အောက်ဆီဂျင် ကိစ္စနဲ့ ပတ်သတ်ပြီး လူသားချင်း စာနာဖို့ကို ပြောပြလာတဲ့ ဖွေးဖွေး

အောက်ဆီဂျင် ကိစ္စနဲ့ ပတ်သတ်ပြီး လူသားချင်း စာနာဖို့ကို ပြောပြလာတဲ့ ဖွေးဖွေး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင် ဖွေးဖွေးက အပီပြင်ဆုံး သရုပ်ဆောင် ချက်တွေနဲ့အတူ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားပြီး ပရိတ်

သတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင် အမာ အ ပြည့်အဝ ရရှိထားတဲ့ ထပ်ဆင့်အကယ်ဒမီ မင်းသမီး တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဖွေးဖွေးကသရုပ်ဆောင် ကောင်းတဲ့အပြင် တေးသီ ချင်းဆိုရာမှာလဲ ဝါသနာ ပါတာကြောင့် တေးသီချင်းတွေကိုလဲ တီဆိုထားပါသေးတယ်။

ဖွေးဖွေးက အ လှူအတန်းတွေမှာလဲ ရက်ရက်ရောရော ရှိသူ တစ်ဦးလဲဖြစ်ပါတယ်။

ဖွေးဖွေးက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရား ဘက်က ပါဝင်ပြီး လမ်းထွက်ကာ

လူထု လှုပ်ရှားမှုတွေမှာ အားတက်သရော ပါဝင်ခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ ၅၀၅ ကနဲ့ မတရား အမှုဖွင့်

ထားခြင်းခံရတာကြောင့် ဘေးလွှတ်ရာကို တိမ်းရှောင်နေရပါတယ်။

တိမ်းရှောင် နေစဉ်မှာလဲ သူမရဲ့ လူမှုကွန်ယက် ထက်မှာ ပြည်သူတွေ အတွက် သတင်း စကားများ ပါးလေ့ရှိပါတယ်။

ခုတစ်ခါ မှာဆိုရင်လဲ ဖွေးဖွေးက အောက်ဆီဂျင်တွေနဲ့ ပတ်သတ်ပြီး လူသားချင်း စာနာဖို့နဲ့ လိုက်လုပ်ရမယ့် အချက်တွေကို ပြောပြလာခဲ့ပါတယ်။

ဖွေးဖွေးက ကျေးဇူးပြုပြီး စိုးရိမ် ပူပန်စွာဖြင့် ရန်ကုန် သာမကတပြည်လုံးကို ကယ်တင်ဖို့ လိုနေပါပြီ။

O2 ပြဿနာက မြိုတိုင်းကြုံနေရပါပြီ LetUsBreathe ဆိုတာဘာလဲ

ဒီ LetUs Breathe Campaign ဟာမြန်မာလို ကျွန်ုပ်တို့ကို အသက်ရှူခွင့်ပေးပါလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ကျွန်ုပ်တို့ကို အသက်ရှူခွင့်ပေးပါ မတရားသဖြင့် ဈေးတွေ မတန် တဆနဲ့ အောက်စီဂျင်အိုးတွေ‌ မရောင်းကြပါနဲ့တော့ မလိမ်ကြပါနဲ့တော့ အိုးအသေးတွေ များများသွင်းပေးကြပါ။

အလွယ်တကူ အောက်စီဂျင် ရှူခွင့်ပေးပါ။

အိုးတွေ ငှားပြီးလည်းလိုအပ်သူတွေ အတွက် ပြန်ပို့ပေးကြပါ။

အမြတ်ကြီး စားပြီးမရောင်းကြပါနဲ့တော့။

ရန်ကုန်ကို ကယ်တင်ပေးကြပါ စတဲ့ အဓိပ္ပာယ်တွေ ပါပါတယ်။

အရွေ့ တစ်ခုဖြစ်အောင် အားလုံး ကြိုးစားကြရပါမယ်။ လူလူချင်း စာနာကြရအောင်ပါ။

အားလုံးပဲ LetUsBreatheCampaign မှာပါဝင်ပေးကြပါ။

မိမိ wallပေါ်မှာ အားလုံးတင်ပေးကြပါ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူး တင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *