အိမ်ကို သုံးဘီးနဲ့ပြန်ပြီး ထမင်းနဲ့ဟင်းအိုးတွေယူလာပြီး လမ်းပေါ်က ခလေးတွေအတွက် ကျွေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အိမ်ကို သုံးဘီးနဲ့ပြန်ပြီး ထမင်းနဲ့ဟင်းအိုးတွေယူလာပြီး လမ်းပေါ်က ခလေးတွေအတွက် ကျွေးလိုက်တဲ့ စေတနာရှင်ပြည်သူတစ်ဦး

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဖေဖော်ဝါရီလ (၂၇) ရက်နေ့ ဒီနေ့မှာဆိုရင် လူထု လှုပ်ရှားမှုတွေမှာ လူထောင်ပေါင်းများစွာ ပါဝင်ကြပြီး မြို့နယ်တိုင်းနီးပါးမှာ တက်တက်ကြွကြွနဲ့ ဆောင်ရွက် နေကြတာဖြစ်ပါတယ်။

လူငယ်တွေကလည်း မိမိတို့ရဲ့ အသက် အန္တရာယ် လုံခြုံရေးအတွက် အကာ အကွယ်ပစ္စည်းတွေကို ယူဆောင်လာပြီး လမ်းပေါ်ထွက်နေကြတာ ဖြစ်ပါတယ်။

ခုလက်ရှိ အခြေအနေမှာဆိုရင် ပြည်သူတွေက ရက်ပေါင်း (၅၀) ကျော် ကြာမြင့် နေပြီဖြစ်ပေမယ့်လည်း ဘယ်သူမှ အားမလျော့ကြဘဲ နည်းလမ်း အမျိုးမျိုးနဲ့ လှုပ်ရှားနေကြဆဲ ဖြစ်ပါတယ်။

လူငယ်တွေကတော့ နေ့စဉ် ရက်ဆက် လမ်းပေါ်ထွက်နေကြပေမယ့် မမောမပန်းကြဘဲ အားအင် အပြည့်နဲ့ ရင်ဆိုင်နေကြလို့ အရမ်း လေးစားဖို့ကောင်းတဲ့ Gen Zတွေ ဖြစ်ပါတယ်။

လမ်းပေါ်မှာ လှုပ်ရှားနေကြတဲ့ လူငယ်တွေအတွက်လည်း စေတနာရှင် ပြည်သူတစ်စုက စားစရာတွေကို အမြဲ လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ်။

အခုဆိုရင်လည်း စေတနာရှင်ပြည်သူတစ်ဦးက ကလေးတွေ ဗိုက်ဆာနေကြပြီဆိုပြီး အိမ်ကို သုံးဘီးနဲ့ပြန်ကာ ထမင်းနဲ့ ဟင်းအိုးတွေကို ယူလာပေးတာပဲ ဖြစ်ပါတယ်။ အရမ်းကို ချစ်ဖို့ကောင်းတဲ့ စိတ်ဓာတ်လေးတွေပါ။

လူငယ်တွေကလည်း လမ်းဘေးမှာပဲ ထမင်းနဲ့ ဟင်းတွေကို အားရပါးရ စားနေကြတာဖြစ်လို့ လှူရတဲ့ စေတနာရှင် အနေနဲ့လည်း ပီတိ ဖြစ်စရာကောင်းပါတယ်။

အခုလိုမျိုး ကိုယ်ချင်းစာစိတ် အပြည့်ရှိပြီး ရက်ရက် ရောရော လှူဒါန်းတတ်တဲ့ ပြည်သူတွေကြောင့် လမ်းပေါ်မှာ ရင်ဆိုင်နေကြတဲ့ လူငယ်တွေလည်း အဆင် ပြေပြေနဲ့ ရှေ့သို့ ချီတက်နေနိုင်ကြတာပဲ ဖြစ်ပါတယ်။

မိမိမှာ ရှိတာလေးကို စေတနာအပြည့်နဲ့ ကျွေးမွေးနေတဲ့ ပြည်သူတစ်ဦးရဲ့အလှူကို သာဓုခေါ်ရင်း ပြန်လည် မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။ အရေးတော်ပုံကြီး အောင်ရမည်။

Tags:

Add a Comment

Your email address will not be published. Required fields are marked *