ဦးစိုင်းမျိုးဝင်းမိသားစုမှ ကိုဗစ် ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် (၁၀၀၀၀) လှူဒါန်းလာခဲ့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

ဦးစိုင်းမျိုးဝင်းမိသားစုမှ ကိုဗစ် ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ် (၁၀၀၀၀) လှူဒါန်းလာခဲ့

ကဲ ပရိတ်သတ်ကြီးရေ နိုင်ငံတော်မှ ကိုဗစ် ရောဂါ ကာကွယ်ဆေး ဝယ်ယူရေးမှာ အသုံး ပြုရန်အတွက်Excellent Fortune Develo pment Group ကနေ အလှူငွေကျပ် သိန်းပေါင်း တစ်သောင်းကို ယနေ့တွင် ရန်ကုန် တိုင်း အစိုးရထံ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Excellent Fortune Development Group (EFD Group) ရဲ့ဥက္ကဌမှာ အဂ္ဂမဟာ သီရိသုဓမ္မမဏိ ဇောတဓရ ဦးစိုင်းမျိုးဝင်းဖြစ်ပြီးတော့ ဒုတိယဥက္ကဌမှာ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်နန်းခင်မြင့်ရီ တို့ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံရဲ့ ရှေ့တန်းကနေ တိုက်ပွဲဝင်နေကြတဲ့ လူစွမ်းကောင်းများဖြစ်ကြသော ကျန်းမာရေး ဦးစီးဌာနမှ ဆရာဝန်များ သူနာပြုများနှင့် စေတနာ့ ဝန်ထမ်းများ COVID-19 တိုက်ပွဲမှာ ဘေးမသီရန်မခပဲ

အားလုံးရာနှုန်းပြည့် ကျန်းမာစွာ ချမ်းသာစွာဖြင့် အောင်မြင်ပြီးဆုံးသည်အထိ တိုက်ပွဲဝင်နိုင်ကြပြီး နိုင်ငံ့အကျိုး အများကောင်းကျိုးကို ဆက်လက်၍ ဆောင်ရွက် နိုင်ပါစေ လို့ ဦးစိုင်းမျိုးဝင်းက ပြောထားပါသေးတယ်။

နိုင်ငံတော်ရဲ့ ကိုဗစ် ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် အသုံးပြုရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်ဘာသာဝင်များ စုပေါင်းကာ ပထမအကြိမ်အဖြစ် အလှူငွေကျပ် သိန်းပေါင်း (၁၂,၀၀၀) ကို ဇန်နဝါရီ (၂၂) ရက်နေ့က ဘဏ်မှတစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

၎င်း လှူဒါန်းမှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးနှင့် အနယ်နယ် အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင် အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့သော အလှူငွေ ကျပ်သိန်း (၁၂,၀၀၀) ကို ကိုဗစ် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ကိုဗစ်ရောဂါကာကွယ် ဆေးဝယ်ယူရေး ရန်ပုံငွေစာရင်းသို့ လွှဲပို့လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ထို့အပြင်ကို ကမ္ဘောဇဘဏ်က ကိုဗစ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန် ပုံငွေ ( COVID-19 Vaccination Fund ) သို့ ကိုဗစ် ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း (၃၀၀၀) ငွေကျပ် (၃) ဘီလီယံကို ဇန်နဝါရီလ (၇) ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

CB Bank ဥက္ကဋ္ဌကြီး ဦးခင်မောင်အေးရဲ့ စီစဉ်လမ်းညွှန်မှုဖြင့် CB Bank မိသားစုများက ကိုဗစ်ကာကွယ် ထိန်းချုပ် ကုသရေးတို့နှင့် ကာကွယ်ဆေးဝယ်ယူရန် တို့အတွက် ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်မှ ယနေ့အထိ CB Bank ရဲ့လှူဒါန်းမှု စုစုပေါင်းက ငွေကျပ် သိန်းပေါင်း သုံးသောင်း ရှစ်ထောင် (၃.၈) ဘီလီယံ အား လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်လို့သိရပါတယ်။

ဇန်နဝါရီလ (၂၂) ရက်နေ့က မြန်မာနိုင်ငံအတွက် မင်္ဂလာရှိတဲ့နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို ပေးပို့လှုဒါန်းတဲ့ Covishield ကာကွယ်ဆေး (၁.၅) သန်း လူ (၇) သိန်း (၅) သောင်းစာက မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါတယ်။

ကိုဗစ် ကာကွယ်ဆေးများကို ကျန်းမာရေး ဝန်ထမ်းများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ထမ်းများမှာ တနိုင်ငံလုံးအတိုင်း အတာအနေဖြင့် (၁၁၀၀၀၀) ကျော်ရှိကြောင်း သိရပါတယ်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *