(၁၀) လသားအရွယ်ကလေးအား အသည်းလှူဒါန်းပေးဖို့ မိုင် (၂၀၀၀) ခရီးနှင်လာခဲ့တဲ့ အဘိုး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

(၁၀) လသားအရွယ်ကလေးအား အသည်းလှူဒါန်းပေးဖို့ မိုင် (၂၀၀၀) ခရီးနှင်လာခဲ့တဲ့ အဘိုး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ Jacob Cooper အမည်ရှိတဲ့ (၁၀) လသား အရွယ်ကလေး ငယ်လေးက biliary atresia လို့ခေါ်တဲ့ ရှားပါးပြီးအန္တရာယ်များတဲ့ အသည်းရောဂါနဲ့မွေးဖွားလာခဲ့ပါတယ်။

Jacobက California နိုင်ငံ Los Angeles မြို့ရှိကလေးဆေးရုံမှာ အစားထိုး ခွဲစိတ်ကုသမှုအတွက် တောင့်ခံနေခဲ့ရပါတယ်။ ဆရာဝန်များက Jacob ရဲ့မိဘတွေဖြစ်တဲ့ Chad နှင့် Aileen တို့အား သူအသက် ရှင်နိုင်ရန်အတွက် အသည်းအစားထိုး ကုသမှုလိုအပ်ကြောင်း ပြောကြားလာခဲ့ပါတယ်။

Jacobက Biliary atresia ရောဂါအပြင် အသက် ရှူလမ်းကြောင်းက ရောဂါကူးစက်မှုကြောင့် သူ့ရဲ့ ကျန်းမားရေး အခြေအနေက ကျဆင်းပြီး အတော်လေး ဆိုးရွားလာခဲ့ပါတယ်။ ဖခင်ဖြစ်တဲ့ Chadက သားဖြစ်သူကို သူ့အသည်းပေးဖို့ တွန့်ဆုတ် မနေခဲ့ပေမဲ့လည်း အသည်းက Jacob နှင့်မကိုက်ညီခဲ့သလို မိခင်ဖြစ်တဲ့ Aileen နဲ့လည်း မကိုက်ညီနေခဲ့ပါဘူး။

ဝမ်းနည်း ကြေကွဲနေတဲ့ မိဘများက စတင်ပြီး ထိတ်လန့်တုန်လှုပ်နေလာခဲ့ကြပါတယ်။ Jacob အတွက် အသက်အန္တရာယ်ရှိတာကြောင့် ဆရာဝန်တွေကလည်း အတတ်နိုင်ဆုံး အလှူရှင်ကို အမြန်ရှာ ဖွေခဲ့လာကြရပါတယ်။

ရက်သတ္တပတ် အနည်းငယ်ရှာဖွေပြီးနောက် ခွဲစိတ် ဆရာဝန်တွေက နောက်ဆုံးမှာ Jacob နှင့် သင့်တော်တဲ့ အလှူရှင် တစ်ယောက်ကို တွေ့ရှိလာခဲ့ရပါတယ်။ သို့ပေမဲ့ Michael Speck အမည်ရှိတဲ့ ၎င်း အလှူရှင်အဘိုးက မိုင် (၂,၀၀၀) နီးပါးဝေးတဲ့ နိုင်ငံတစ်နိုင်မှာ နေထိုင်တာကြောင့် ပြဿနာအနည်းငယ် ရှိနေလာခဲ့ပါတယ်။

(၂၀၂၀) ခုနှစ် အောက်တိုဘာလ တုန်းက coronavirus ရောဂါ ကူးစက်မှုကြောင့် ခ ရီးသွားလာကန့်သတ်ခြင်းနှင့် ကျန်းမာရေး လမ်းညွှန်ချက်များက အမြင့်ဆုံး အ ခြေအနေမှာ ရှိနေခဲ့ပါတယ်။

သို့ပေမဲ့ ၎င်း အလှူရှင် အဘိုးက ကမ္ဘာအနှံ့ အပြားမှာ ဖြစ်ပွားတဲ့ ကူးစက်ရောဂါရှိနေခဲ့တာတောင်မှ Jacob လေးရဲ့အသက်ကို ကယ်တင်ပေးဖို့ ဘယ်အရာကမှ သူ့ကို မတားဆီးနိုင်ဘဲ မိုင် (၂,၀၀၀) နီးပါးရှိတဲ့ ခရီးကို ဖြတ်သန်းပြီး Jacob လေးရှိတဲ့ ဆေးရုံကို အရောက်လာခဲ့ပါတယ်။

Michael Speck အား လူအများက လူ့အ သက် တစ်ချောင်းကို ကယ်တင်ဖို့ ဘယ်အရာဘဲဖြစ်နေပါစေ တွန့်ဆုတ်ခြင်းမရှိတဲ့ အပြင် ကူးစက် ရောဂါကာလအတွင်းတောင်မရှောင် ကလေးလေးဆီ ခရီးအရောက်သွားခဲ့တာကြောင့် ခုလတ်တလော social media မှာ သူ့အကြောင်း ချီးကျူးစကားများနဲ့ပြည့်နှက်နေလျက်ရှိပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ချီး ကျူးစကားလေးတွေလည်း ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအား လုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေး လိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *