အောက်ဆီဂျင်တွေ လိုသလောက် လှူဒါန်းပေးနေတဲ့ Item Bar နဲ့ ယုန်လေးတို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အတွင်းသတင်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အောက်ဆီဂျင်တွေ လိုသလောက် လှူဒါန်းပေးနေတဲ့ Item Bar နဲ့ ယုန်လေးတို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အတွင်းသတင်း (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ စစ်တပ် အနွယ်ဝင် များနဲ့ စစ်တပ်ထောက်ခံ အားပေးသူများ ဖွင့်ထားတဲ့

ဆိုင်များနဲ့ အသုံး အဆောင်များကို ပြည်သူတွေ အ ကုန်လုံးက boy cott လုပ်ခဲ့ကြပါတယ်။

ခုကာလမှာ ကိုဗစ်ရောဂါ ကူးတဲ့နှုန်းတွေ အရမ်း များလာတာကြောင့် ပြည်သူတွေက ရတဲ့နေရာကနေ အောက်ဆီဂျင်တွေ ဝယ်ယူ ဌားရမ်း နေကြရတာပါ။

ဒီထဲမှာတော့ ရန်ကင်း ကျောက်ကုန်းလမ်း မှာရှိတဲ့ Item Bar ဟာ ရောဂါစပြီး ဆိုးလာကတည်းကနေ အခုထိ ဘာပြသနာမှ မရှိဘဲ အောက်ဆီဂျင်တွေ လှူဒါန်းပေးခဲ့ပါတယ်။

စစ်ကောင်စီက ပြည်သူတွေ လှူတဲ့ အောက်ဆီဂျင်အိုး တွေနဲ့ စက်ရုံတွေကို သိမ်းဆည်းနေချိန်မှာ Item Bar ကိုတော့ ဘယ်နည်းနဲ့မျှ နှောင့်ယှက်ခြင်း မရှိခဲ့ပါဘူး။

ယုန်လေးနဲ့ Item Bar တို့ ဘယ်လိုတွေ ဆက်စပ် နေလဲဆိုတာကိုလည်း အောက်မှာ ဖတ်ရှုကြပါဦး။

” အောင်ဆီဂျင် Item Bar ဖက်ဆစ် စစ်တပ် ဘယ်လိုပတ်သက်မှုရှိလဲ မြန်မာပြည်မှာ Covid – 19 တတိယလှိုင်းကြောင့် နေ့စဉ် လူသေဆုံးနှုန်း တစ်ရက်ကို ရာနဲ့ချီ နေတာကြောင့် အောက်စီဂျင် ပြတ်လပ်မှုတွေ ကြုံတွေ နေရပါတယ်။

ဇွတ်ကော အတင်းကော လက်နက် ကိုင်ပြီး အာဏာလု အုပ်ချုပ်နေတဲ့ စစ်ကောင်စီရဲ့ ညံ့ဖျင်းတဲ့ လုပ်ရပ်တွေကြောင့် မသေသင့်ဘဲ အပြစ်မဲ့ပြည်သူတွေ နေ့တိုင်း အသက် ဆုံးရှုံးနေရပါတယ်။

အဲ့ထဲမှာမှ “သာဓု“ ခေါ်သံကို အလှူပေးရုံနဲ့ ပြန်ရှာနေတဲ့ Boy cott လုပ်ရမယ့် နေရာတွေထဲက တစ်နေရာဖြစ်တဲ့ Item Barရဲ့ အကြောင်းအရာ တချို့ကို တင်ဆက် ပေးလိုက်ပါတယ်။

ခုအချိန်မှာ ပြည်သူများ လိုအပ်နေတဲ့ အောင်ဆီဂျင်ကို ဖြည့်ဆည်း ပေးနေတဲ့ Item Barကို ပိုင်ဆိုင်တယ်လို့ နာမည်ခံထားသူက မျိုးထက်လင်း

( တေးရေး MHL ) ဟု လူသိများသောသူပြီး နောက် ထပ် ရှယ်ယာ ပိုင်ဆိုင်သူ ၃ ဦး အပါအဝင် စုစုပေါင်း ၄ ဦးက စပ်တူ ပိုင်ဆိုင်သည်ဟု ၎င်း အသိုင်းအဝိုင်းများနှင့် နီးစပ်သူတစ်ဦးဆီက အကြမ်းဖျင်း သိရပါတယ်။

အောင် ဆီဂျင်ကို တခြားနေရာတွေမှာ တန်းစီနေရင် တောင် ဖက်ဆစ် စစ်တပ်က နည်းမျိုးစုံနှင့် လိုက် လံ ပိတ်ပင်နေချိန်မှာ တေးရေး မျိုးထက်လင်း

( MHL ) ပိုင်ဆိုင်သည်ဟု နာမည်ခံထားသော Barမှာ ဘာကြောင့်ရနေလဲဆိုတာကိုတော့ စစ်တပ်အသိုင်း အဝိုင်းနှင့် နီးစပ်သူက ခုလိုပြောလာခဲ့ပါတယ်။

“အခု ဖက်ဆစ်စစ်တပ်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီး ၏ သမီး ပိုင်ဆိုင်တဲ့ မီဒီယာ ကုမ္ပဏီကြီး တစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ ဝေမင်းမောင် (ကိုရွှေမန်း) နှင့် ပု ဂ္ဂိုလ်ရေး အရ ကြီးမားတဲ့ ရင်းနှီးမှုရှိတဲ့

Item Bar ဟာ အောင်စီဂျင်တွေကို အဆိုတော် ယုန်လေးနှင့် အ တူ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး အဆင့်ရှိ တပ် မတော်အရာရှိ တစ်ဦးတို့က ဦးစီး ပြီးတော့ ပြည်သူ များကို ဝေငှပေးနေတာပဲ ဖြစ်ပါတယ်။

အဓိက ဒီအောက်ဆီဂျင်ဝေတာတွေ ဘာတွေ လုပ်တာက အဆို တော် ယုန်လေးပေါ့ သူက သူ့လက် သူ့ခြေနှင့် စီမံပြီး အကုန်လုပ်တာ တပ်မတော်က အရာရှိ

ကျောထောက် နောက်ခံနဲ့ဆိုတော့ လုပ်ချင်တိုင်း ဖြစ်နေတာပေါ့ ” ဟု ထိုသူက ပြောပါတယ်။

ယခင် ရက်ပိုင်းက Item Barတွင် အောက်ဆီဂျင် ပေးဝေရေး လုပ်ငန်းများကို ခဏ ဆိုင်းငံထားရပြီး အ ကြောင်းအရင်းမှာ အဆိုတော် ယုန်လေး ကိုဗစ်ရောဂါ ကူးစက်ခံ ထားရတာကြောင့်လို သူက ဆိုပါတယ်။

ယ ခုတွင် Item Bar က ITEM လူငယ် ပရ ဟိတအ သင်းကို တည်ထောင်ဖွဲ့စည်းပြီး အောက်ဆီဂျင်များကို လိုက် လံ ဝေငှမည်ဟုလည်း သိရှိရပါတယ်။

ဖက်ဆစ်စစ်တပ်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ သမီး ပိုင်ဆိုင်တဲ့ မီဒီယာ ကုမ္ပဏီကြီး တစ်ခုကို ဦးစီးလုပ်ကိုင်နေပြီး Item Barကို အဓိက အကူအညီ

ပေးနေသူဟု ယူဆရတဲ့ ဝေမင်းမောင် (ကိုရွှေမန်း) ဟာ မကြာသေးမှီကပင် စစ်ကောင်စီက နိုင်ငံတော် အကြည် ညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅ ဖြင့်

ဝရမ်း ထုတ်ခံ ထားရတဲ့ အနုပညာရှင် မင်းသမီး တစ်ဦးဖြင့် ချစ် ကြိုက်နေသူဖြစ်ပြီး ခုလက်ရှိတွင် ၎င်း မင်းသမီးမှာ အမှုပိတ် သိမ်းထားသည်ဟု သိရှိရပါတယ်” လို့ သ တင်း ရရှိထားပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိ တ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။ Credit

Add a Comment

Your email address will not be published. Required fields are marked *