အသက် (၃၀) ပြည့်လို့ အိမ်မှာကပ်နေတဲ့ သားကိုအိမ်ကနေ ထွက်သွားဖို့ တရားစွဲခဲ့တဲ့ မိဘတွေ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အိမ်မှာကပ်နေတဲ့ သားကိုအိမ်ကနေ ထွက်သွားဖို့ တရားစွဲခဲ့တဲ့ မိဘတွေ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တကယ့်ကို မယုံနိုင်စရာ ဖြစ်ရပ်ပါပဲဗျာ။ မိဘတွေဆိုတာ သားသမီးဒဏ်ကို တတ်နိုင်သလောက်တော့ ခံကြပါတယ်။

မွေးကတည်းက အရွယ် ရောက်တဲ့ အထိ ကျွေးမွေးပြုစုခဲ့ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်လည်း ပညာတွေ သင်ပေးခဲ့ပါတယ်။

အချိန်တန်ရင် မိမိတို့ကတောင် မိဘကို ပြန်ကြည့်ရဦးမှာပါ။ နယူးယောက်မြို့က ၎င်း မိဘနှစ်ဦးကတော့ သူတို့ သားဒဏ်ကို မခံနိုင်တော့ပုံပါပဲဗျာ။

အသက် (၃၀) ကျော်တဲ့ အထိ အလုပ် မလုပ်ဘဲ မိဘအိမ်မှာ ကပ်နေနေသေးတဲ့ သားကို အိမ်ကနေ ထွက်သွားဖို့ တရားစွဲလာခဲ့ပါတယ်။

မိုက်ကယ်ရိုတန်ဒို အမည်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အသက် (၃၀) ကျော်တဲ့ အထိ မိဘ အိမ်မှာ ကပ်နေနေပြီး အိမ်အလုပ်တွေ ကူပေးသလားဆိုလည်း မကူပေး အိမ်စရိတ် ထောက်လားဆိုတော့လည်း မထောက်တဲ့အတွက် မိဘတွေက သည်းမခံနိုင်တော့တဲ့ အဆုံး အခုလို ဆုံးဖြတ်ခဲ့ကြပါတယ်။

မိဘတွေဟာ ရိုတန်ဒိုကို တရားမစွဲခင် ထွက်သွားဖို့ သတိပေးစာ (၅) ခါလည်း ပေးခဲ့ပြီး စရိတ်တောင် ထုတ်ပေးခဲ့ပါသေးတယ်။

နောက်ဆုံး တစ်ကြိမ်မှာ မတ်လ (၁၅) ရက်နေ့မှ ထွက်မသွားရင် ငါတို့ တရားစွဲတော့မယ်။

အရည်အချင်း မရှိတဲ့လူတွေ အတွက်တောင် အလုပ်တွေရှိတာ မင်းလည်း အလုပ်ရှာ လုပ်သင့်တယ်လို့ ရေးသားလာခဲ့ပြီး ရွှေ့ပြောင်းဖို့ ဒေါ်လာ (၁,၁၀၀) တောင် ထုတ်ပေးခဲ့ပါသေးတယ်။

ဘယ်လိုပြောပြော ရိုတန်ဒိုဟာ အလုပ်လည်း မလုပ် အိမ်ကနေလည်း ထွက်မသွားခဲ့တဲ့ အဆုံး မိဘတွေက တရားစွဲလာခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မိဘဖြစ်သူတွေ အမှုနိုင်သွားခဲ့ကြပြီး ရိုတန်ဒိုကို အိမ်ကနေ ထွက်သွားဖို့ တရားရုံးက အမိန့်ချလာခဲ့ပါတယ်။

သူတို့ အနောက်တိုင်းမှာ သားသမီးတွေ အရွယ်ရောက်ရင် မိဘ အိမ်က ထွက်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကြတာက ထုံးစံတစ်ခုဆိုလည်း မမှားပါဘူး။

ရိုတန်ဒိုဟာ အိမ်က ထွက်မသွားတဲ့ အပြင် အလုပ်လည်း မလုပ်၊ ထောက်လည်း မထောက်ပံ့တာကြောင့် မိဘတွေအတွက် အခက်အခဲဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ရိုတန်ဒိုအတွက် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *