CDM ကာလအတွင်း အခမဲ့ဆေးကုခန်းမှာ ဆေးအကူအဖြစ် ပါဝင်ကူညီမယ့် အဆိုတော် နီနီခင်ဇော်

CDM ကာလအတွင်း အခမဲ့ဆေးကုခန်းမှာ ဆေးအကူအဖြစ် ပါဝင်ကူညီမယ့် အဆိုတော် နီနီခင်ဇော်

ကဲ ပရိတ်သတ်ကြီးရေ Civil Disobedience Movement စစ်အာဏာရှင် ဆန့်ကျင်တိုက်ဖျက်ရေး လှုပ်ရှားမှုကာလအတွင်း ဆေးရုံများသို့ပြသရန် အခက်အခဲရှိသည့်လူနာများအတွက် အခမဲ့ဆေးကုခန်းတွင် ဆေးအကူအဖြစ် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း အ ဆိုတော် နီနီခင်ဇော်မှ ၎င်း၏တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

” နီနီ Medical Practice မလုပ်တာ ၈နှစ်ရှိပါပြီ။ အစိုးရဝန်ထမ်း မဟုတ် ၊ CDM ကိုကိုယ် တိုင် ပါဝင်ခွင့်မရခဲ့လို့ တတ်သိထားတဲ့ပညာနဲ့ CDM ကိုဦးဆုံးပါဝင်ခဲ့တဲ့ ကျွန်မသူငယ် ချင်း Dr.ထွန်းစ ရဲ့ CDMကြောင့် ဆေးရုံ မသွားရတဲ့လူနာတွေ အခမဲ့ကုသ ကူညီပေးနေတဲ့ ဆေးခန်းမှာ ဆေးအကူအဖြစ်သာ ကူညီခွင့်ရခဲ့ပါတယ်။

စကားကြုံတုန်းပြောချင်တာက အနုပညာအလုပ်လုပ်လို့တဲ့ ။ မဆီမဆိုင် တနှစ်တစ်တန်းအောင်ပြီးဘွဲ့ရပါလျှက် ဆေးကုသခွင့်လိုင်စင် ဆမထုတ်မပေးခဲ့တဲ့ ဆေးကောင်စီကိုလည်း တစ်ပါတည်းပြောချင်တာက မြန် မာပြည်တခုထဲမှာပဲရှိတဲ့ မမျှတတဲ့စည်းကမ်းတွေကိုလည်း ပြင်စေချင်ပါပြီ “ဟုရေးသားထားသည်။

အဆိုတော် နီနီခင်ဇော်သည် အမှတ် ( ၃၄၈ ) ၊ မဉ္ဇူလမ်းနှင့် သုမိတ္တာလမ်းထောင့် ၊ ( ၁ ) ရပ်ကွက် ၊ တံတားလေး ဘူတာအနီး ၊ မြောက်ဥက္ကလာပ မြို့နယ်တွင်ရှိသည့်

” ရွှေ ” အထွေထွေရောဂါကု ဆေးခန်းတွင် CDM ကာလအတွင်း တစ်ပတ်လျှင် ၂ ရက်ကူညီပေးသွားမည်ဖြစ်ပြီး ၎င်းဆေးခန်းထိုင်သည့်ရက်များတွင် ဆေးဖိုးဝါးခများကို ဒါနပြုလှူဒါန်းသွားမည် ဖြစ်ကြောင်းသိရသည်။

၎င်းက ဆက်လက်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သည့် ဆရာဝန်များ ၊ CDM ကို Support ပေးသည့် အခမဲ့ ဆေးရုံဆေးခန်းများ နှင့် ဝန်ထမ်းများအားလုံးကို လေးစားဦးညွှတ်လျက် ရှိကြောင်းကိုလည်း ရေးသားဖော်ပြ ထားသည်။ သတင်း – စံတော်ချိန်ဒစ်ဂျစ်တယ်

Add a Comment

Your email address will not be published. Required fields are marked *