(၁၈) နှစ်ပြည့် Anniversary လေးမှာ မိသားစုနဲ့အတူရှိခွင့်ရတဲ့ အတွက် အရာရာကို ကျေးဇူးတင်ပါတယ်လို့ ပြောလာခဲ့တဲ့ အာဇာနည်

(၁၈) နှစ်ပြည့် Anniversary လေးမှာ မိသားစုနဲ့အတူရှိခွင့်ရတဲ့ အတွက် အရာရာကို ကျေးဇူးတင်ပါတယ်လို့ ပြောလာခဲ့တဲ့ အာဇာနည်

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အာဇာနည်လို့ ဆိုလိုက်ရင် အသံ ပါဝါ ကောင်းကောင်းနဲ့ အနုပညာ လမ်းကြောင်းပေါ်မှာ ၁၀ စုနှစ်မက ရပ်တည် လာခဲ့တဲ့ အဆိုတော် တစ်ဦးဆိုလည်း မမှားပါဘူး။

အာဇာနည်က တေးသီချင်း Album ပေါင်းများစွာကို ထွက်ရှိခဲ့ပြီး IC အဖွဲ့မှာလည်း အဖွဲ့ဝင် တစ်ဦးဖြစ် တဲ့ အပြင် ပရိတ်သတ်တွေ အားပေး ကြမ်းနေတဲ့ အနု ပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

အာဇာနည်က သားလေး ၂ ယောက်နဲ့ အတူ သမီးလေး တစ်ယောက်ကို ပိုင်ဆိုင် ထားတာကြောင့် သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ယောက် ပဲဖြစ်ပါတယ်။

အာဇာနည်က မြန်မာပြည်ရဲ့ ခုလက်ရှိ အခြေ အနေမှာလည်း ပြည်သူနဲ့ အတူ လမ်းပေါ်ထွက်ကာ တစ်သား တည်း ရပ်တည်ခဲ့သူပဲ ဖြစ်ပါတယ်။

တွယ်တာစရာ မိသားစု နှောင်ကြိုးတွေ ရှိနေပေမယ့်လည်း အမှန် တရား ဘက်က ရပ်တည်ပြီး အခုလို တိုက်ပွဲ ဝင်ခဲ့တာ ပဲဖြစ်ပါတယ်။

အာဇာနည်က တော်လှန်ရေး တိုက်ပွဲကြီးမှာ ရဲရဲ ရင့်ရင့်နဲ့ အင်တိုက် အားတိုက် ပြုလုပ်တာကြောင့် ၅၀၅ က နဲ့ အမှုဖွင့် အရေးယူခြင်း ခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။

လတ်တလောမှာ အခက် အခဲတွေနဲ့ အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်း ခိုနေရသူလည်း ဖြစ်ပါတယ်။

အောက်တို ဘာလ (၂၇) ရက်က အာဇာနည်တို့ ဇနီး မောင်နှံရဲ့ မင်္ဂလာ သက်တမ်း (၁၈) နှစ်ပြည့်တဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

အာဇာနည်က Anniversary နေ့လေးမှာ သူချစ်ရတဲ့ ဇနီးချောလေးရယ် သားလေးတွေရယ် သမီးလေးရယ်နဲ့ အတူတူရှိနေခွင့် ရတဲ့အတွက် ကျေးဇူးတင်ပြီး ဝမ်း သာ ပီတိဖြစ်နေတာပဲ ဖြစ်ပါတယ်။

အာဇာနည်က သူတို့ မိသားစု ပုံလေးတွေနဲ့အတူ (၁၈) နှစ်ပြည့်ခဲ့ပြီ ဒီနေ့ဒီအချိန် ဒီရက်မှာ မိသားစု တူတူ ရှိနေခွင့်ရတဲ့ အတွက် အရာရာကို ကျေးဇူးတင်ပါတယ် ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှ တဆင့် ရေး သား ထားတာ ပဲဖြစ်ပါတယ်။

သူ့ရဲ့ ပရိတ်သတ်တွေကလည်းHappy Anniversary ပါကိုအာဇာနည် ချစ်တဲ့ မိသားစုနဲ့ အတူ ပျော်ရွှင်ဖွယ် နေ့ရက်ပေါင်းများစွာကို ပိုင်ဆိုင် နိုင်ပါစေဆိုပြီး ဆု တောင်း ပေးထားကြပါသေးတယ်။

ပရိတ်သတ်တွေ အတွက် ပြန်လည် တင်ဆက် ပေး လိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *