အောက်ဆီဂျင် ဝယ်ယူရန်အတွက် အလှူငွေ သိန်းပေါင်း ၅၀၀ လှူဒါန်းလာခဲ့တဲ့ စမိုင်းလ်

ကိုဗစ်လူနာတွေ ရင်ဆိုင်နေရတဲ့ အောက်ဆီဂျင် ပြဿနာကို ဖြေရှင်းရန် အလှူငွေ သိန်း ( ၅၀၀ ) ထိ ပါဝင်ပြီး လှူဒါန်းပေးလိုက်တဲ့ စမိုင်းလ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုလက်ရှိ မြန်မာ နိုင်ငံမှာ ကိုဗစ်ကပ် ရောဂါကြောင့် အောက်ဆီဂျင် မလုံလောက်တဲ့ ပြဿနာတွေကို နေရာ အနှံ့အပြားက

ပြည်သူတွေ အလူး အလဲ နေ့ရော ညရော ကြုံတွေ့ ရင်ဆိုင်နေ ကြရပါတယ် ။

အောက်ဆီဂျင် ပြတ်လပ်မှု တွေကြောင့် အသက် သေဆုံးနေ ကြတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်ကြရမှာပါ။

ဒါ့ကြောင့် ခုဆိုရင် တတ်နိုင်သလောက် အလှူရှင် ပြည်သူတွေ အသင်း အဖွဲ့တွေ ပူးပေါင်းပြီး အောက်ဆီဂျင်

လုံလောက်အောင် ဝယ်ယူ လှူဒါန်းမှုတွေ စက်ရုံ တည် ဆောက်မှုတွေ ပြုလုပ်နေပါပြီ။

ဒီလို လှူဒါန်းကြသူတွေ အထဲမှာ စမိုင်းလ်တို့ မိသားစုလည်း အပါအဝင်ပါပဲ ။

စမိုင်းလ်က အောက်ဆီဂျင် ဝယ်ယူရန် အတွက် အလှူငွေ သိန်း (၄၀၀) အပြင် စက်ရုံ ဆောက်လုပ် အတွက်

ပါ သိန်း (၁၀၀) ထပ်မံ လှူဒါန်းခဲ့တာကို ပီတိ ဖြစ်စွာတွေ့ရပါတယ် ။

အလှူနဲ့ ပတ်သက်ပြီး ” အခုချိန်မှာ အလိုအပ်ဆုံး ဖြစ်နေတဲ့ အောက်စီဂျင် ဝယ်ရန် အလှူငွေ သိန်း ၄၀၀ နှင့်

အောက်စီဂျင် စက်ရုံဆောက်လုပ်ရန်အတွက် အလှူငွေ သိန်း ၁၀၀ ပါဝင် ကုသိုလ် ပြု လှူဒါန်း ထားပါသေးတယ်။

ဤသို့ လှူဒါန်းရသောကြောင့် ကပ်ရောဂါ ဆိုးကြီးဘေးမှ အမြန်ဆုံး ကင်းဝေးကြပါစေ။

ဆက်လက်ပြီး တတ်နိုင်သမျှ ကြိုးစားပြီးလှူဒါန်း သွားပါမယ်ရှင် ” ရေးသား ဖော်ပြထားရာ ပရိတ်သတ်တွေအတွက် ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ။

ပရိတ်သတ်တွေလည်း စမိုလ်ရဲ့ အလှူလေးကို သာဓု ခေါ်ပေးကြပါအုံးနော်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *