အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူလာခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ် (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အိမ်ထောင်မပြုပဲ ကလေးပဲလိုချင်လို့ အငှားကိုယ်ဝန်နဲ့ ကလေးယူလာခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့အဖြစ်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အကြောင်းလေးကတော့ အိမ်ထောင် ကျပြီး ဇနီးမောင်နှံ အများစုက မိသားစုလေးတစ်ခု ဖန်တီးနိုင်ဖို့ အချိန်ယူရပါတယ်။ ငွေ ရေးကြေးရေး အဆင်မပြေလို့ ကလေးမယူသေးတာ ချို့ယွင်းချက်ရှိလို့ သားသမီးမရနိုင်တာ စတဲ့ ပြဿနာတွေက ကလေးရဖို့ ကြန့်ကြာစေခဲ့ပါတယ်။

ဒါပေမယ့် ကနေဒါနိုင်ငံသား နေသန်ချန်ဆိုသူ အမျိုးသားတစ်ဦးက ဖခင်တစ်ယောက်ဖြစ်ချင်တာကြောင့် ကလေးရဖို့အရေး (၈) နှစ်တိုင် ကြိုးစားအားထုတ်လာခဲ့ပါတယ်။

အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ ချန်က ကျွန် တော်က အခုထက်ထိ လူလွတ်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျွန်တော့်အတွက် သင့်တော်တဲ့ အမျိုးသမီးကလည်း မတွေ့သေးပါဘူး။

ဒါပေမယ့် ကျွန်တော်က မိသားစုဘဝလေး ဖန်တီးချင်ခဲ့ပါတယ်။ ကလေးလိုချင်ခဲ့ပါတယ်။ သူများတွေလို အသက်ကြီးမှ က လေးချီရတာမျိုး မဖြစ်ချင်ပါဘူးဆိုပြီး ပြောပြလာခဲ့ပါတယ်။

ဒီလောက်တောင် ကလေးလိုချင်မှဖြင့် က လေးမွေးစားလိုက်ပြီးရောလို့ ထင်ကောင်းထင်မိကြမှာပါ။ ဒါပေမယ့် ချန်က သူ့အနေနဲ့ ကလေးမွေးစားဖို့ အေဂျင်စီတွေ အများကြီးကို လျှောက်လွှာတင်ပြီး ဖြစ်ပေမယ့် မအောင်မြင်ဘူးလို့ ပြောခဲ့ပါတယ်။

အထူးသဖြင့် ကလေးမိဘတွေက သူတို့ သားသမီးကို လူပျို လူလွတ်တစ်ယောက်က မွေးစားမှာကို လက်မခံချင်ဘူးလို့ ပြောပြလာခဲ့ပါတယ်။

ချန်အနေနဲ့ နောက်ဆုံးမှာ ရွေးစရာနည်းလမ်းမရှိတော့တာကြောင့် အငှားကိုယ်ဝန်နဲ့ ကလေးမွေးခိုင်းဖို့သာ စိတ်ကူးပေါ်လာခဲ့ပါတယ်။ ကလေးမရနိုင်တဲ့ စုံတွဲတွေကြားမှာ ကိုယ်ဝန် ကိုယ်စားဆောင်တဲ့ကိစ္စက တွင် ကျယ်လာတာကြောင့် ချန်က ဒီနည်းလမ်းကိုပဲ အသုံးပြုဖို့ စိတ်ကူးရလာခဲ့ပါတယ်။

သူ့အကြောင်းကြားရတဲ့ သူတွေကတော့ ရည်းစားတစ်ယောက် လောက်ထားလိုက်ပါလား။ ဘာလို့ လက်ထပ်ပြီးတဲ့အထိ မစောင့်နိုင်ရတာလဲစသဖြင့် ကလေးယူဖို့ ဝေဖန်ကြပေမယ့် ချန်က လက်မလျော့ခဲ့ပါဘူး။

အငှားကိုယ်ဝန်နဲ့ ပတ်သက်လို့ ချန်က အနှောင့်အယှက်အမျိုးမျိုးနဲ့ ကြုံပြီးကာမှ အခုလို ကလေးရခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အငှား ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက ကလေးပျက်ကျတာ ကလေးသေတာစတဲ့ ပြဿနာတွေကို တွေ့ကြုံခဲ့ရပါသေးတယ်။

နှစ်ပေါင်းများစွာ စောင့်အပြီး ဒေါ်လာ (၂၅၀,၀၀၀) လောက် အငှား ကိုယ်ဝန်တွေအတွက် ကုန်ကျပြီးနောက်မှာတော့ သမီးလေးတစ်ယောက်ကို ရယူနိုင်ခဲ့ပါပြီ။ ချန်က အခုဆိုရင် ကျွန်တော့်မှာ သမီးလေးရှိနေပါပြီ။

မိသားစုလေးရပါပြီ။ သူများကလေးတွေက မိစုံဖစုံရှိပေမယ့်လည်း ကျွန်တော်က တစ်ယောက် တည်းသမားဆိုတော့ သမီးလေးကို နှစ်ယောက်စာ ပိုပြီး စောင့်ရှောက်ရပါတယ် လို့လည်း ပြောပြလာခဲ့ပါတယ်။

ချန်က သူ့အဖြစ် မိန်းမမယူချင်ပဲ ကလေးပဲလိုချင်တဲ့ အမျိုးသားတွေအဖို့တော့ စိတ်အားတက်ဖွယ်ရာ ဖြစ်လိမ့်မယ်လို့ ပြောသွားပါသေးတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ၎င်း အမျိုး သားအပေါ် ထင်မြင်ချက်လေးတွေ ရေးသားခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ်တွေ ကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *