အောက်ဆီဂျင်တွေ ကျပြီး အသက်ရှူမဝ ဖြစ်နေလို့ ရေနွေးငွေ့ထဲ ပင်စိမ်းရွက် ထည့်ရှူပြီး ကျော်ဖြတ်နေရတဲ့ အခြေအနေကို ပြသလာခဲ့တဲ့ ကျော်ကျော်နန္ဒ

အောက်ဆီဂျင်တွေ ကျပြီး အသက်ရှူမဝ ဖြစ်နေလို့ ရေနွေးငွေ့ထဲ ပင်စိမ်းရွက် ထည့်ရှူပြီး ကျော်ဖြတ်နေရတဲ့ အခြေအနေကို ပြသလာခဲ့တဲ့ ကျော်ကျော်နန္ဒ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ကျော်ကျော်နန္ဒက နွေဦးတော်လှန်ရေး စကတည်းက သူ တတ်နိုင်သ လောက် ပါဝင် လှုပ်ရှားခဲ့ပြီး ဖမ်းဝရမ်း ထုတ်ခံထား ရလို့လည်း တောထဲမှာ ရှောင်တိမ်း နေထိုင်နေခဲ့ရတာ ဖြစ်ပါတယ်။

အရင်တုန်းက ကျော်ကျော်နန္ဒကို စနောက်ခဲ့ကြတဲ့ ပြည်သူတွေကလည်း အခုချိန်မှာ သူ့ရဲ့ စိတ်ဓာတ်ကို လေးစားနေကြတာ ပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျော်ကျော်နန္ဒက သူ့ကို ဖမ်းဝရမ်းထုတ်ထားတဲ့ ၅၀၅ (က) ပုဒ်မ ကို ပြန်လည် ရုတ်သိမ်းပေးတာကြောင့် ပုံမှန်အတိုင်း နေထိုင်နေတာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ ဆိုရင် ကျော်ကျော်နန္ဒလည်း နေမကောင်းဖြစ်နေတာကြောင့် ကျန်းမာရေးကို အထူး ဂရုစိုက်နေရတာ ပဲဖြစ်ပါတယ်။

သူကတော့ ကိုယ်လက်တွေ ကိုက်ခဲကာ အောက်ဆီဂျင်တွေလည်း ကျနေတယ်ဆိုပြီး လွန်ခဲ့တဲ့ (၂) ရက်ကတည်းက လူမှုကွန်ယက် စာမျ က်နှာပေါ်မှာ ရေ းသား ထားတာဖြစ်ပါတယ်။

ကျော်ကျော်နန္ဒကလည်း ပြည်သူ လူထု ကျန်းမာဘေးကင်းဖို့အတွက် ဆု တောင်းပေးရုံက လွဲပြီး ဘာမှ မတတ်နိုင်လို့ ဝမ်းနည်း နေခဲ့တာပဲ ဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက သူ့ရဲ့ ကျန်းမာရေး ပြန်ကောင်းဖို့အတွက် စိတ်ဓာတ် ကြံ့ကြံ့ ခိုင်ခိုင်နဲ့ ဖြတ်ကျော်နေတာ ဖြစ်ပါတယ်။

အသက်ရှူ မဝလို့လည်း ရေနွေးထဲကို ပင်စိမ်းရွက်ထည့်ပြီး အငွေ့ကို ရှူနေတာဖြစ်ပါတယ်။

ကျော်ကျော်နန္ဒက သူအသုံးပြုနေတဲ့ အိမ်တွင်း နည်းလမ်းလေးတွေကိုလည်း ပြည်သူများအတွက် ရေး သားပေးနေတာ ဖြစ်ပါတယ်။

ဒီရောဂါကြီး အမြန်ဆုံး ကျော်ဖြတ်နိုင်ပြီး သက်သာပါစေလို့ ကျော်ကျော်နန္ဒ အတွက် ဆုတောင်းပေးရင်း ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *