(၄) လကျော် (၅) လနီးပါး ကြာမြင့်နေပြီ ဖြစ်တာကြောင့် ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ခင်စံပယ်ဦး

(၄) လကျော် (၅) လနီးပါး ကြာမြင့်နေပြီ ဖြစ်တာကြောင့် ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ်ဆိုတဲ့ ခင်စံပယ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ (၄) လ ကျော်ကြာ မြင့်ခဲ့ပြီ ဖြစ်တဲ့ ဒီလှုပ်ရှားမှုကြီးက ခုဆိုရင် ပြည်သူ လူထုပါ မကျန်အနုပညာရှင် တွေအားလုံးက အတိုက် အခိုက် အန္တရာယ်တွေ ခက်ခဲမှု တွေခြိမ်းခြောက် မှုတွေနဲ့ကြုံတွေ့ နေရပေမယ့် နောက်မဆုတ် ဘဲရှေ့ ဆက် လှမ်းကာ အားတတ်သရော ရရာ နေရာကနေ တက်နိုင်သလောက် ပါဝင်နေကြဆဲပါ။

အနုပညာ ရှင်များကလည်း ပြည်သူတွေနဲ့ အတူရပ် တည်ပြီး လမ်းမပေါ် ထွက်ကာ လှုပ်ရှားမှုတွေ ပြုလုပ်သလို လိုအပ်တဲ့ ပစ္စည်းတွေနဲ့အစား အသောက်အပြင် ခုဆိုရင် ကျဆုံး သွားတဲ့ သူရဲကောင်းလေးတွေကို လည်းကူငွေတွေ လှူဒါန်း ခဲ့တာကြောင့် ပြည်သူ အားလုံးက လေးစား နေရတာပါ။

ဒါ့ အပြင် သူတို့ရဲ့ သိန်းချီတဲ့ Follower တွေကို အ သုံးချပြီး နိုင်ငံ တကာသိအောင် မှန်ကန်တဲ့သတင်း အချက် အလက် တွေကို လည်းအချိန် နဲ့ တစ်ပြေးညီ ဖြစ်ပျက် သမျှ အားလုံး ကိုဖော်ပြ ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အားကြိုးမာန်တတ် ပါဝင်ကြတဲ့ အနု ပညာရှင်တွေထဲမှာ အန်ကယ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် လူမင်းလည်းပါဝင်ခဲ့ပါတယ်။

ခုဆိုရင် လူမင်းက CDM မှာ ပါဝင်ရန် ဝန်ထမ်းတွေကို နှိုးဆော် ပေးခဲ့တာကြောင့် ထိန်းသိမ်းခံ ထားရ တာလည်းဖြစ်ပါတယ်။ အားလုံးက လူမင်းနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်နေ ကြတာလည်း အမှန်ပါပဲ။

အခုလည်း ဇနီးဖြစ်သူ ခင်စံပယ်ဦးက ခင်ပွန်းအတွက် အရမ်း စိုးရိမ် ပူပန်ပြီး နေ့စဉ် နေ့တိုင်း မျက်ရည် ကျနေရကြောင်းကို ယောက်ျားအတွက် စိတ်ပူပြီး ငိုရ လွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ် ဒါပေမယ့် လည်း မယိုင်လဲ သွားအောင် ကြိုးစားပြီး အား တင်း ထားပါတယ် ဆိုပြီး

ရင်ဖွင့် ရေးသား ဖော်ပြခဲ့တာကို ပရိတ်သတ်တွေအတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *