အောက်ဆီဂျင် ဝယ်ယူရန် အတွက် အလှူငွေ (၁၀) သိန်း ပါဝင် လှူဒါန်းခဲ့တဲ့ အုပ်စိုးခန့်

အောက်ဆီဂျင် ဝယ်ယူရန် အတွက် အလှူငွေ (၁၀) သိန်း ပါဝင် လှူဒါန်းခဲ့တဲ့ အုပ်စိုးခန့်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ Covid – 19 ရောဂါ ကူးစက်မှုနှုန်းတွေက မြန်မာနိုင်ငံမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများလာတာကို တွေ့ရပါတယ် ။

သေဆုံးသူတွေ ဆိုရင်လည်း နေရာတိုင်း နေ့တိုင်းလိုလို ဖြစ်နေရာ အဓိကကတော့ အောက်ဆီဂျင် အလုံ အ လောက် မရတာတွေကြောင့် အသက်တွေ ဆုံးရှုံး နေရတာပါ ။

ဒါကြောင့် ပြည်သူတွေ စုပေါင်းပြီး အောက်ဆီဂျင် အိုးများ လှူဒါန်းပေးပြီး ကူညီ ပေးနေကြတာပါ။

ပရဟိတ အသင်းတွေကလည်း နေ့ရော ညရော အောက်ဆီဂျင်တွေ တတ်နိုင်သလောက် ဖြည့်ကူ ပေးနေတာတွေ့ရပါတယ် ။

ဒါ့အပြင် အနုပညာ ရှင်တွေပါ ဝိုင်းဝန်း ကူညီပြီး အောက်ဆီဂျင် လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာပါ ။ အခုလည်း အုပ်စိုးခန့်က Clean Yangon ကို အောက်ဆီဂျင် ဝယ်ယူရန် အတွက် အလှူငွေ (၁၀) သိန်း ပါဝင် လှူဒါန်းခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီး ” ကျနော်ဒီနေ့ Clean Yangon မှာ oxygen အတွက် ငွေသား ( ၁၀သိန်းကျပ် ) လှူခဲ့ပါတယ်။

အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ ”ဆိုပြီး ရေး သား ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန် လည် ဖော်ပြပေးလိုက်ပါတယ် ။

ပရိတ်သတ်ကြီးအားလုံးလည်း အုပ်စိုးခန့်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *