(၃) ဘာသာ အမှတ်ကောင်းရုံနဲ့ ဆေးကျောင်း တက်ခွင့် ထောက်ပံ့ ပေးမည်ဟု နစက ဥက္ကဌပြောကြား

(၃) ဘာသာ အမှတ်ကောင်းရုံနဲ့ ဆေးကျောင်း တက်ခွင့် ထောက်ပံ့ ပေးမည်ဟု နစက ဥက္ကဌပြောကြား

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများမှစ၍ အင်္ဂလိပ်၊ဓာတု၊ဇီဝ ရမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်ဖြေဆိုခိုင်းပြီး တက်ရောက်ခွင့်ပြုမည်ဟု စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက် ယမန်နေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ကောင်စီဥက္ကဌက ၎င်း ၏ကောင်စီဝင်များအား ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်မီဒီယာများ၏ ထုတ်ပြန်ချက် အရ သိရသည်။

ယင်းကဲ့သို့ ဆေးကျောင်းတက်ရောက်ခွင့်ပြုပြီးနောက် ဆရာဝန်ဖြစ်ပြီးပါက အစိုးရဆေးရုံများတွင် အနည်း ဆုံး ၁၀ နှစ် တာဝန် ထမ်းဆောင်ပါမည်ဆိုသည့် ခံဝန်ကတိပြုသတ်မှတ်ချက်တွင် လက်မှတ်ရေးထိုးရပြီးမှ တက်ရောက်ခွင့်ပြုမည် ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးတက္ကသိုလ်အသီးသီးမှ ဆရာဝန် ဖြစ်ခဲ့သူအများအပြားရှိသော်လည်း အစိုးရဆေးရုံများတွင် တာဝန်ထမ်းဆောင်သူနည်းပါးနေ သောကြောင့် ယင်းကဲ့သို့စီစဉ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆေးတက္ကသိုလ်ဝင်ခွင့်အား ယခင်သတ်မှတ်ချက်များအရ တက္ကသိုလ်ဝင်တန်းအမှတ်စုစု ပေါင်းဖြင့်သာဝင်ခွင့်ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်အောင် မြင်သည့်သူများမှစ၍ အင်္ဂလိပ် ဓာတု ဇီဝ ဘာ သာရမှတ်ကောင်းသူများ လည်းဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မည်ဖြစ် ကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ ရက်နေ့မှစတင်၍ စာသင်ကျောင်းများအားလုံးပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် သင်ရိုးများပြီးမြောက်နိုင်ရေး စနေ နေ့အပါ တပတ်လျှင် ၆ ရက် ကျောင်းဖွင့်သင် ကြားနေပြီး ၅ လအကြာ ၂၀၂၂ ခုနှစ်၊ဧပြီလဆန်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသွားမည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင် းသား ကျောင်းသူတွေအတွက် လက်လှမ်းမီပါဝင်ဖြေဆိုနိုင်မယ့် အစီအစဉ်တွေကို ဆွေးနွေးဆောင်ရွက်နေပြီး စစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနက ပြုလုပ်မယ့် တက္ကသိုလ်ဝင်တန်း စာပေးပွဲရလဒ်တွေကို ဖက်ဒရယ်ပညာရေးစနစ်နဲ့ အကောင်အထည် ဖော်မယ့် တက္ကသိုလ်၊ ကောလိပ်နဲ့ ကျောင်းတွေမှာ အသိအမှတ် ပြုလက်ခံမှာမဟုတ်ကြောင်း ဒီကနေ့ နိုဝင်ဘာလ ၁၅ ရက်မှာ NUG က ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ စစ်ကောင်စီအနေနဲ့ လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာစာမေးပွဲဖြေဆိုဖို့စာရင်း မပေးသွင်းတဲ့ ကျောင်းသူကျောင်းသားတွေကို နောက်နှစ်တွေမှာ စာမေးပွဲဖြေဆိုခွင့်မပြုဘူးဆိုတဲ့ သတင်းတွေထွက်ပေါ်နေပြီး ဒါတွေကိုလည်း စိုးရိမ်ဖို့မလိုကြောင်း NUG ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *