အောင်ပွဲနဲ့ အတူပြန်လာခဲ့မယ်လို့ မျက်ရည်တွေနဲ့ ကတိပေးလာခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

အောင်ပွဲနဲ့ အတူပြန်လာခဲ့မယ်လို့ မျက်ရည်တွေနဲ့ ကတိပေးလာခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုလက်ရှိ ရောက်နေတဲ့ နေရာမှာ အခက် အခဲများစွာ ကြုံတွေ့ နေရပေမယ့်လည်း စစ် အာဏာရှင် ပြုတ်ကျရေး အတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောလိုက်ပါတယ်။

သူမက ဖေဖော်ဝါရီ ၁ ရက် စစ် အာဏာသိမ်းပြီးနောက် နာမည်ကြီး အနုပညာရှင်တွေနဲ့ အတူ ရန်ကုန် လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဧပြီလ ၆ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဝရမ်း အထုတ်ခံခဲ့ရပါတယ်။

ဒါကြောင့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိလာတာပါ။

သရုပ်ဆောင် မြနှင်းရည်လွင်က စစ် အာဏာမသိမ်းခင် က MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးခဲ့ပြီး

ငွေစက္ကူ ခုနစ်ရွက် မာယာလှည့်ကွက် အခန်းနံပါတ် စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲပေါင်း (၁၀) ခု လူကြိုက်များတဲ့ ကြော်ငြာ သုံးခုနဲ့ အတူ ရိုက်ကူးပြီး ရိုက်ကူးဆဲ ရုပ်ရှင် ဇာတ်ကားကြီး လေးခုမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေကလည်း မြနှင်းရည် အတွက် ဆုတောင်း ပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *