အံ့သြစရာကောင်းလောက်အောင် လက်ရာမြောက်တဲ့အဆောက်ဦးတွေနဲ့ပြည့်နှက်နေတဲ့ ပြည်တွင်းကရှေးဟောင်းနယ်မြေအကြောင်း

အံ့သြစရာလက်ရာမြောက်အဆောက်ဦးတွေနဲ့ပြည်တွင်းက ရှေးဟောင်းနယ်မြေအကြောင်း

မုံရွာ တစ်ဘက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင် ၊စစ်ကိုင်းတိုင်း ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။

ကျောက်သားတွေလည်း ဘေးဘက်မှာများတယ်။ ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီး တစ်ခုလုံးကိုလက်နဲ့သာထွင်းထုပုံဖော်ထားတဲ့ ” ရွှေဘတောင် “အံသြရပါပေတယ်။

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလို နေရာရှိနေတယ်ဆိုတာ သိရေတာ့ အလွန့်အလွန်ကို လည်းဂုဏ်ယူမိပါတယ်။

နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ ရွှေဘတောင်ဟာ.. နောင်တစ်ချိန် သွားရောက်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲက တေးမှတ်ထားရမဲ့ နေရာပါပဲ။

ကျောက်စေတီတွေ၊ ကျောက်လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေ ၊ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာတည်ရှိနေတဲ့ ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ် ဖတ်ရှု နိုင်ပါတယ်။

ရွှေဘတောင်ဟာ မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်မြို့နယ်တွင်တည်ရှိတာပါ။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊

ဖန်ခါးတောင်၊ လင်းနို့တောင်၊ကျောက်တစ်လုံးတောင်တို့နှင့်လည်း တစ်ဆက်တည်း ရှိနေပါတယ်။ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။

မြန်မာတို့ရဲ့ စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေ နဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများးကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှု လက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှု့ ပညာစစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။ ရွှေဘတောင်မှာနာမည်ကြီး

ကျောက်လှေကားကတော့ Instragram နာမည်ကြီးနေရာဖြစ်ပြီး ကျောက်နံရံကို.. ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှုတွေ၊ ကျောက်တောင်ကြီးကို

ကျောက်လှိုဏ်ဂူအဖြစ် ဆောက်လုပ်ထားပြီး အတွင်းမှာစေတီများ ဘုရားများ တည်ထားပါသည်။ နောက်ထပ်အထင်ကရ နေရာက တော့ကျောက်ဆင် ရုပ်ကြီးပါ..

ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့ အတွင်းဂူထဲမှာတော့ဘုရားများကို ပူဇော်ထားပါတယ်။ ရွှေဘတောင်ဟူ၍

အမည်တွင်ရခြင်းမှာတော့ ပုဂံခေတ် အလောင်းစည်သူမင်းလက်ထက်တွင် ကျောက်ထွင်းအနုပညာ ဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ

ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင် ဟူ၍အမည်တွင်ရခြင်းပါ ၊

ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက် တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှ မပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။

ထိုသို့ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသားကို အသုံးပြု ခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစား ဖြစ်ပြီး.. အေးသောဓာတ်ရှိပါတယ်။

လိုသလို ပုံသွင်းနိုင်ပြီး နောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ရသော ကျောက်ဖြစ်ပါတယ်။ လူသွားလမ်းများ၊ သာသနာ့ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊

ကျောက်ပန်းပု ရုပ်အစုံ၊မြန်မာမှု လက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာ တော့တွေ့ရပါတယ်။

ဥပမာပြောရရင် အဆောက်အဦး တွေနားအမှိုက် ပွနေခြင်းတွေ.. ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ကိုဖြစ်ပါတယ်

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင် ရွှေဘတောင်ကိုဝင်ပြီး.. မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးထားသင့်နေလေပြီ။Crd

Add a Comment

Your email address will not be published. Required fields are marked *