အူဝဲနဲ့ တွေ့ဖို့သွားတဲ့ ပြေတီဦးရဲ့ ထောင်ထဲကရယ်ရခက် ငိုရခက် အခက်အခဲလေးကို ပြောပြလာခဲ့တဲ့ ပြည်သူတစ်ဦး

အူဝဲနဲ့ တွေ့ဖို့သွားတဲ့ ပြေတီဦးရဲ့ ထောင်ထဲကရယ်ရခက် ငိုရခက် အခက်အခဲလေးကို ပြောပြလာခဲ့တဲ့ ပြည်သူတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဒီကနေ့ အထိ တစ်ရက်လေးမှ မမေ့ဘဲ သတိရ လွမ်းဆွတ်ကြောင်းတွေ ဖော်ပြပေးကြသလို အမြန် လွတ်မြောက်ဖို့ကိုလည်း ဆုတောင်း ပေးနေကြပါတယ် ။

အခုလည်း သူတို့ ဇနီးမောင်နှံနဲ့ ထောင်ထဲမှာ ဆုံခဲ့ရတဲ့ ပြည်သူ တစ်ဦးက ပြေတီဦးတို့ လင်မယားနှစ်ယောက်ရဲ့ ငိုရခက် ရယ်ရခက် အဖြစ်လေးကို အမှတ် တရ ရေးသား ဖော်ပြလာခဲ့ပါတယ် ။

စာလေးဖတ်ပြီး ရယ်နေရတာ အမှန်ပါပဲ ။

ဒါ့အပြင် အူဝဲတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စိတ် သဘောထား ပြည့်ဝပုံတွေကိုလည်း ချီးကျူး စကားဆိုထား ပါသေးတယ် ။

အကြောင်းအရာလေးကတော့ ” မအူဝဲ ဗီဒီယိုလေးတွေ့တော့ သတိရလို့ ဦးတီနဲ့ မအူဝဲတို့ လင်မယား ရီရတာပြောဦးမယ်

ထောင်မှာ တရားဝင် လင်မယား အချုပ် တူတူကျရင် 2 ပတ် တစ်ခါပဲ တွေ့ခွင့်ရှိတယ်။

တနင်္ဂနွေပေါ့ အဲ့မှာ ဦးတီက မိန်းမနဲ့ တွေ့မယ့်နေ့ဆိုတော့ ရှိုးစမိုးနဲ့ရှယ်တွေပြင်ပြီးသွား‌တာပေါ့

ပြန်လာတော့ မျက်နှာကြီး ဆူပုတ်ပြီး ပြန်လာတာဗျာ ဆူပုတ်နေပေမယ့် ပြုံးပြ ရှာပါတယ်။

မင်္ဂလာပါ ဘာညာပေါ့ ကိုယ်တွေ သိတယ်လေ နည်းနည်းတော့ လွဲနေပြီ‌ဆိုတာကို ဘာဖြစ်တာလဲ ဆိုတာ မသိ မသာလေး မေးကြည့်တော့

နို့ထမင်း လှူတာမှာ စာရင်းလွဲလို့ ဆိုလား မအူဝဲက ဆူလိုက်လို့တဲ့ ဗျာ တနေကုန် စိတ်ထိုင်ကောက်နေတာ အခုရောအဆင်များ ပြေကြရဲ့လား မသိဘူး…

၂ ယောက်လုံးက တအား သဘောကောင်းကြတယ်” ဆိုပြီးရေးသားထားရာ ပရိတ်သတ်ကြီး အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Add a Comment

Your email address will not be published. Required fields are marked *