Bodyguard လိုချင်ရင် မင်းအုပ်စိုးကို သတိရလိုက်ပါဆိုပြီး အသက်ပါ ရင်းပြီး ဝန်ဆောင်ပေးမယ်လို့ အသိပေးလာခဲ့တဲ့ မင်းအုပ်စိုး

Bodyguard လိုချင်ရင် မင်းအုပ်စိုးကို သတိရလိုက်ပါဆိုပြီး အသက်ပါ ရင်းပြီး ဝန်ဆောင်ပေးမယ်လို့ အသိ ပေးလာခဲ့တဲ့ မင်းအုပ်စိုး

 

မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုး တစ်ယောက် လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ထောင်က လွတ်လာပြီး နောက်ပိုင်း ဆိုရှယ် မီဒီယာထက်တွင် စစ်တပ်ကို ထောက်ခံအားပေးတဲ့ စာပေတွေ ရေးသားနေတာပါ။

သူ့ကိုတော့ ပရိတ်သတ်တွေတင် မဟုတ်ဘဲ အနုပညာသမား အချင်းချင်းတောင် ဝိုင်းဆဲနေကြတာပါ။

ဒီလောက် အပြောခံ နေရတာတောင် လုံးဝ မမှုဘဲ စစ်တပ် ကောင်းကြောင်းတွေကိုသာ ဆက်လက် ရေးသားနေဆဲပါပဲ။

မင်းအုပ်စိုးက သူ့ရဲ့ အမျိုးတစ်ယောက်ကို လူမဆန်စွာ သတ်ခဲ့တာကြောင့် ထောင်ဒဏ်တစ်သက် တစ် ကျွန်းကျခဲ့တာပါ။

ထောင်ထဲမှာ ခြောက်နှစ်ကျော် နေထိုင်လာရပြီးနောက် စစ်ကောင်စီ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာပါ။ လွတ်လာပြီးချိန်မှာလည်း အငြိမ်မနေဘဲ ဆရာကြီးလုပ်ကာ စစ်တပ် ဘက်ကနေ ထောက် ခံနေပြန်ပါပြီ။

အခုလည်း Bodyguard လိုတယ်ဆိုရင်လည်း မင်းအုပ်စိုးကို သတိရလိုက်ပါ ဆိုပြီး ဖုန်းနံပါတ်တွေပါ တင်ပေးလာတာပါ။ မင်းအုပ်စိုးကို သတိရပါ။

မနာလိုတဲ့ သူတွေအပြစ်မြင်ချင်ကြတဲ့ သူတွေကတော့ ဒီစာစုလေးကို ဖတ်ပြီးသွားတဲ့ အချိန်မှာဘာတွေ စ တန့်ထွင်ပြန်ပြီလဲဆိုပြီး မေးငေါ့ကြဦးမှာအတင်း ပြောကြဦးမှာပါ။

အိပ်ရေးပျက်မှာကို စိုးရိမ်မိ ဖုန်မဆက် ပါဘူးဆိုတာကိုလည်း သိနေမိတာမို့ အဲဒါတွေကို ဂရုမစိုက်ဘဲကိုယ်လုပ်ချင်တဲ့ အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုတဲ့အကြောင်း ကျွန်တော်ချစ်ခင်ရတဲ့ သူတွေကို သတင်း စကားပါးလိုက်တာပါ။

အမှန်တကယ်ကတော့ ထောင်မကျခင် အချိန်အထိ အခုလုပ်မယ့် အလုပ်ကိုလုပ်ဖို့ အစီအစဉ်ကျွန်တော့်မှာ မရှိခဲ့ပါဘူး။

ထောင်ကျပြီးတော့ ထောင်ထဲမှာနေ သားလေးနှစ်လောက်ရလာတဲ့ အချိန်မှာတော့ ထောင်အပြင်ကို ပြန်ရောက်ရင်ဒီအလုပ်ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ ခိုင်ခိုင် မာမာကြီးကို ဆုံးဖြတ်ချက် ချထားခဲ့တာပါ။

ဘာအလုပ်လည်းဆိုရင် ချစ်ခင်ရသူတွေ အလွယ် တကူနဲ့ ချက်ချင်းတန်းပြီး သဘောပေါက်သွားအောင် ပြောပြရမယ်ဆိုရင်တော့Transporter ဇာတ်ကားထဲက မင်းသားလုပ်တဲ့ အလုပ်မျိုးပါပဲ။

အဲဒီ့ဇာတ်ကားကိုလည်း မကြည့်ဖူးဘူး ကျွန်တော်လုပ်မယ့်အလုပ်ကိုလည်း အသေးစိတ်ကအစ သိချင်ကြတဲ့သူတွေအတွက် ကျွန်တော့်ဘက်ကလည်း

တိတိ ကျကျ ပြည့်ပြည့်စုံစုံရှင်းပြပေးသွားပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်ကအရေးကြီးတဲ့ အလုပ်တစ်ခု အရင်းအနှီးကြီးတဲ့ အလုပ်တစ်ခုမို့ပါ။

အရင်းအနှီးက ကျွန်တော့်အတွက် ဘယ်လောက်တောင်ကြီးသလဲဆိုရင် ဒီအလုပ်ထဲမှာ အလျော်အစားအဖြစ် ကျွန်တော်ပြန်ပေးရမယ့် အရာတွေက ကျွန်တော့်နာမည်ရယ် ကျွန်တော့်စည်းစိမ်ချမ်းသာရယ် ကျွန်တော့် အသက်ရယ်ဖြစ်နေလို့ပါပဲ။

ဘာကြောင့်များ အဲဒီ့အရာတွေကို ကျွန်တော့်ဘက်က ရင်းနှီးရသလဲဆိုရင် တန်ဖိုးကြီးကြီး ရင်းနှီးမှ တန်ဖိုးကြီးတဲ့ အကျိုးအမြတ်ကို ပြန်ရမှာမို့ပါ။

ထောင်ထဲမှာနေခဲ့တဲ့ ကာလတစ်လျောက် ကျွန်တော်နဲ့ ညီအစ်ကိုအရင်းတွေလို ချစ်ခင်ခဲ့ကြတဲ့ညီတွေ အများကြီးရှိခဲ့ပါတယ်။

ကျွန်တော့်အတွက်ဆိုရင် သူတို့အသက်ကို အသေခံပေးဖို့ ဝန်မလေးကြသလို ကျွန်တော့်အတွက်ဆိုရင် တခြားသူရဲ့အသက်ကို သတ်ပေးဖို့အတွက်လည်း နောက်မတွန့်ကြတဲ့လူစားမျိုးတွေပါ။

အဲဒီ့လိုစိတ်တွေနဲ့ကျွန်တော့်အပေါ်မှာ ကျွန်တော့်ရဲညီတွေက ချစ်ကြ ခင်ကြ သံယောဇဉ်ကြီးကြတာပါ။

ဒါပေမယ့်လည်း ကျွန်တော့်အနေနဲ့ကြတော့ သူတို့တွေရဲ့ကျွန်တော့်အပေါ် ထားရှိတဲ့ချစ်မေတ္တာတွေကို အကျိုးမရှိတဲ့သံသရာမကောင်းတဲ့ သေချင်း သတ်ချင်းတွေအပေါ်မှာ အကျိုးမဲ့ အသုံးမချချင်ပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော့်အပေါ်မှာထားတဲ့သူတို့တွေရဲ့ ချစ်ခြင်းလည်းအကျိုးရှိစေ။

ကျွန်တော်လည်း အလုပ်တစ်ခုကို ဦးစီးဦးဆောင်ပြုပြီး လုပ်ဖြစ်သွားစေဖို့ အတွက် ဒီအလုပ်ကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ထောင်ထဲမှာကတည်းက သံဓိဌာန်ချခဲ့တာပါ။

သူတို့တွေ ကျွန်တော့်အပေါ်ချစ်ရတာလည်း ပိုက်ဆံရကျွန်တော်က သူတို့တွေအပေါ်မှာ ချစ်ရတာလည်း ပိုက်ဆံရနှစ်ဦး နှစ်ဖက်အကျိုးရှိစေမယ့်အလုပ်ပေါ့ဗျာ။ ဒါပေမယ့် အထက်မှာရေးခဲ့သလိုပဲပေါ့။

ကျွန်တော့်အနေနဲ့ကတော့ အဲဒီ့အလုပ်အတွက် ကျွန်တော့်နာမည်ရယ် ကျွန်တော့်စည်းစိမ်ဥစ္စာရယ် ကျွန်တော့်အသက်ရယ်ကို အာမခံအဖြစ် ရင်းနှီးမြုပ်နှံပေးရမှာပေါ့ဗျာ။ ဟုတ်ကဲ့ လိုရင်းကို အတိုချုပ်ပြီးရေးပြပါ့မယ်။

အခုလက်ရှိ အချိန်မှာကျွန်တော်တို့ တိုင်းပြည်ရဲ့ အ ခြေအနေကတစ်နေရာက နေတစ်နေရာကို သွားရင် တောင် လုံခြုံရေးအရ စိတ်ချလို့မရတဲ့အခြေအနေမျိုးပါ။

ဒါတောင်လူချည်းပဲသွားတာကိုပြောတာပါ။ အဖိုးတန် လက်ဝတ်လက်စားတွေများပြားလွန်းတဲ့ ငွေကြေးပမာဏတွေ ကိုယ်ပိုင်ဆိုင်ထားတဲ့ စည်းစိမ် ဥစ္စာတွေထက်ပိုပြီး တန်ဖိုးထားရမယ့် လူတွေနဲ့သာ
ခရီးသွားရမယ်။

ခရီးအဝေးကြီးကို သွားရမယ်။ ရန်ကုန်ကနေအတော်ဝေးတဲ့ ခရီးတစ်ခုကိုသွားကြရမယ်ဆိုရင် ကာယ ကံရှင်တွေအတွက် အင်မတန်မှ အန္တာရယ်များသလို လမ်းခရီးတလျောက်မှာလည်းစိုးတထိတ်ထိတ်နဲ့ ခရီးဆက်နေကြရမှာပါ။

အဲဒါကြောင့်မို့ မိတ်ဆွေတို့အနေနဲ့ အဖိုးတန်လက်ဝတ် လက်စားတွေ တန်ဖိုးကြီးလွန်းတဲ့ ကျောက်မျက် ရတနာတွေများပြားလွန်းတဲ့ ငွေကြေးပမာဏတွေ

ကိုယ်တန်ဖိုးထားချစ်မြတ်နိုးရလွန်းတဲ့ သူတွေကို ရန်ကုန်ကနေ အခြား တစ်နေရာရာကို ပို့ဆောင်ချင်တယ်ဆိုရင် ကိုယ်တိုင်လည်း မသွားချင်ကြဘူးဆိုရင် မင်းအုပ်စိုးကို သတိရလိုက် ပါ။

ခင်ဗျားတို့ပို့ချင်တဲ့ အဖိုးတန် လက်ဝတ်လက်စား တန်ဖိုးကြီးလွန်းတဲ့ကျောက်မျက်ရတနာ များပြားလွန်းတဲ့ ငွေကြေးပမာဏတွေကို အပွန်းအပဲ့ အပျောက်

အရှတစ်ချက်ကလေးမှ မရှိစေရဘဲ ခင်ဗျားတို့ပို့ချင်တဲ့နေရာကို မရောက်ရောက်အောင် ပို့ပေးဖို့အတွက် ကျွန်တော် တာဝန်ယူပါတယ်။

တစ်စုံတစ်ရာ ချွတ်ချော် လွဲမှားသွားခဲ့ရင် ကျွန်တော့်ကို အပ်လိုက်တဲ့ ပစ္စည်းတန်ဖိုးရဲ့ နှစ်ဆကို ကျွန်တော်ပြန်လျော်ပါ့မယ်။

ခင်ဗျားတို့ရဲ့ တန်ဖိုးမဖြတ်နိုင်အောင် ချစ်မြတ်နိုး တွယ်တာ ရလွန်းတဲ့သူတွေကို ပို့ခိုင်းခဲ့လို့ တစ်စုံ တစ်ရာ ချွတ်ချော်လွဲမှားသွားခဲ့ရင်လည်း ကျွန်တော့်အ သက်နဲ့ ကျွန်တော့်ညီတွေရဲ့ အသက်ကို လျော်ကြေးအဖြစ် ပြန်ပေးပါ့မယ်။

အဲဒီ့တော့ တန်ဖိုးကြီးတဲ့အရာတွေကိုရန်ကုန်မြို့ကနေ
တခြားတစ်နေရာရာကို ခင်ဗျားတို့ ကိုယ်တိုင် မသွားချင်ဘဲ ယုံကြည်စိတ်ချရတဲ့ သူနဲ့ ပို့ပေးချင်တယ်ဆိုရင်တော့ မင်းအုပ်စိုးကို သတိရလိုက်ပါ။

အကျိုးဆောင်ခအဖြစ်ကတော့ လက်ဝတ်လက်စားနဲ့ ငွေကြေးတွေဆိုရင် ခင်ဗျားတို့ ပစ္စည်းကို သတ်မှတ်ထားတဲ့ တန် ရာတန်ကြေးရဲ့ ဆယ်ရာခိုင်နှုန်းကိုပေးရပါ့မယ်။

တန်ဖိုးထားမြတ်နိုး တွယ်တာရလွန်းတဲ့ ခင်ဗျားတို့ရဲ့ မိသားစုဝင်တွေကို လိုက်ပို့ပေးရမယ်ဆိုရင်တော့

အဲဒီ လူအပေါ်မှာ ခင်ဗျားထားတဲ့ တန်ဖိုးအပေါ်မူတည်ပြီး အကျိုးဆောင်ခကို ညှိနှိုင်းယူပါ့မယ်။

အဲဒါကြောင့်မို့ ခင်ဗျားရဲ့ တန်ဖိုးရှိတဲ့ အဖိုးတန်လွန်းတဲ့ သက်ရှိ သက်မဲ့အရာတွေကို ရန်ကုန်မြို့ကနေ တဆင့် တစ်ခြားတစ်နေရာရာကို ပို့ဆောင်ချင်တယ်ဆိုရင် မင်းအုပ်စိုးကို သတိရလိုက်ပါဗျာ။

အရေးကြီးဆုံးတစ်ချက်ကတော့ ခင်ဗျားပို့ချင်တဲ့ အရာက တရားဥပဒေနဲ့ လွတ်ကင်းတဲ့ ပစ္စည်းအမျိုးအစားဖြစ်နေဖို့ပါပဲ။

နောက်ထပ် တစ်ချက်က ရန်ကုန်မြို့အတွင်းမှာ ခင် ဗျားအတွက်ပဲ ဖြစ်ဖြစ်ခင်ဗျားတန်ဖိုးထား မြတ်နိုးရလွန်းတဲ့ ခင်ဗျား မိသားစုဝင်တယောက်ယောက်အတွက်ပဲ ဖြစ်ဖြစ်

နာရီပိုင်းသော်လည်းကောင်း ရက်ပိုင်း အရသော် လည်းကောင်း အနားမှာထားဖို့ အတွက် ယုံကြည်စိတ်ချရတဲ့ Bodyguard လိုတယ်ဆိုရင်လည်းvမင်းအုပ်စိုးကို သတိရလိုက်ပါဗျာ။

ခင်ဗျား အတွက် အ ကောင်းဆုံး ဝန်ဆောင်မှုတွေပေးဖို့ ကျွန်တော်နဲ့ကျွန်တော့် ညီတွေ နေ့နေ့ညည အမြဲတမ်းအဆင်သင့်ရှိနေကြပါတယ်။

ကျွန်တော်တို့ ညီအစ်ကိုတွေရဲ့ အလုပ် ဝန်ဆောင်မှုကို စိတ်ဝင်စားတယ်ဆိုရင် ဒီဖုန်းနံပါတ်တွေကို ဆက်လိုက်ပါ။

၀၉ ၅၁၃ ၁၃၅၉ ၀၉ ၅၁၃ ၁၃၉ / ၀၉ ၅၁၃ ၃၁၅၉ / ၀၉ ၅၁၃ ၃၁၉၅ ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *