CDM ဝင်နေတဲ့ ဆရာ/ဆရာမ တွေကို ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်တဲ့ မင်းအုပ်စိုး

CDM ဝင်နေတဲ့ ဆရာ/ဆရာမ တွေကို ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်တဲ့ မင်းအုပ်စိုး

ပရိသတ်ကြီးရေ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ဇာတ် ကားပေါင်းများစွာ ရိုက်ကူးထားပြီး ပရိသတ် အသိ အမှတ်ပြုမှုနဲ့ အောင် မြင်မှုတွေ အထိုက် အလျှောက်ရရှိ သူတွေထဲမှာ သရုပ်ဆောင်မင်းအုပ်စိုးကလည်း အပါအဝင်ပါပဲ ဖြစ်ပါတယ်။

လူသတ်မှု ပုဒ်မ၃၀၂ နဲ့အကျဉ်းချခံထားရဖြစ်ပြီး မကြာခင်ကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ် မြောက်လာတဲ့ မင်းအုပ်စိုးကတော့ လတ်တလေ ာမှာ CDM လုပ်ကြတာတွေနဲ့ ပတ်သ က်ပြီး ပြောပြလာတာပဲ ဖြစ်ပါတယ်။ ၁၉၈၈ခုနှစ် အာဏာသိမ်းခဲ့ချိန် ကျောင် းသားဘဝက အပြောင်း အလဲအဖြစ် အပျက်တွေနဲ့ လက်ရှိအခြေအနေတွေကို နှိုင်းယှဉ်ပြောလာတာပဲ ဖြစ်ပါတယ်။

”အတိတ်ကိုပြန်တွေး ကျေးဇူးတင်မိပါရဲ့ကျွန်တော့်အသက် တစ်ဆယ့် ရှစ်နှစ် ကျော်ကျော်ပါ။ ဘယ် လောက်ကျော်လဲတိတိကျကျတော့ ပြောမပြတော့ပါဘူးဗျာ။ဖြူနေတဲ့ခေါင်းရယ်ဖြူနေတဲ့နူတ်ခမ်းမွေးရယ်ဖြူနေတဲ့မုတ်ဆိတ်မွေးတွေရယ်မြင်လိုက်ရရင်တော့ဆယ်ရှစ်နှစ်ကို နှစ်တွေအများကြီးမကျော်သေးဘူးဆိုတာတွက်ဆကြည့်လို့ရမှာပါ ။

ကြွားတယ်လဲမထင်ပါနဲ့ကြုံတုံးမှာပြောပြမိတာပါပညာရေးနဲ့ပတ်သတ်ရင်လဲကျွန်တော်က ဘွဲ့ရတစ်ယောက်ပါ။ရထားတဲ့ဘွဲ့ကလဲဟိုဘက်ခေတ်တုန်းကဆိုရင်တော့နံပတ်၅နေရာလောက်မှာရှိတဲ့ ဘူမိဗေဒမေဂျာနဲ့ ကျောင်းပြိးထားတဲ့ဘူမိဗေဒ ဘွဲ့ရတစ်ယောက်ပါ ။ဘူမိဗေဒကိုတောင်၁၀တန်းအောင်တုန်းကအမှတ် ၄၁၇ မှတ်ရတာကြောင့် ပထမနှစ်မှာ Roll No .9 နဲ့ တက်ခဲ့ရတာပါ ။

ကျွန်တော် အဓိကပြောချင်တာကကျွန်တော့်ပညာရေးမဟုတ်သလိုကျွန်တော့် အကြောင်းလဲမဟုတ်ပါဘူး။ကျွန်တော် အထက်တန်းကျောင်းသားဘဝကကျွန် တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေကိုစာသင်ပေးခဲ့တဲ့ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ကျွန်တော့်ရဲ့ဆရာဆရာမတွေအကြောင်းကို ရေးပြချင်တာပါ ။

၁၉၈၈ခုနှစ်မှာတပ်မတော်က အာဏာသိမ်းခဲ့ပါတယ် ။အာ ဏာထိမ်းတာမဟုတ်ဘူးနော် အာဏာသိမ်းတာလို့ တရားဝင်ပြောပြီးတော့ကိုနိုင်ငံတော်ရဲ့ အချုပ်အချာအာဏာနှင့်ကိစ္စအဝဝ ကို သိမ်းပိုက်စီမံ အုပ်ချုပ်ခဲ့တာပါ ။အဲ့ဒီအချိန်တုန်းကလဲတပ်မတော်ရဲ့ အာဏာသိမ်းမှုကိုသဘောမတူတဲ့မကြိုက်တဲ့မထောက်ခံတဲ့ပြည်သူ ပြည်သားတွေ အများကြီးရှိခဲ့သလိုနိုင်ငံဝန်ထမ်းတွေလဲသိန်းသန်းမက ရှိခဲ့ပါတယ် ။

အဲ့ဒီအထဲမှာပညာရေးဝန်ထမ်းတွေလဲ ပါခဲ့တာပေါ့ ။ကျွန်တော့်ရဲ့ဆရာတွေ ဆရာမတွေလဲ ပါခဲ့တာပေါ့ဗျာ ။အထူးသဖြင့်ကျွန်တော်တို့မြို့ကNLD ကို အပြည့်အဝ ထောက်ခံပြီးတစ်မြို့လုံးနီးပါးရဲရဲနီတဲ့မြို့ဖြစ်လေတော့ကျွန်တော့်ဆရာဆရာမတွေထဲမှာလဲရဲရဲတောက်တွေဒေါင်ဒေါင်မြည် NLD တွေရှိနေကြလေတော့တပ် မတော်ရဲ့ အာဏာသိမ်းမှုကိုခါးခါးသီးသီး ဆန့်ကျင်သူတွေအများကြီး ရှိနေကြတာပေါ့ ။

ကျွန်တော့်ငယ်ဆရာ ဆရာမတွေကိုအရင်တုန်းကလဲ ချစ်ခဲ့ပါတယ်သံယောဇဉ်ကြီးခဲ့ပါတယ်ကျေးဇူးတင်ခဲ့ပါတယ် ။ဒါပေမဲ့ဒီအချိန်မှာအတိတ်ကိုပြန်တွေးကြည့်လိုက်မိတော့ကျွန်တော့ရဲ့ ငယ်ဆရာဆရာမတွေ အ ပေါ်မှာပိုပြီးကျေးဇူးတင်မိ ချစ်ခင်လာမိသလိုလေးစားတဲ့စိတ်တွေလဲကျွန်တော့် ရင်ထဲမှာ ခံစားမွေးဖွာလာပါတယ် ။

တကယ်လို့များအဲ့ဒီအချိန်တုန်းကတပ်မတော်ရဲ့အာဏာသိမ်းမှုကိုမထောက်ခံတာကြောင့်ဆန့်ကျင်တာကြောင့်ကျွန်တော့်ရဲ့ဆရာဆရာမတွေကကျွန်တော်နဲ့ကျွန်တော့်ရဲ့ သူငယ်ချင်းတသိုက်ကိုစာသင်မပေးကြပဲအခုခေတ်လိုမျိုးCDM သာ လုပ်နေခဲ့ကြမယ်ဆိုရင်ကျွန်တော်အပါအဝင်ကျွန်တော် တို့သူငယ်ချင်းတွေအားလုံး၁၀တန်းအောင်ခွင့် ရကြမှာမဟုတ်ကြသလိုတက္ကသိုလ် တက်ခွင့်လဲ ရကြမှာ မဟုတ်ပါဘူး ။

ဘွဲ့ရပညာတက်တွေလဲဖြစ်လာကြမှာ မဟုတ်ပါဘူး ။ကျွန်တော်လဲ We are geologist ဆိုပြီးကြွေးကြော်ခွင့်မေဂျာတူသူငယ်ချင်းတွေနဲ့ချစ်ခင်ခွင့်ရမှာမဟုတ်ပါဘူး ။ကျွန်တော်ရဲ့ငယ်ဆရာ ဆရာမတွေကတပ်မ တော်ရဲ့အာဏာသိမ်းမှုကိုဆန့်ကျင်တာလက်မခံတာက သက်သက် ။

နိုင်ငံ့ဝန်ထမ်းဆိုတာဘယ်အစိုးရပဲတက်တက်နိုင်ငံ့ဝန်ကိုထမ်းရမယ်ပြည်သူ့ဝန်ကိုထမ်းရမယ်အထူးသဖြင့်ကျောင်းဆရာ ဆရာမဆိုတာတပည့်တွေကို ဆုံးမပဲ့ပြင် စာသင်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့အတွေးကသက်သက်

အဲ့ဒီလိုမျိုးခွဲခြမ်းစိတ်ဖြာဝေဖန်ပိုင်းခြားနိုင်တဲ့အတွေးမျိုးကျွန်တော့်ရဲ့ ငယ်ဆရာ ဆရာမတွေမှာရှိခဲ့ကြလို့သာသူတို့တာဝန်ကိုသူတို့ရဲရဲတင်းတင်းမှန်မှန် ကန်ကန်ထမ်းဆောင်ခဲ့ကြလို့သာကျွန်တော်တို့ သူငယ်ချင်းတသိုက်ပညာတက်တွေ ဖြစ်ခွင့်ရခဲ့တာပါ ။

ဘွဲ့ရလူငယ်တွေ ဖြစ်ခွင့်ရခဲ့ကြတာပါ ။ ကျွန်တော့်ရဲ့ငယ် ဆရာ ဆရာမတွေဆုံးဖြတ်ခဲ့ကြသလိုဘယ်အစိုးရပဲ အုပ်ချုပ် အုပ်ချုပ် အုပ်ချုပ် သူကိုမကြိုက် သည်ဖြစ်စေ မုန်းသည်ဖြစ်စေ ပြည်သူ့ ဝန်ထမ်းဆိုတာကိုယ့်တာဝန်ကို ကျေပွန်ပီးကိုယ့်အလုပ်ကို လုပ်ကြရမှာပါ ။

လက်ရှိအခြေအနေမှာတပ်မတော်ရဲ့ အာဏထိန်းမှုကိုမကြိုက်လို့ရပါတယ်ကန့်ကွက်လို့ရပါတယ်တော်လှန်လို့ရပါတယ်ဖြုတ်ချဖို့ ကြိုးစားလို့ရပါတယ်ပြောင်းလဲ ပစ်ဖို့ကြိုးစားလို့လဲရပါတယ် ။

ဒါပေမဲ့ကိုယ့်အလုပ် ကိုယ့် တာဝန်ကိုသိပြီးကိုယ့် ဝတ္တရားကိုထမ်းဆောင်နေကြတဲ့နိုင်ငံ့ဝန်ထမ်းတွေကိုတော့ CDM လုပ်နေတဲ့ဝန် ထမ်းတွေက အပြစ်တင်တာ အပြစ်မြင်တာအရှက် ခွဲတာရန်သူလိုသဘောထားပြီးတိုက်ခိုက်နေတာက တော့မလုပ်သင့်မလုပ်ထိုက်တဲ့ လုပ်ရပ်မျိုးပါ ။

အဲ့ဒီလိုအခြေအနေမျိုးတွေကိုမြင်နေကြားနေရလေတော့အတိတ်ကိုပြန်တွေးမိပြီးတာဝန်နဲ့နိုင်ငံရေးအစွဲကိုခွဲခြားမြင်တက်ကြတဲ့ကျွန်တော့်ရဲ့ငယ်ဆရာ ဆရာ မတွေအပေါ်ပိုပိုပြီးတော့ကျေးဇူးတင်မိလေးစားမိပါတယ် ခင်ဗျာ ။”

ဆိုပြီးပြောထားတာကို ပရိသတ်တွေ အတွက်ပြန် လည်မျှဝေပေးလိုက်ပါတယ်။ပရိသတ်တွေရဲ့အမြင်တွေကိုလဲပြန်လည်မျှဝေပေးခဲ့ပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *