အိမ်နားက အိမ်ထောင်သည်အမျိုးသမီးနဲ့ ဖောက်ပြန်ဖို့ အိမ်အောက်မှာ လိုဏ်ဂူတူးခဲ့တဲ့ အမျိုးသား (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ပါ)

အိမ်နားက အိမ်ထောင်သည်အမျိုးသမီးနဲ့ ဖောက်ပြန်ဖို့ အိမ်အောက်မှာ လိုဏ်ဂူတူးခဲ့တဲ့ အမျိုးသား

ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ (Mexico) နိုင်ငံ (Villas del Prado) မြို့ရဲ့ Tijuana ရပ်ကွက်မှာ Alberto အမည်ရှိတဲ့ အမျိုးသားတစ်ယောက်က အိမ်နီးနားချင်းရှိ အိမ် ထောင်သည် အမျိုးသမီးတစ်ဦးနှင့် အချစ် ဇာတ် လမ်းရှိနေတဲ့အပြင် Albertoက သူ့ရဲ့အိမ်အောက်မှာလျှို့ဝှက် ဥမင်လိုဏ်ခေါင်းကို ဖောက်ပြီး သူချစ်ရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူ Jorge တို့ရဲ့အိမ်နှင့် ဆက်သွယ်ထားတဲ့ ဥမင် လိုဏ်ခေါင်း လမ်းကြောင်းတစ်ခုကို တည်ဆောက်လာခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူ Jorge ရဲ့ လုံခြုံရေး အလုပ်မဖြစ်တဲ့ အချိန်မှာ Alberto က သူမအား အခက် အခဲမရှိ လည်ပတ်နိုင်ရန်အ တွက် တည်ဆောက်လာခဲ့ပါတယ်။

တစ်နေ့ ခါတိုင်း အချိန်ထက် အိမ်ကိုစောပြီးပြန်လာခဲ့တဲ့ Jorgeက သူ့အား လှည့်စားနေတဲ့ စုံတွဲရဲ့ဟန်ဆောင်မူကို ကိုယ်တိုင် ဖမ်းမိလာခဲ့ပါတယ်။

Jorgeက သူတို့ရဲ့ကုတင်အောက်ကို စစ်ဆေးကြည့်ပေမဲ့ Alberto ကို ရှာမတွေ့ခဲ့ပါဘူး။ ထို့နောက် အိပ်ရာ နောက်ကွယ်မှာ ပုန်းနေခဲ့တဲ့ Albertoကို မပျောက်သွားခင် လျှပ်တပြက် မြင်လိုက်တော့ Jorge ဟာ သူတို့ရဲ့အိပ်ရာအနီးသို့ ဦးတည်သွားပြီး အိပ်ရာနားက အပေါက်တစ်ပေါက်ကို တွေ့ခဲ့ရပါတယ်။

Jorgeဟာ ၎င်း အပေါက်မှ ဆင်းပြီးနောက် Alberto အိမ်သို့ ဦးတည်တဲ့လမ်းကြောင်းတစ်ခုကို တွေ့ခဲ့ရပါတယ်။

မီဒီယာများမှ ထုတ်ပြန်ခဲ့တဲ့ ဥမင် လိုဏ် ခေါင်းရဲ့ဝင်ပေါက်ဓာတ်ပုံတွေအရ Alberto ရဲ့လုပ်ရပ်က ဆရာကျလွန်းခဲ့ပါတယ်။

Albertoက သူ့ဇနီးထံမှ အချစ်ရဖို့အတွက် ကြိုးစားနေတာကြောင့် Jorge အား သူမနဲ့ ကွာရှင်းပေးဖို့ တောင်းပန်ခဲ့ပေမယ့် လိမ် လည်ခံလိုက်ရတဲ့ Jorge က ဘယ်သူ့ကိုမှ ရမှာမဟုတ်ကြောင်း နှင့် သူ့ဇနီးရဲ့ ချစ်မြတ်နိုးရသူနဲ့လည်း တိုက်ပွဲဝင်လို့ရကြောင်း ပြောပြလာခဲ့ပါတယ်။

ထို့နောက် ရဲများက ၎င်း အ ခင်းဖြစ်ပွါးရာနေရာသို့ ရောက်လာပြီး အ ခြေအနေကို ရှုပ်ထွေးသွားစေတဲ့ Alberto ကို ဖမ်းခေါ် လာခဲ့ကြပါတယ်။ သူများယော ကျာ်း မသိအောင် အိမ်အောက် လိုဏ်ဂူဖောက်ပြီး ဖောက်ပြန်ရတဲ့ အထိဆိုတော့ တော်ရုံစကေး မဟုတ်ပါလားဗျာ။

ပရိတ်သတ်ကြီးအားလုံးရဲ့ ထင်မြင်ချက်လေးတွေလည်း ရေးသား ခဲ့ပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း မင်္ဂလာညချမ်းလေး ဖြစ်ပါစေ။

Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *