(၃)မိုင်ခရီးကို စက်ဘီးနင်းပြီး မေ့ကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကို ပြန်ပေးပြီးနောက် ကားအသစ်ကြီးလက်ဆောင်ပြန်ရခဲ့တဲ့ အမျိုသားတစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

(၃) မိုင်ခရီးကို စက်ဘီးနင်းပြီး မေ့ကျန်ခဲ့တဲ့ပိုက်ဆံအိတ်ကို ပြန်ပေးပြီးနောက် ကားအသစ်ကြီးလက်ဆောင်ပြန်ရခဲ့တဲ့ အမျိုသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ လုံခြုံရေးအစောင့် တစ်ဦးက အမျိုးသမီး တစ်ဦးရဲ့ ပိုက်ဆံအိတ်ကို ပြန်ပေးဖို့ မိုင်ပေါင်းများစွာ စက်ဘီးနှင်းခဲ့ပြီးနောက် ကားတစ်စီးနဲ့ လူအများရဲ့ ချစ်ခင်ခြင်းကို ခံစားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံ (Hawaii) ပြည်နယ်ရှိ (Foodland) ကုန်စုံဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် (၂၂) နှစ် အရွယ် Aina Townsend အမည်ရှိတဲ့ ၎င်း လုံခြုံရေးအစောင့်က ဈေးဝယ်လှည်းပေါ်က ပိုက်ဆံအိတ်တစ်ခုကို ရှာတွေ့ခဲ့ပြီး သူမှန်တာကိုလုပ်ဖို့ အလုပ်ချိန်ပြီးတာနဲ့ ပြန်ပို့ပေးဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။

သူက ပိုက်ဆံအိတ်ပိုင်ရှင်ဖြစ်တဲ့ Chloe Marino ရဲ့လိပ်စာသို့ စက်ဘီးဖြင့် (၃) မိုင်ခရီးနှင်ခဲ့ပြီး တောင်ကုန်းမြင့်တွေကြောင့် သူ့အား (၁) နာရီအချိန်ကြာသွားစေလာခဲ့ပါတယ်။

(၅) လအရွယ်ကလေးနဲ့ အလျင် အမြန်ဈေးဝယ်ထွက်နေခဲ့တဲ့ Marino ကလည်း သူမ ပိုက်ဆံအိတ်ပျောက်နေမှန်းမသိခဲ့ဘဲ Townsend တံခါးလာခေါက်မှ သူမအဖြစ်ကို သိခဲ့ရပြီးသူက အရမ်းကို အံ့ဩစရာကောင်းတဲ့သူစိမ်းတစ်ယောက်ပါ။ ကျွန်မက ပိုက်ဆံအိတ်ပျောက်နေမှန်းတောင်မသိခဲ့ဘူးလို့ ပြောပြလာခဲ့ပါတယ်။

Marino ရဲ့ခင်ပွန်းဖြစ်တဲ့ Grayဟာ ထိုအချိန်မှာ Townsend အားဆုချမယ်လို့ ဆိုခဲ့ပေမဲ့ သူက အပြတ်ကို ငြင်းနေခဲ့ပြီး no no no ကျွန်တော်မလိုချင်ပါဘူး။ ခင်ဗျားတို့ရဲ့ ပစ္စည်းကိုပြန်ပေးချင်ရုံပါလို့ ပြောပြလာခဲ့ပါတယ်။ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာ Gray က Townsend အကြောင်းကို social media မှာမျှဝေလာခဲ့ပြီးနောက် လူအများကလည်း ချီးကျူးလာခဲ့ကြပါတယ်။

ရိုသားတဲ့Townsend ရဲ့သူငယ်ချင်း တစ်ယောက်က Townsendအတွက် ကားအသစ်တစ်စီး လက်ဆောင်ပေးဖို့ Facebook မှာ group ဖွဲ့ပြီး ရန်ပုံငွေရှာပြီး ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ Gray တို့ရဲ့မိသားစုပုံနဲ့အတူ ကားအသစ် တစ်စီးပုံကို သူတို့နဲ့ လူအများက သဘော ကောင်းကြင်နာတတ်တဲ့ Townsend အတွက် ကားအသစ်တစ်စီးဝယ်ပေးခဲ့တယ်လို့ social media ပေါ်မျှဝေလာခဲ့ပြီး Townsend က ၎င်းသတင်းကို မြင်တော့ ထီဆုကြီးပေါက်သလို ခံစားလာခဲ့ရပါတယ်။

တစ်ကယ်တော့ Townsendက စက်ဘီးစီးပြီး အသက်မွေးဝမ်းကျောင်းပြုလာတာ (၅) နှစ်ကြာနေခဲ့ပါပြီ။ ဒီကားက ကျွန်တော်မောင်းဖို့အတွက် တင်မဟုတ်ဘဲ ကျွန်တော့် မိသားစုတွေအတွက်ပါ အများကြီးအကျုံးဝင်စေမှာပါလို့ လူအများအား ကျေးဇူးတင်ကြောင်း ပြောပြလာခဲ့ပါတယ်။

ထို့နောက် Townsend က new year လက် ဆောင်အဖြစ် (2017) VW Jetta ကားတစ်စီးကို လက်ခံရရှိလာခဲ့ပါတော့တယ်။ သူငယ် ချင်းဖြစ်သူက ရရှိခဲ့တဲ့ ရန်ပုံငွေအပိုတွေကို လိုအပ်တဲ့နေရာမှာ လှူဒါန်းသွားမယ်ဖြစ် ကြောင်းလည်း ပြောလာခဲ့ပါသေးတယ်။

ကောင်းတာလုပ်ရင် တစ်ကယ်လည်း ကောင်းတာဘဲဖြစ်နေမှာပါဗျာ။ ပရိတ်သတ်ကြီးအားလုံးလည်း အဆိုပါအမျိုးသားရဲ့ စိတ်ဓာတ်လေးကို လေးစားမိကြမယ်လို့ ထင်ပါတယ်။

ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *