အိမ်ခြေယာမဲ့တစ်ဦး ဆံပင်ညှပ်လိုက်ပြီးနောက် လူရာဝင်ပြီး အလုပ်ပါရခဲ့ (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အိမ်ခြေယာမဲ့တစ်ဦး ဆံပင်ညှပ်လိုက်ပြီးနောက် လူရာဝင်ပြီး အလုပ်ပါရခဲ့

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ အိမ်ခြေ ယာမဲ့ အမျိုး သားရဲ့ ဆံပင်ညှပ်ပြီးနောက် ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေကို စာဖတ်သူတို့ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

ဖြစ်စဉ်က Kiet Duy Nguyen အမည်ရှိတဲ့ အမျိုး သား တစ်ဦးက လမ်းမပေါ်မှာ မမျှော်လင့်ထားတဲ့ အိမ်ခြေမဲ့ တစ်ဦးကိုတွေ့ရှိခဲ့ပြီး ခေါ်ဆောင်သွားခဲ့ပြီးနောက် အစား အသောက်တွေကျွေးပြီး ဆံပင်ပါ ညှပ်ပေးခဲ့ပါတယ် ။ ဆံပင်ညှပ်ပြီးနောက်မှာ လုံးဝ လူကြီး လူကောင်ပုံစံသို့ ပြောင်းလဲသွားခဲ့ပါတယ် ။

ဒါ့အပြင် သူ့ရဲ့ social media မှာ အဆိုပါ အိမ်ခြေမဲ့ တစ်ဦးရဲ့အဖြစ်ကို ဝေမျှခဲ့ပြီး အလုပ် တစ်ခုပေးဖို့ကိုပါ တောင်းဆိုပေးခဲ့ပါတယ် ။

နောက်တစ်ရက်မှာပဲ အိမ်ခြေမဲ့က တိတ်တဆိတ် Kiet ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ် ။

Kiet က အနည်းငယ်စိုးရိမ် ပူပန်ခဲ့ပြီး အိမ်ခြေမဲ့အ တွက် လုံခြုံစိတ်ချရတဲ့ အဖြစ်ကိုသာ မျှော်လင့်နေခဲ့လို့ အိမ်ခြေမဲ့ကို တွေ့ရှိခဲ့ရင် သူ့ကို ဆက်သွယ်ပေးဖို့ လူအတော် အများကို အကူ အညီ တောင်းခံခဲ့ပါတယ် ။

ရက်အတော်ကြာတဲ့ အချိန်ရောက်မှ အိမ်ခြေမဲ့က အလုပ်အကိုင် လိုက်လံ ရှာဖွေနေခဲ့ပေမဲ့ လုံးဝ အဆင်မပြေနေဘူး ဆိုတဲ့ သတင်းကို Kiet က ကြားသိသွားခဲ့ရပါတယ် ။

ထို့ကြောင့် Kiet က အိမ်ခြေမဲ့ကို ချက်ချင်းသွားခေါ်ပြီး နေအိမ်မှာ ထမင်း ကျွေးမွေးဧည့်ခံပြီး အလုပ် အ ကိုင် အသစ်တစ်ခုကိုပါ ရှာဖွေပေးခဲ့ပါတယ် ။

ယခုချိန်မှာတော့ အိမ်ခြေမဲ့က ကား ရေဆေးဆီလိုက်ဆိုင်မှာ အလုပ် အကိုင်ရရှိခဲ့ပြီး နေရေး ၊ စားရေးပါ လုံးဝအဆင်ပြေနေခဲ့ပြီး အိမ်ခြေယာမဲ့ မဟုတ်တော့ဘဲ တရားဝင် အလုပ်အကိုင် ရရှိနေခဲ့ပြီဖြစ်ကြောင်း သိရပါတယ် ။

ပရိတ်သတ်ကြီးအားလုံးလည်း အိပ်ယာမဲ့ အမျိုးသားအတွက် အားပေးစကားလေးတွေ ပြောခဲ့ပါအုံးနော်။ အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူးကျေးဇူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *