(၃၁)နှစ်ပြည့် မွေးနေ့လေးကို အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတဲ့ အဆိုတော် ပိုပို

(၃၁)နှစ်ပြည့် မွေးနေ့လေးကို အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတဲ့ အဆိုတော် ပိုပို

ပရိသတ်ကြီးရေ အဆိုတော်ပိုပို ကတော့သူမရဲ့မွေးနေ့လေးကို အကျဥ်းထောင်ထဲမှာ ပဲဖမ်းဆီးခံရင်းကုန်ဆုံးခဲ့ရပါတယ်။

ပိုပိုရဲ့သူငယ်ချင်းတွေကလဲ အလှူအတန်း တွေသူမအတွက်ပြုလုပ်ပေးရင်း အမြန်ဆုံးလွတ် မြောက်နိုင်ပါစေလို့ ဆုတောင်းပေးထား တာကိုလဲတွေ့ရပါတယ်။

အဆိုတော် ပိုပို အခြေနေမကောင်းဟု သိရပါတယ်။

ထောင်ထဲ မှာလဲ လက်သုံးချောင်း ထောင်ပီး ဒို့အရေး သီချင်းတွေအော်ဆိုနေတယ် လို့သိရပါတယ်။

စိတ္တဇတွေ ဖြစ်ပြီး ရူးကြောင်ကြောင် ဖြစ်နေ တယ်လို့ လဲ သိရပါတယ်။

ထောင်ဝန်ထမ်း ရဲတွေကလဲ နောက်လုပ်ဦးမလား ပြောဦးမလား မေးရင် လုပ်မယ်ပြောလို့ အရိုက်ခံ တာလဲ မနည်းတော့ဘူးလို့ သိရပါတယ်။

ပိုပိုရဲ့ သတင်း လေးများ သိတဲ့ သူရှိရင် မန့်ခဲ့ပေး ကြပါဦးနော် သိရ သလောက်လေး တင်ပြရတာပဲ ဖြစ်ပါတယ် ။

လှုပ်ရှားမှုတွေကို တက်ကြွစွာလုပ်ဆောင်တာတွေကြောင့် ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမွာ အဆိုတော် ပိုပိုကလည်း ပါဝင်လာပြီး အဆိုတော် ပိုပို ကို ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆို ခံခဲ့တာ ဖြစ်ပါတယ်။

ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(က)နှင့် အမှုဖွင့်ခံထားရသည့် အဆိုတော်ပိုပိုအား (ဧပြီ ၁၅ ရက်) ညနေ ၃ နာရီခန့်က ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ နေ အိမ်တွင်ဖမ်းဆီးခံလိုက်ရဝာပဲဖြစ်ပါတယ်။

အဆိုတော်ပိုပိုအား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅ (က) ဖြင့် အမှုဖွင့်ထားကြောင်းကို ဧပြီလ(၂)ရက်နေ့က ကြေညာထားရှိပြီးနောက် ဧပြီလ၁၅ရက်နေ့တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုတော် ပိုပိုကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူး ပေါင်းပါဝင်နေသူ တစ်ဦး ဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ မားမား မတ်မတ်ရပ်တည်ပေးနေသူဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေ အားလုံးက ဂုဏ်ယူနေကြတာပါ။

ဖေဖော်ဝါရီလအစကတည်းမှစပြီး ရင်ထဲကဆန္ဒအမှန်တွေကို ထုတ်ဖော်နေရုံတင်မကဘဲ လမ်းပေါ်ထွက်ကာ အမှန်တရားဘက်ကနေ ရပ်တည်နေကြတဲ့ ပြည်သူ

တွေအတွက် သူငယ်ချင်းများနဲ့ စုပေါင်းကာစားစရာ၊သောက်စရာများလည်း လှူဒါန်းခဲ့တာတွေကို မြင်တွေ့ခဲ့ကြရမှာပါနော်။

ပရိသတ်ကြီးလဲ ပိုပိုအတွက် ဆု တောင်းပေး ခဲ့ကြပါအုံးနော်။ credit

Add a Comment

Your email address will not be published. Required fields are marked *