(၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်:စာမေးပွဲဖြေဆိုသူများရဲ့ အမှတ်စာရင်းကို (Website) တွင် အခမဲ့ကြည့်ရှုနိုင်မဲ့ အစီအစဉ် အသိပေးကြေညာ

(၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်:စာမေးပွဲဖြေဆိုသူများရဲ့ အမှတ်စာရင်းကို (Website) တွင် အခမဲ့ကြည့်ရှုနိုင်မဲ့ အစီအစဉ် အသိ ပေးကြေညာ

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ကိုဗစ်ကပ် ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် (၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများရဲ့အမှတ်စာရင်းကို (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၆) နာရီမှစတင်ပြီးတော့ (Website) တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းအား အသိပေးကြေညာ လိုက်ပါတယ်လို့ သိရပါတယ်။

ကျောင်းသား ကျောင်းသူများ အနေနဲ့ https:// mmexamscore.org တွင် ဝင်ရောက်ပြီးတော့ မိမိရဲ့ ခုံအမှတ်နှင့် မွေး သက္ကရာဇ် (ရက် လ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်ပြီးတော့ မိမိတို့ရဲ့ အမှတ် စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ပါတယ်လို့ သိရပါတယ်။

ရုံးများသို့ လာရောက်လျှောက်ထားခြင်း မပြုရန် မေ တ္တာရပ်ခံပါကြောင်းနဲ့ အမှတ် စာရင်းထုတ် ပေးမည် မဟုတ်ပါကြောင်းကို ကိုဗစ် ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အ ခြေအနေအရ အမှတ်စာရင်းများကို ထုတ် ပေးမည့်အစီ အစဉ်အား ကြိုတင် အသိပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦး စီးဌာနမှ ထုတ်ပြန်ကြေညာထားတာခဲ့တာ ဘဲဖြစ်ပါတယ်။

အမှတ် စာရင်းကြည့်ရှုနည်း လမ်းညွှန် ရုပ်သံဖိုင်ကို မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနရဲ့ (Website) နှင့် Facebook Page ဖြစ်သော https:// mmexamscore.org နှင့် https:// www.facebook.com/ exams.mm တို့တွင် (၂၀၂၁) ခုနှစ် ဇန်နဝါရီလ (၁၄) ရက်နေ့မှစ၍ ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာထားတာပဲ ဖြစ်ပါတယ်။ Source ; MDN Photo Credit – Department of Myanmar Examinations

Tags:

Add a Comment

Your email address will not be published. Required fields are marked *