၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြေဆိုဖို့ လျှောက် လွှာတွေ တင်နိုင်ပြီဖြစ်ကြောင်း SAC ထုတ်ပြန်ခဲ့

၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်ခွင့် စာမေးပွဲ ဖြေဆိုဖို့ လျှောက် လွှာတွေ တင်နိုင်ပြီဖြစ်ကြောင်း SAC ထုတ်ပြန်ခဲ့

ကဲ ပရိတ်သတ်ကြီးရေ ရန်ကုန် နိုဝင်ဘာလ ၁၁ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုဖို့ နိုဝင်ဘာလ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း

လျှောက်လွှာတွေ တင်နိုင်ပြီ ဖြစ်ကြောင်း SAC လက် အောက်ခံ ပညာရေး ဝန်ကြီးဌာန မြန်မာ စာစစ်ဦးစီးဌာနက ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

စာမေးဖြေဆိုဖို့ လျှောက်လွှာတင်သွင်းရာမှာ ဘာသာတွဲ အမှတ်စဉ် ၁ ၅ ၆ ၇ ၈ ဖြေဆိုမယ့် သူတွေက အ စိမ်းရောင် လျှောက်လွှာ ကတ်ပြားပုံစံတို့နဲ့

လျှောက်ရမှာဖြစ်ပြီး ဘာသာတွဲ အမှတ်စဉ် ၂ ၃ ၄ ဖြေဆိုမယ့် သူတွေကတော့ ပန်းရောင်လျှောက်ထားခွင့် လျှောက်လွှာ ကတ်ပြားတို့နဲ့ လျှောက်ရမှာဖြစ်ပါတယ်။

ကျောင်း အသီးသီးက လျှောက်လွှာတင်မယ့် ကျောင်း သား ကျောင်းသူတွေ အတွက် သက်ဆိုင်ရာ ကျောင်း အုပ်ကြီးတွေကနေ ငွေ ၂၀၀ ကျပ်တန် လျှောက်လွှာနဲ့ စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်

ကောင်းတွေ ဝယ်ယူပြီး လျှောက်လွှာ တစ်စောင်မှာ တံဆိပ်တစ်ခု ကပ်ထားတဲ့ လျှောက် လွှာတွေကို စုပြီး မြန်မာ စာစစ်ဦးစီဌာနကို သတ်မှတ်ရက်အတွင်း ပို့ပေးရမှာ ဖြစ်ပါတယ်။

အပြင်ဖြေမယ့်သူတွေ အနေနဲ့လည်း လျှောက်လွှာနဲ့ တံဆိပ်ကောင်းတွေ ဝယ်ယူပြီး နေထိုင်တဲ့ မြို့နယ်တွေမှာရှိတဲ့ မြို့နယ် ပညာရေးမှူးရုံးတွေကို ပေးပို့လျှောက်

ထားရမှာ ဖြစ်ပြီး သတ်မှတ်ရက်ကို ကျော်လွန်ပြီး လျှောက်တဲ့သူတွေကို ဖြေဆိုခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကျောင်းဖွင့်ဖို့ ကျန်နေတဲ့ တိုင်းနဲ့ ပြည်နယ် ၉ ခုမှာရှိတဲ့ မြို့နယ် ၄၆ မြို့နယ်က ကျောင်းသား ကျောင်းသူတွေနဲ့ ပြင်ပ ဖြေဆိုမယ့်သူတွေ အတွက် လျှောက်လွှာ

ရောင်းချခြင်းနဲ့ ပြန်လည် ပေးပို့ခြင်းတို့ကို သတ်မှတ်ရက် တိုးမြှင့်ဆောင်ရွက်ပေးမယ်လို့လည်း ထည့်သွင်း ထုတ်ပြန်ထားပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *