(၇) နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့လည်း မသိချင်ယောင်ဆောင်လာခဲ့တဲ့ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး

(၇) နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့လည်း မသိချင်ယောင်ဆောင်လာခဲ့တဲ့ ဆိုင်ပိုင်ရှင်အမျိုးသားတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တရုတ်နိုင်ငံ (Zhejiang) ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက အိမ်ရာမဲ့ တစ်ဦးအတွက် နွေးထွေးတဲ့ ကြင် နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများက ချီးကျူး ဂုဏ်ပြု နေလာခဲ့ကြပါတယ်။

သတင်းဖော်ပြချက်အရ အိုးမဲ့ အိမ်မဲ့ အဘိုးတစ်ဦးက လက်ဖြင့် ရေးဆွဲထားတဲ့ ဘဏ်ငွေ စက္ကူအတုတွေကို အသုံးပြုပြီး ခေါက်ဆွဲဝယ် ယူနေခဲ့ပေမဲ့လည်း ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး ၎င်း အဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။

ခေါက်ဆွဲ ဆိုင်ပိုင်ရှင်နဲ့ ဇနီးတို့က ၎င်း အိုး အိမ်မဲ့အဘိုးက သူတို့ရဲ့ဆိုင်မှာ (၇) နှစ်ကြာအထိ ခေါက်ဆွဲဝယ်စားနေခဲ့ပြီး သူတို့ဆိုင် အကြိမ်ပေါင်းများစွာ ပြောင်းရွေ့သွားခဲ့တာတောင် ၎င်း အဘိုးဟာ သူတို့ကို ရအောင်လိုက်ရှာနေခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

 

၎င်း အဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲ ဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် (၂) ယွမ် ( ၄၅၀) ကျပ်ဖြင့် ပေးချေ ဝယ်စားတတ်ပါသေးတယ်။ ဓာတ်ပုံထဲအရ ၎င်း အိုးအိမ်မဲ့အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့ တူအောင် အရောင်စုံပါ ခြယ်ထားပုံပါဘဲ။

ခေါက်ဆွဲ ဆိုင်ပိုင်ရှင်က သူက မသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီး ၎င်း ကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့် ခေါက်ဆွဲကို ဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ပြောပြလာခဲ့ပါတယ်။

အခု အဖြစ်အပျက်ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ သူတို့ဆိုင်ရဲ့စီးပွါးရေး သာယာဝပြောမှုအတွက် ဆန္ဒရှိသူများစွာက ခေါက်ဆွဲဆိုင်ရှင် နဲ့ ဇနီးတို့အား သူတို့ရဲ့ကြင်နာတဲ့ လုပ်ရပ်အတွက် ချီးကျူလာခဲ့ကြပါတယ်။

တစ်ကယ်လည်း တစ်ခါတစ်လေ သေးငယ်တဲ့ ကြင်နာမှုလုပ်ရပ်က ဒီလောကကြီးမှာရှိတဲ့ အခြားလူတစ်ယောက်အတွက်တော့ ကြီးမားတဲ့ ခြားနားချက်ကို ဖြစ်စေနိုင်ပါတယ်။ ပရိတ်သတ်ကြီးအားလုံးလည်း ထင် မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *