ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့အား CDM ပါဝင်သူများကို အားပေးအားမြှောက်ပြုမှုနဲ့ ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ထား

ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့အား CDM ပါဝင်သူများကို အားပေးအားမြှောက်ပြုမှုနဲ့ ပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ထား

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ နာရေး ကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာ ရေးမှူး ဒေါ်ရွှေဇီးကွက်အား ပုဒ်မ (၅၀၅) (က) ဖြင့် အမှု ဖွင့်ထား နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဘဏ္ဍာ ရေးမှူး ဒေါ်ရွှေဇီးကွက် အား

CDM ပါဝင်သူများကို အားပေး အားမြှောက် ပြုမှုနဲ့ အမှုဖွင့်ထားကြောင်း မတ်လ (၇) ရက် ည (၉) နာရီအချိန်တွင် မြဝတီ သတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သတင်း ထုတ်ပြန်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် (၄၂) ရပ်ကွက် ဗိုလ်မှူး ဗထူးလမ်း အမှတ် ၁၃/က နာရေး ကူညီမှုအသင်း (ရန်ကုန်) ရဲ့ဘဏ္ဍာရေးမှူးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား

CDM ပါဝင်သူများအား အားပေးအားမြှောက် ပြုမှုဖြင့် မရမ်းကုန်း မြို့မရဲ စခန်းတွင် ဖေဖော်ဝါရီလ (၂၅) ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ဖော်ပြလာခဲ့ပါတယ်။

၎င်း အမှုဖွင့်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မတ်လ (၃) ရက်တွင် နာ ရေး ကူညီမှု အသင်း (ရန်ကုန်) သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်

အား တွေ့ရှိရခြင်း မရှိကြောင်း၊ စစ်ဆေးရန် လိုအပ်တဲ့ စာ ရွက် စာတမ်းများအား တွေ့ရှိခဲ့ရကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ CDM တွင် ပါဝင်လှုပ်ရှားသည့် ဝန်ထမ်းများအား ထောက်ပံ့ ပေးနိုင်ရေးအတွက် အမည်ခံပြီး (၈၈) ငြိမ်းပွင့်အဖွဲ့

အပါ အဝင် ပြည်တွင်း ပြည်ပရှိ ကုမ္ပဏီ၊ လူပုဂ္ဂိုလ် စုစု ပေါင်း (၄၉၈) ဦးထံမှ ဖေဖော်ဝါရီလ (၁၀) ရက်မှ မတ်လ (၃) ရက်နေ့ အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်း

ကျပ်သိန်ပေါင်း ခြောက်ထောင် တစ်ရာကျော်နှင့် အမေရိကန်ဒေါ်လာ (၂၀၆၇၀) ကိုလက်ခံ ရရှိခဲ့ကြောင်း၊ သိန်းပေါင်း နှစ်သောင်း ထည့်ဝင်ထားတဲ့ Fix Deposit Bank Account ခြောက်ခုကိုလည်းစစ် ဆေးတွေ့ရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

၎င်း ငွေများအနက်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး ခုနစ်ခု CDM တွင် ပါဝင်လှုပ်ရှားနေတဲ့ ဝန်ထမ်းများထံသို့ အသင်းအ ဖွဲ့ လူပုဂ္ဂိုလ်များမှ တစ်ဆင့် မတ်လ (၂) ရက်အထိ CDM တွင်ပါ ဝင်လှုပ်ရှားနေသူ ဝန် ထမ်း (၂၀၀၈) ဦးခန့်အား တစ်ဦးလျှင်ကျပ် တစ်သိန်း

မှ ကျပ်နှစ်သိန်းခန့် အထိ စုစုပေါင်း ကျပ်သိန်ပေါင်း နှစ်ထောင့် ရှစ်ရာကျော်ကို ကွန်တိန်နာ ယာဉ် မောင်းများ၊ မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းဖြင့်

CDM ပြုလုပ်ရန် အားပေးအားမြှောက် လုပ် ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါတယ်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေလည်း ကျေးဇူးအထူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *