CDM လုပ်နေတာကို မအောင်မြင်နိုင်ဘူးလို့ ပြောခဲ့မိတဲ့အကြောင်းကို ပြန်လည်တောင်းပန်လာခဲ့တဲ့ အဆိုတော် ယုန်လေး

CDM လုပ်နေတာကို မအောင်မြင်နိုင်ဘူးလို့ ပြောခဲ့မိတဲ့အကြောင်းကို ပြန်လည်တောင်း ပန်လာခဲ့တဲ့ အဆိုတော် ယုန်လေး

ကဲ ပရိတ်သတ်ကြီးရေ အသံဖိုင်က ကျွန်တော့် အသံပါ ဝန်ခံပါတယ်။ ကျွန်တော် တောင်းပန်တယ်ဆိုတဲ့ စကားနဲ့မလုံလောက်ပါဘူး။ ဘယ်လို စကားလုံးမျိုးမှ မရှိဘူးဆိုတာ သိပါတယ် ခင်ဗျာ။

ကျွန်တော့် သူငယ်ချင်း အရင်းတွေကြီးပဲ ရှိတဲ့ Group Chat မှာ အားလုံး ထင်မြင် ချက်ကိုပြောကြပါတယ်။ ကျွန်တော့် ကိုလည်းပြောပါဆိုတဲ့အတွက် လွတ်လွတ် လပ်လပ်ပြောပါဆိုတဲ့အတွက် ကျွန်တော်ပြောမိလိုက်ပါတယ်။

အဲ့ထဲက တစ်ယောက်က လိုက်ဖြန့်လိုက်တာပါ။ မလုပ်သင့်ဘူး။ အရှေ့က သီချင်းကိစ္စထဲက စာသားနဲ့ပြည်သူတွေ ဝိုင်းမုန်းနေတဲ့ အချိန် ကျွန်တော့်ကို လူသတ်ကွင်းထဲ ထပ်ပို့လိုက်တာ အဲ့သူငယ်ချင်း မလုပ်သင့်ဘူးလို့ ထင်ပါတယ်။

ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ တောင်းပန်လည်း ဘယ်သူ့မှ ခွင့်မလွတ်ဘူးဆိုတာ သိပါတယ်။ အကြိမ်ကြိမ်လုပ် အကြိမ်ကြိမ် တောင်းပန်သလိုဖြစ်နေတာလဲ စိတ်ဓာတ်ပိုကျပါတယ်။

ဂီတ သမားတွေကြီးပဲ Group ပရဟိတ Group တခြားနယ်ပယ်အစုံက Group ပေါင်းများစွာကလည်း ကျွန်တော့် သူငယ်ချင်း အရင်းတွေ ညီအစ်ကို မောင်နှစ်မတွေ ရူံ့ချပြောဆိုပြီး Group တွေထဲက ထုတ်ပစ်ကျပါတယ်။ ကျေနပ်စွာ ခံယူပါတယ်ခင်ဗျာ။ ကျွန်တော် အားလုံး ယုံကြည်ချက်ကို ဖျက်စီးတာ မဟုတ်ပါဘူး။

နေ့လည်က ဝန်ထမ်း ညီမလေးတွေ အလုပ်ထွက်တဲ့ Video File လေးတွေ နားထောင်မိပါတယ်။ စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ လိုအပ်တာတွေ တက်နိုင်သလောက် ကူညီဖို့လည်း သူငယ်ချင်းတွေနဲ့ လက်လှမ်း မှီသလောက် စီစဉ်နေပါတယ်။

အလှူနဲ့ မဖုံးပါဘူးလို့လည်း မကျေနပ်ဘူးဆိုတာ နား လည်ပါတယ်။ အခုမှ ဒီစကားပြောတာ မဟုတ်ပါဘူး တကယ်ပါ။ ကျွန်တော် လူစကားမပြောမိတဲ့အတွက် အနူးညွှတ် တောင်းပန်ပါတယ်။

အားလုံး တက်ကြွစွာ လှူပ်ရှားနေတဲ့ အချိန်မကြားချင်တဲ့စကားကို ကျွန်တော့်ဘက်က ထွက်မိတဲ့အတွက် အနူးညွတ်တောင်းပန်ပါတယ်။ Live လွှင့်ကြည့်ပါတယ်။ Line က လုံးဝမကောင်းလို့ပါ။

ကျွန်တော့် Ph ကို ဆက်သမျှ လူတိုင်းကိုလည်း ဖုန်းကိုင်ပြီး တောင်းပန်နေပါတယ် ခင်ဗျာ။

အနုပညာ ဆက်လုပ်လို့လည်း မရတော့ဘူးဆိုတာ ကျွန်တော် သိပါပြီ ခင်ဗျာ။ ကျွန် တော် ကံတော်တော် နိမ့်နေပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း အဆိုတော် ယုံလေးအတွက် အားပေး စကားလေးတွေ ပြောခဲ့ကြပါအုံးနော်။

အချိန်ပေးပြီး ဖတ်ရှု့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးဖြစ်ပါစေ ကျေးဇူးအထူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *