ကျွန်တော် ရေးပေး၊ဆိုပေးပါမည်။

အကယ်၍ လှူထားတဲ့သူများထဲမှ စိတ်ဝင်စားရင် ကျွန်တော့်ဆီ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ဆိုပြီး သူ့ရဲ့ facebook စာမျက်နှာ မှာရေးသားထားတာကို ပရိတ်သတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *