အောင်မြင်မှု ရတော့မှာမို့ ညီညွှတ်ကြဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

အောင်မြင်မှု ရတော့မှာမို့ ညီညွှတ်ကြဖို့ တောင်းဆိုလိုက်တဲ့ ဒါရိုက်တာ ကိုပေါက်

မင်္ဂလာပါ ချစ် ပရိသတ်ကြီးရေ အခုပြောပြပေးသွားမယ့် အကြောင်း အရာလေးကတော့ ဒါရိုက်တာ ကိုပေါက် က ပြည်သူလူထုကို စည်းလုံးဖို့နဲ့ အရေးတော်ပုံ အောင်မြင်ရေး အတွက် မလောကြဖို့ကို မေတ္တာရပ်ခံ လာတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။

ကိုပေါက်က ပြည်သူ လူထုဘက်က ရပ်တည်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်ပူးပေါင်းပြီး အခြေအနေ အရပ်ရပ်ကြောင့် ဖမ်းဝရမ်း ထုတ်ခံရကာ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

ကိုပေါက်က အချိန်ရရင် ရသလို သတင်းအချက်လက်တွေကို သူ့ရဲ့ကိုယ်ပိုင် Facebook Account ကနေ မျှဝေပေးလျက် ရှိပါတယ်။

ဒါ့အပြင် လတ်တလော နိုင်ငံတွင်း အခြေနေဟာ ပြင်းထန်လွန်းတာကြောင့် ပြည်သူတွေကို အရမ်းစိုးရိမ်နေကာ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲ သွေးကွဲ သွားမှာကိုလည်း စိတ်ပူနေပါတယ်။

ဒါ့ကြောင့် အရေးတော်ပုံ အောင်မြင်ဖို့ရာ အချင်းချင်း ဒီထက်စည်းလုံးပြီး ပိုကြိုး စားသင့်ကြောင်းကို ပုံရိပ်နဲ့တကွ ပြောပြ ပေးသွားပါမယ်။

ယခုလို ကိုပေါက်က ပြည်သူကို ပြည်သူအချင်းချင်း လက်တွဲပြီး ကာကွယ်ကြဖို့နဲ့ သွေးစည်း ကြဖို့ကို ပြောပြသွားခဲ့ပါတယ်။

ကျနော်တို့ ချစ်ပြီးလေးစားရတဲ့ သူရဲကောင်းတွေအတွက် အစဉ်အမြဲ လေးစားပြီး မှန်တဲ့ဘက်ကနေ ရပ်တည်ပြီး ဆန္ဒပြနေကြတဲ့ ပြည်သူ လူထုလည်း ဘေးအန္တရာယ် ကင်းရှင်းကြဖို့ ဆုတောင်း မေတ္တာ ပေးပို့ပါတယ်။

ဒီလိုအချိန်မှာ ကျနော်တို့ စိတ်ဝမ်းမကွဲကြပဲ အ ရေးတော်ပုံ အောင်မြင်ဖို့ရာ အတူတူ စည်းလုံးပြီး ကြိုးစားကြရအောင်။

အရေးတော်ပုံ အောင်ရမယ်။ တို့ပြည်သူတွေ ညီစေနော်။

Add a Comment

Your email address will not be published. Required fields are marked *