အောက်စီဂျင်အိုးအတွက် အလှူကို ဗန်းပြပြီး ပရိတ်သတ်တွေရဲ့ မေတ္တာကို တစ်ဖန်ပြန်လိုချင်နေတဲ့ နေဆန်း

အောက်စီဂျင်အိုးအတွက် အလှူကို ဗန်းပြပြီး ပရိတ်သတ်တွေရဲ့ မေတ္တာကို တစ်ဖန်ပြန်လိုချင်နေတဲ့ နေဆန်း

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဆယ်လီ နေဆန်းကတော့လူမှုကွန်ယက် ထက်မှာဟာ သဗွီဒီယို ဇာတ် လမ်းတိုတွေ ရိုက်ကူး တင်ဆက်ရာမှ ပရိတ်သတ်တွေ စတင် သတိထား မိလားပြီး အောင်မြင်လာခဲ့တဲ့ ဆယ်လီ အနေနဲ့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

နေဆန်းက သူရတဲ့ ဝင်ငွေတွေနဲ့ မကြာခဏဆိုသလို အလှူအတန်းတွေလဲ ပြုလုပ်ပါသေးတယ်။ သူက တော့ လူငယ် အချို့ကိုလဲ ခေါ်ယူပြီး သူ့ရဲ့ဇာတ် လမ်းတိုတွေမှာ ပါဝင် သရုပ်ဆောင်ခိုင်းပြီး အောင်မြင်အောင် ဆွဲခေါ် ခဲ့ပါသေးတယ်။

နေဆန်းကတော့ တော်လှန်ရေး အစပိုင်း လမ်းထွက် လှုပ်ရှားမှုတွေပဲ ခနတာ တွေ့ရပြီးနောက်ပိုင်းမှာ ပျောက်ချင်းမလှ ပျောက်ဆုံး နေခဲ့ပါတယ်။ ဒါကြောင့်လဲ ပရိတ်သတ်တွေရဲ့ ဝေဖန်ပြောမှုကို လဲခံရပါသေးတယ်။

လုပ်ငန်း အချို့ကလဲ ပရိတ်သတ်တွေရဲ့ တောင်းဆိုမှုကြောင့် သူနဲ့ လက်တွဲ ဖြုတ်ခဲ့ကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသား ဖော်ပြလာကြတာလဲ တွေ့ရပါတယ်။

ယခု တစ်ခါမှာလဲ နေဆန်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကို ပြန်လည် ရရှိစေဖို့ အလှူအတန်းတစ်ခု လုပ်ခဲ့ပါတယ်။ ဒါကတော့ ခိုင်နှင်းဝေ ရင်ခွင်ရိပ်မြုံ ဂေဟာအတွက် နေဆန်းမှ အောက်စီဂျင်အိုး ဝယ်ယူရန်အတွက် အလှူငွေ ငါးသိန်းကျပ် လှုဒါန်း၍ လက်ခံ ရရှိပါတယ်ရှင်။

အလှူရှင် တစ်ယောက်စီတိုင်းကို မခိုင်နှင်းဝေနှင့် အ သင်းသူ၊သားများမှ အထူး ကျေးဇူး တင်ရှိပါတယ်ရှင် ဆိုပြီးတော့ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသား ဖော်ပြထားပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း နေဆန်းရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးကြပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တစ်ခြင်းစီတိုင်း အထူး ကျေး ဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *