CDM ဝန်ထမ်းတွေ အတွက် အလှူငွေ ကျပ်သိန်း၂၀ လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်

CDM ဝန်ထမ်းတွေ အတွက် အလှူငွေ ကျပ်သိန်း၂၀ လှူဒါန်းလာခဲ့တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဝတ်မှုံရွှေရည်က အမိုက်စား သရုပ် ဆောင်ချက်တွေနဲ့ အတူ ကျရာ ဇာတ်ကောင်ကို အကောင်းဆုံး သရုပ်ဆောင် နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ အားပေးမှုကို အခိုင် အမာ ရရှိထားတဲ့ မင်းသမီးချောပဲ ဖြစ်ပါတယ်။

ကစ်ကစ်လို့ အများက ချစ်စနိုးနဲ့ခါ်တဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ချစ်စရာကောင်းတဲ့ မျက်နှာ လေးကြောင့်လဲ ပရိတ်သတ်တွေက ပိုပြီး ချစ်ခင်နေကြ ရပါတယ်။

ဝတ်မှုံရွှေရည် တော်လှန်ရေးကြီး စတင်တဲ့ အချိန်မှာတော့တရား စခန်းဝင်နေတာ ဖြစ်ပြီးနောက် တစ်ရက်လောက်မှ လမ်းထွက်ပြီး ပြည်သူတွေနဲ့ အတူ တစ် သားတည်း ပါဝင် ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အခက် အခဲ အမျိုးမျိုးကြောင့် လမ်းထွက်ပြီး လူထု လှုပ်ရှားမှုတွေမှာ မပါဝင်နိုင်ရတာ တစ်ကြောင်း သူမရဲ့ လူမှုကွန်ရက် အကောင့် အဟက်ခံရတာက တစ်ကြောင်းနဲ့ ခဏတာ ပျောက်ဆုံး နေခဲ့ပါတယ်။

ဒီကနေ့မှာတော့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က အ လုပ်နား နေကြတဲ့ ဝန်ထမ်းတွေ အတွက် အလှူငွေ ကျပ်သိန်း၂၀ လှူဒါန်းလိုက်ကြောင်း သိရှိရပါတယ်။

ဒီလို အခက် အခဲဖြစ်နေကြတဲ့ ပြည်သူတွေကို လှူဒါန်းတာဟာ ကုသိုလ် တစ်ခုပါပဲနော်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်လဲ ဒီထက်မက လှူဒါန်းနိုင်ပြီး အေးချမ်းတဲ့ နေ့လေး အမြန် ရောက်ပါစေလို့ ဆု တောင်း ပေးရင်း ဒီသတင်းကို တင်ဆက် ပေးလိုက်ရပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *