အ သည်း ရောင် နေတာ ကြောင့် ဆေး ရုံ တက် နေရတဲ့ နေခြည်ဦး

အကိုက်အခဲပျောက်ဆေးတွေ အလွန် အကျွံ သောက်မိပြီး အသည်း ရောင်နေတာကြောင့် ဆေးရုံတက်နေရတဲ့ နေခြည်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ မင်းသမီး ချောလေး နေခြည်ဦး က အနုပညာ လောကမှာ အချိန် အတိုတွင်းမှာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး နေရာတစ် နေရာကို ရပ် တည်ထား နိုင်ခဲ့သူ ပဲ ဖြစ်ပါတယ် ။

ခုနောက်ပိုင်းမှာ ဆိုရင် နေခြည်ဦး က ကြော်ငြာ တွေအပြင် ရုပ်ရှင် ဇာတ်ကား ကြီးတွေထဲမှာ တောင် ပိုမိုပါဝင် သရုပ်ဆောင် လာနေတာကို တွေ့မြင်ရပါတယ် ။

ဒါ့အပြင် သူမက အနုပညာ အလုပ်တွေကို လုပ်ကိုင် နေတဲ့ အပြင် Beauty Blogger အဖြစ်ပါ တပါတည်း လုပ်ကိုင်နေ တာ ဖြစ်ပါတယ် ။

နေခြည်ဦးက ဝတ်စား ဆင်ယဉ်မှု မှာလည်း အခြားသူတွေနဲ့ မတူပဲ ဆန်းသစ်တဲ့ ဖက်ရှင်တွေကို ဝတ်ဆင် တတ်ပြီး လိုက်ဖက် ပြီးချစ်စရာ ကောင်းတာ ကြောင့် ပျိုမေလေးတွေရဲ့ မျက်စိကျ နေရသူပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် မကြာခဏ ဆိုရင်လည်း အပျင်း ပြေ tik tok လေး တွေ ဆော့ ကစားပြီး ပရိတ်သတ်တွေ ကိုလည်း ဖော်ပြပေးလေ့ရှိပါတယ် ။

ခုမှာတော့ နေခြည်ဦးက သူမဘဝမှာ ဘာရောဂါနဲ့မှ ဆေးရုံ မတက်ခဲ့ဖူးပေမယ့် အသည်းရောင်လို့ ပထမဆုံး ဆေးရုံတက်ခဲ့ရတဲ့ အတွေ့အကြုံကို Tik Tok ကနေတဆင့် တင်လာခဲ့ပါတယ်။

အကိုက် အခဲ ပျောက်ဆေးတွေ အလွန် အကျွံ သောက်မိတာကြောင့် ဆေးရုံ (၂) ပါတ်တက်ခဲ့ရတယ်လို့ ပြောလာခဲ့ပါတယ်။

ပါရာစီတမောလို ဆေးတွေကို အများကြီးသောက်ရင် အသည်းကို ဒုက္ခပေးတယ်ဆိုတဲ့ Medical Know ledge မသိတဲ့ သူမကိုယ်သူမလည်း အံ့သြ မိကြောင်း ရေးသားလာပါတယ်။

ခုလိုမျိုး ကာလမှာ ဆေးအပြင်းစားတွေ ထိုးရ သောက်ရလို့ အရမ်း စိတ် အားငယ်နေကြောင်းလည်း ပြောပြလာခဲ့ပါတယ်။

ဒီဗီဒီယို လေးထဲမှာ တော့ နေခြည်ဦးက အကိုက်ခဲ ပျောက်ဆေးကို ပဲလှော်စားသလို ဝါးနေတဲ့ သူတွေကို အသိပညာ တခုခု ရစေချင်တယ်လို့ ဆိုလာပါတယ်။

အရာရာ တန်ရင်ဆေး လွန်ရင်ဘေးမို့ အကိုက်အခဲ ပျောက်ဆေးတို့ အစာကြေဆေးတို့ကို အလွန် အကျွံမသောက်ဖို့လည်း မေတ္တာ ရပ်ခံလာတာပဲ ဖြစ်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ချင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *