အောက်ဆီဂျင် မလုံလောက်တဲ့ ပြည်သူများဆီသို့ အိမ်အရောက် လိုက်လံ ပို့ဆောင်နေတဲ့ သရုပ်ဆောင် အိစိကွေ

အောက်ဆီဂျင် မလုံလောက်တဲ့ ပြည်သူများဆီသို့ အိမ်အရောက် လိုက်လံ ပို့ဆောင်နေတဲ့ သရုပ်ဆောင် အိစိကွေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အိစိကွေးက ကလေး သရုပ်ဆောင် အနေနဲ့ ပရိတ်သတ်တွေ စတင်သိခဲ့ရာနေ ချစ်စရာကောင်းပြီး သရုပ် ဆောင် ကောင်းတာကြောင့် ပရိတ်သတ်တွေရဲ့ အား ပေးမှုကို အပြည့် အဝ ရရှိခဲ့ပါတယ်။

အိစိကွေးက သရုပ်ဆောင်မှု အပြင် တေးသီချင်း ကောင်းတွေကိုလဲ သီဆိုထားပါသေးတယ်။ အိစိကွေးက အရွယ်နဲ့ မလိုက်အောင်ကိုလဲ အလှူအတန်းတွေမှာလဲ သူကိုယ် တိုင် လိုက်လံ ကူညီလှူဒါန်း ပေးနေတာပဲ ဖြစ်ပါတယ်။

အိစိကွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူ လမ်းထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ အား တက်သရော ပါဝင်ခဲ့ပါတယ်။

လက်ရှိ ကိုဗစ် ရောဂါ ကပ်ဆိုးကြီးနဲ့ ပတ်သတ်ပြီးတော့လဲ အောက်ဆီဂျင် မလုံလောက်တဲ့ ပြည်သူများလဲ အများအ ပြား ရှိနေပါတယ်။

ဒါကြောင့်လဲ အိစိကွေးက သူတတ်နိုင်တဲ့ဘက်ကနေ အာက်ဆီဂျင် လိုအပ်နေသူများကို အိမ်အရောက် လိုက်လံ ပို့ဆောင် ပေးနေခဲ့ပါတယ်။

အိစိကွေးကတော့ အမှတ်တရတွေ အများကြီးနဲ့ နေ့ပါပဲ O2 လာယူပါ ပြောထားပေမယ့် လိုအပ်တော့လည်း ကိုယ်တိုင် သယ်ပြီး သွားပို့ဖြစ်တာပါပဲ။

ကယ်လိုက်ရတဲ့ အသက် တစ်ခုရှိသလို မိနစ်ပိုင်း နောက်ကျသွားလို လက်လွှတ် လိုက်ရတဲ့ အသက်လည်း ရှိပါတယ်။

ကယ်လိုက်ရလို့ ပျော်ရတဲ့ အပျော်ရှိသလို မကယ်နိင်ခဲ့လို့ အရုပ် ကြိုးပြတ် ဖြစ်သွားရတဲ့ အချိန်လည်း ရှိခဲ့ပါတယ်။

ပြီးတော့လည်း O2 Refill လည်း ကိုယ်တိုင်ပဲ ည ၁၀ နာရီမှ အိမ် အတွက် အိုးဖြည့်ပြီး ပြန်ရောက်တော့တယ်။ ကူညီပေးကြတဲ့သူတွေကိုလည်း ကျေးဇူးပါ။

ဘေးကနေ တောက်လျှောက် လိုက်ကူညီပေးတဲ့ သူကိုလည်း ကျေးဇူး အထူးပါဗျာ ဆိုပြီးတော့ သူရဲ လုပ် ဆောင်ချက်တွေကို သူရဲ့ လူမှုကွန်ယက် ထက်ကနေ တစ်ဆင့် ရေးသား ဖော်ပြထားပါတယ်။

အိစိကွေး တစ်ယောက်လဲ အစစ အရာရာ ဘေးကင်းပါစေလို ဆုတောင်းပေးရင်း ဒီသတင်းကို ပြန်လည် တင်ဆက် ပေးလိုက်ရပါတယ်။ ပရိတ်သတ်ကြီးတို့ကလဲ သရုပ် ဆောင် အီစိကွေးရဲ့ အလှူလေးကို သာဓု ခေါ်ပေးကြပါအုံးနော်။

Add a Comment

Your email address will not be published. Required fields are marked *