အောင်ဘာလေထီ ထိုးသူမရှိလို့ တစ်လ ၁ ကြိမ်ထီဖွင့်စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အကြမ်းဖက် စစ်ကောင်စီ၏ အောင်ဘာလေထီ ထိုးသူမရှိလို့ တစ်လ ၁ ကြိမ် ထီဖွင့် စနစ်အစား နှစ်လ ၁ ကြိမ် ထီဆုမဲ ဖွင့်စနစ် ပြောင်းလဲ

မင်္ဂလာပါ ချစ် ပရိတ်သတ်ကြီးရေ အကြမ်းဖက် လူ သတ် ဖက်ဆစ် စစ်ကောင်စီက ထုတ်လုပ် ရောင်းချနေသည့် အောင်ဘာလေထီ ထိုးသူမရှိ၍

ယခင် တစ်လလျှင် ၁ ကြိမ်ဖွင့်လှစ်နေရာမှာ ယခုအခါ နှစ်လလျှင် ၁ ကြိမ် ဖွင့်လှစ်သည့် စနစ်သို့ ပြောင်းလဲထားကြောင်း စစ်ကောင်စီဘက်က တရားဝင် သတင်း ထုတ်ပြန် သည်။

အောင်ဘာလေ သိန်းဆုဌာနခွဲသည် ထီလုပ်ငန်းဖြင့် အသက်မွေးကြောင်းပြုသူ လက်ပွေ့/ တွန်းလှည်း ထီးရောင်းချသူများ စီးပွားရေး အခက်အခဲ မဖြစ်ပေါ်စေရန် ၂၆ ကြိမ်မြောက်မှ စတင်ပြီး ထီဖွင့်ရက်ကို စတင်ပြောင်းလဲခဲ့ကြောင်း၊

၂၇ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို မေလ ၁ ရက်နေ့အစား ဇွန်လ ၁ ရက်နေ့တွင်လည်းကောင်း၊ ၂၈ ကြိမ်မြောက် ထီဖွင့်လှစ်ရက်ကို ဇွန်လ ၁ ရက်နေ့ အစား ဇူလိုင်လ ၁ ရက်နေ့ တွင်လည်းကောင်း အသီးသီး ပြောင်းလဲ ဖွင့်လှစ်မည်ဟု ကြေညာချက် ထုတ်ပြန် သည်။

စစ်ကောင်စီ၏ အောင်ဘာလေထီ ထိုးမည့်သူ မရှိ၍ ယခင် သိန်း ၁၅၀၀၀ ဆုချီးမြှင့်ရာမှ ယခုအခါ အမြင့်ဆုံးဆု သိန်း ၅၀၀၀ သာ ချီးမြှင့်နိုင်တော့ကြောင်း စစ်ကောင်စီဘက်က တရားဝင် သတင်း ထုတ်ပြန်ထား သည်။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *