CDM ဝန်ထမ်းတွေကို အိမ်ကူ ပြောင်းပေး နေကြတဲ့ မန္တလေးသူ မန္တလေးသားတွေ

CDM ဝန်ထမ်းတွေကို အိမ်ကူ ပြောင်းပေး နေကြတဲ့ မန္တလေးသူ မန္တလေးသားတွေ

တိုက်တန်း လျားတွေရဲ့ အလည်မှာ Taxi ဂိတ်မှာ ဈေးချိုနားမှာ ကြားနေကြ အသံမျိုးပေမဲ့ မတူညီတာ တွေရှိတယ် ။ မေးလာသူ ကောင်မ လေးတွေ အိတ်ကို စလွယ်သိုင်းလို့ လူရည်သန့် နုနုယွယွက လေးတွေ ..။ ပုံမှန်ဆို မိဘအိမ်မှာ TV တစ်လုံးကိုတောင် မရရဲ့လား မသိ .. ။

ချစ်သူ ကတောင် ရေဗူး ဖွင့်ပေးနေကျ ပုံလေးတွေ ..။ ကောင်လေးတွေမှာလဲ အိုင်ဖုံး နဲ့တွဲသုံးရတဲ့ နာရီဆိုလား ပါတ်လို့ ၊ စီးထားတဲ့ ဖိနပ်တောင် သိန်းကျော် တန်တွေ နဲ့ .. ။

ကိုယ့်အိမ်မှာ 20 လီတာ ရေတဗူးတောင် ‘မ’ ဖူးရဲ့လားမသိ .. ။ တစ်ချို့ ကျတော့လဲ ဘီယာဗိုက်လေးတွေနဲ့ ကိုယ့်ကိုယ် ကိုယ်တောင် မနဲသယ်နေရမဲ့ ပုံလေးတွေ ဒါလဲ အားတင်းပြီး အပြေးလာခဲ့ကြပုံ ။

တချို့တွေကျလဲ နေ့တွက်လေး စည်မှ အိ မ်ကို ထမင်းဖိုး ပြန်ပြီး ပေးနေကြတဲ့ လက်လုပ်လက်စား ကလေးတွေ ၊ သူတို့ရဲ့ တစ်နေ့စာ လုပ် အားက သူတို့ မိသားစု အတွက် အထောက် အပံ့ဖြစ်မဲ့ ကလေးတွေ ၊ ဒါလဲ အလုပ်ပြစ်ပြီး အပြေးလာခဲ့ကြပုံ ။

ရုန်းစု ရုန်းစုနဲ့ လာကြ၊ ကားလိုသေးလား ကားလိုသေးလား မေးကြ၊ တိုက်အမြင့်တွေပေါ်က – လိုတယ် ပစ္စည်းတွေ တော့များတယ် ဆိုတဲ့ အသံကြား တာနဲ့ ဟိုး 5 ထပ် 6 ထပ် ပေါ် ပြေးတက် သွားကြ၊ ဘီရိုကြီးတွေ ဆိုဖာကြီးတွေ၊ ကျွ န်းကုတင် ကြီးတွေကို သယ်ချ လာကြ.. ။

အပြုံးမပျက် အံကြိတ်လို့ မချလာကြ .. ။ တက်လိုက်ဆင်းလိုက် အခေါက်ပေါင်း မနဲဘူး .. ။ အချို့ဆို ကြွက်တက် လို့တောင် ခနနားရ ဘဝတ လျှောက် အထပ်မြင့် တွေကို တနေ့တည်း သုံးခါတောင် တ က် /ဆင်းလုပ်လေ့ ရှိဖူးတဲ့သူတွေ ဟုတ်ပုံ မရဘူး ၊ ဒါလဲ ဇွဲမလျှော့ ဘဲ တက်တက်ကြွကြွ တက်ညီလက်ညီ သယ်ကြ ချကြ ၊ ကားတွေ ပေါ်တင် မမောနိုင် မပန်းနိုင်ပါပဲ .. ။ ကား အခမဲ့ ၊ ဆီ အခမဲ့ အပြင် အတင်အချပါ မငြီးမငြူ မေတ္တာဖြင့် အခ မဲ့တဲ့ .. ။

ဒါတောင် အကူညီဘမတောင်းရဲ မပြောထွက်မှာ စိုးလို့ တကြော်ကြော် မေး နေသေးတယ်ကားလိုသေးလား တက္ခဲ့ရမလား၊ ဘာကျန်သေးလဲ နဲ့ မကြုံဖူး မမြင်ဖူးတာတွေ မြင်ရ ကြုံရတယ် ။ လေးစားစရာ ကောင်းလိုက် တဲ့စိတ်ဓာတ် လေး တွေနဲ့ တအိမ်ပြီး တအိမ်၊ တခန်းပြီး တစ်ခန်း .. ။

နေမဝင်ခင် တိုက်ခန်းတွေ ပေါ် အတက်အဆင်းအခေါက် ပေါင်းဟာ မရေ မတွက်နိုင် အောင်ကို အားကြိုး မာန်တက်နဲ့ .. ။ တချို့လဲ ဒိုင်နာရှိတယ်နော် ဒိုင်နာ၊ Light Truck 2 စီး ပါတယ် ခင်ဗျ ၊ Probox လေးပါတယ် လူစီးလိုက်လို့ ရတာပေါ့ ..။

Delivery Van လေးနဲ့နော် အဝတ်ထုပ်နဲ့ လူတော့ရွှေ့ လို့ရတယ် စသဖြင့် တက်နေတဲ့ ဆီဈေးလဲ မမှု၊ ချွေးတွေ ရေချိုးထား သလို ရွှဲနေတာ လဲ မမှုနဲ့ ညီလိုက် ကြတဲ့ နိုင်ငံသား ကောင်းတွေ ဝမ်း သာ ဝမ်းနည်း ကြည်နူး မိပါရဲ့လေ ..။

ဒီမြင်ကွင်းက တခြားတော့ မဟုတ် CDM ဝန်ထမ်းတွေကိုအိမ်ကူ ပြောင်းပေး နေကြတဲ့ မန္တလေးသူ မန္တ လေးသား တွေပေါ့ .. ။ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည် ရွှေမန္တလေး .. C r d post & photo

Tags:

Add a Comment

Your email address will not be published. Required fields are marked *