(၂) နှစ်ခွဲအရွယ် ကလေးလေးကွယ်လွန်ရာ လူ့အသက်ငါးချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ ကလေး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

(၂) နှစ်ခွဲအရွယ် ကလေးလေးကွယ်လွန်ရာ လူ့အသက်ငါးချောင်းကို ကယ်တင်နိုင်ခဲ့တဲ့ ကလေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အိန္ဒိယမှာ နှစ်နှစ်ခွဲ အရွယ် ကလေးလေးဆုံးသွားပြီးတော့ သူက လူ့အသက် ငါးချောင်းကို သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေနဲ့ ကယ်တင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

၎င်း ကလေးလေးက အိမ်နီး ချင်းအိမ်ကို ရောက်နေတုန်း ဒုတိယ ထပ်ဝရန်တာက နေပြုတ်ကျသွားတာလို့ သိရပါတယ်။ ကလေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ ဦးနှောက်သွေးယိုနေပြီးတော့ ရောင်လည်း ရောင်ရမ်းနေတာတွေ့ရတယ်လို့ ဆရာဝန်တွေက ပြောပြလာခဲ့ပါတယ်။

ဒီဇင်ဘာလ (၁၄) ရက်အရောက်မှာတော့ ကလေးက ဦးနှောက်သေနေပြီလို့ ဆရာဝန်တွေကပြောပြလာခဲ့ပါတယ်။ ကလေးရဲ့ မိဘတွေဟာ သဘောတူတာကြောင့် ကလေးရဲ့ နှလုံး အသည်း အဆုတ်တွေ ကျောက်ကပ်တွေနဲ့မျက်လုံးတွေကို လိုအပ်နေတဲ့ လူနာ တွေဆီ လှူဒါန်းလာခဲ့ပါတယ်။

ကလေးရဲ့ နှလုံးနဲ့အဆုတ်တွေကို ချန် နိုင်းမြို့ကို မိနစ် (၁၆၀) အတွင်း အရောက်ပို့ပြီးတော့ ချန်နိုင်းဆေးရုံက လေးနှစ် အရွယ်ကလေးကို နှလုံး နောက်ထပ် လေးနှစ် အရွယ်ကလေးကို အဆုတ်တွေ လှူလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကလေးဦးနှောက် သေသွားပြီပြောတော့ မိဘတွေမှာ နှလုံးသည်း ပွတ်ကြေကွဲရတာပေါ့။ သို့ပေမဲ့လည်း ဆေးပညာအရ ကလေးကသေနေပြီ ဒီထက်ကြာကြာ ထပ်စောင့်ရင် ကိုယ်တွင်း အင်္ဂါ တွေကို သုံးလို့ရမှာမဟုတ်တော့ဘူး ဆိုပြီးမိဘတွေကို ရှင်းပြလိုက်တဲ့အခါ မိဘတွေက ကလေးရဲ့ကိုယ်တွင်း အင်္ဂါတွေကိုလှူလိုက်ဖို့ ဆုံးဖြတ်လိုက်တယ် လို့ဆရာဝန်က ပြောပြလာခဲ့ပါတယ်။

အဆုတ် တစ်ခုကို အသက် (၁၃) နှစ်သမီးလေးကို လှူလိုက်ပြီးတော့ နောက်တစ်ခုကို (၁၇) နှစ်သမီးလေးကို လှူတန်းလာခဲ့ပါတယ်။ အသည်းကိုတော့ နှစ် နှစ်သမီးလေးတစ်ယောက်ကို လှူလိုက်တာဘဲ ဖြစ်ပါတယ်။

ကလေးလဲ ကောင်းရာ ဘုံဘဝကို ရောက်ရှိပါစေ။ ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း ကလေးအတွက် ဆုမွန်ကောင်းတောင်းပေးကြပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ ဖြစ်ပါစေ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *