အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ရင်း သံပန်းတံခါးကြား ခေါင်းခံသွားလို့ (၅) နာရီကြာမှပြန်ထုတ်နိုင်ခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ရင်း သံပန်းတံခါးကြား ခေါင်းခံသွားလို့ (၅) နာရီကြာမှပြန်ထုတ်နိုင်ခဲ့တဲ့ အမျိုးသမီးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ တစ်ခါတစ်လေ လူတွေက ကိုယ့်ဘာသာကိုယ်နေပြီး ကိုယ့်ကိစ္စဘဲ ကိုယ်ပူနေသင့်ပါတယ်။

အမျိုးသမီးတစ်ဦးက သူမရဲ့ အိမ်နီးချင်းအကြောင်းကို သိချင် စပ်စုချင်လွန်းလို့ သူမ အပေးအယူ လုပ်ထားတာထပ် ပိုရခဲ့ရပါတယ်။ သူများအကြောင်းကို စပ်စုချင်လွန်းတဲ့ ၎င်း အမျိုးသမီးက အိမ်နီးချင်းရဲ့သံပန်းတံခါးမှာ ခေါင်းခံနေခဲ့ပြီး ထုတ်မရဘဲ (၅) နာရီကြာသွားခဲ့ရပါတယ်။

၎င်းအဖြစ်အပျက်ဟာ Colombia နိုင်ငံ La Virginia မြို့မှာ ဖြစ်ပွားလာခဲ့ပါတယ်။ သူမဟာ အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ပြီး spy လုပ်ကာ သူငယ်ချင်းတွေဆီ စ ကားပြောစရာရှိအောင် ကြိုးစားနေခဲ့ပုံပါဘဲ။

ကံမကောင်းစွာနဲ့ ၎င်း စပ်စုလွန်းတဲ့ အ မျိုးသမီးက အိမ်နီးချင်းရဲ့ အရက်ဆိုင် ဂိတ်တံခါးကြားကို သူမခေါင်းအား စွတ်ထည့်ဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ သူမက ခေါင်းကို အထဲထည့်နိုင်ခဲ့ပေမဲ့လည်း နေထိုင် မသက်သာဖြစ်ခဲ့ရပါတယ်။

ထို့နောက် သူမက ခေါင်းပြန်ထုတ် မရတော့တာကြောင့် အိမ်နီးချင်းအား ကယ်ဆယ်ရေး သမားခေါ်ပေးဖို့ အကူအညီပြန်တောင်းလာခဲ့ရပါတယ်။ ကယ်ဆယ်ရေး အမျိုးသားတွေက သူမအား အရှက်ရစေတဲ့ အဖြစ်ကနေ လွတ်မြောက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေခဲ့ပေမဲ့ နောက်ဆုံး အရက်ဆိုင်ရဲ့ ဂိတ်တံခါးမှ ဆွဲထုတ်ဖို့ အချိန် (၅) နာရီကြာသွားခဲ့ရပါတယ်။

ခေါင်းထုတ်ဖို့ (၅) နာရီကြာအောင် ဘာကြောင့်ကြာမြင့်သွားခဲ့ရတာကို မသိပေမဲ့ အချို့က ကယ်ဆယ်ရေးသမားများက ၎င်း အမျိုးသမီးရဲ့အဖြစ်ကို မရယ်ဖို့ ကြိုးစားနေခဲ့ကြတာကြောင့် သူမရဲ့ အခြေအနေကို ကိုင်တွယ်ဖို့ ခက်ခဲကြာမြင့်သွားခဲ့ရကြောင်း လူတစ်ယောက် ကပြောပြလာခဲ့ပါတယ်။

ထုံးစံအတိုင်း စပ်စုလွန်းတဲ့ သူမရဲ့အဖြစ်က social media ပေါ် အထူးတလည် ပြောပြစရာမလိုအောင် ချက်ချင်းပျံ့နှံ့သွားခဲ့ပြီးနောက် လူအချို့က အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ဖို့ သူမမှာ နည်းလမ်းကောင်းရှိနေတယ်လို့ဆိုကြသလို အချို့ကလည်း အတင်း အဖျင်းပြောရတာကို ကြိုက်တဲ့လူတွေအတွက် သင်ခန်းစာဖြစ်သင့်တယ်လို့ ဆိုခဲ့ကြပါတယ်။

အမျိုးသမီးရဲ့အဖြစ်ကလည်း ရပ်ကွက်ထဲက ဘာကိစ္စဘဲဖြစ်ဖြစ် စပ်စုရမှာ ကျေနပ်တတ်တဲ့ အဒေါ်ကြီးအုပ်စုနဲ့ တူနေပါပြီလေ။အခုလိုဖြစ်ရပ်ကြောင့် ၎င်း အမျိုးသမီးလည်း နောက်ပိုင်း စပ်စုပြီး အ တင်းအ ဖျင်းပြောရတာကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်ဗျာ။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အ မျိုးသမီးအပေါ် ထင်မြင်ချက်လေးတွေ ရေး သားခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆု တောင်းပေးလိုက်ပါတယ် ခင်ဗျာ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *