အိမ်ကို ဖေဖေ ပြန်မလာနိုင်သေး တဲ့အချိန် သားချစ်တဲ့မေမေနဲ့ ညီလေးကို စောင့်လျှောက်ပေးနိုင်ပါစေဆိုပြီး မွေးနေ့ဆုတောင်းပေးလာတဲ့ ကိုပေါက်

အိမ်ကို ဖေဖေ ပြန်မလာနိုင်သေး တဲ့အချိန် သားချစ်တဲ့မေမေနဲ့ ညီလေးကို စောင့်လျှောက်ပေးနိုင်ပါစေဆိုပြီး မွေးနေ့ဆုတောင်းပေးလာတဲ့ ကိုပေါက်

မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေရဲ့အချစ်တော် ဒါရိုက်တာ ကိုပေါက်က ဒီနေ့မှာ မွေးနေ့ကျရောက်တဲ့ သူရဲ့ သားအကြီးလေး မွေးနေ့အတွက် မွေးနေ့ဆုမွန်ကောင်းလေး သူ့ရဲ့ လူမှုကွန်ရက်စာ မျက်နှာကနေ ဆုတောင်းပေးလာခဲ့ပါတယ်။

ကိုပေါက်က “သားကြီး အတွက် မွေးနေ့ဆု တောင်း။ သားသားရေ သားသားကို ဖေဖေတို့က နှစ်တိုင်း နှစ်တိုင်းမွေးနေ့ လုပ်ပေးခဲ့ပါတယ်။

မွေး နေ့တိုင်းလည်း ဖေဖေတို့မိသားစု အတူတူ အမြဲရှိခဲ့ကြပါတယ်။ ဆယ်ကျော်သက်ဖြစ်တဲ့ ဒီ (၁၁) နှစ်ပြည့်မွေးနေ့ကျမှ အတူတူရှိ ခွင့်မရတာ နာကျင်ရပါတယ် သားရေ။

ဒါပေမယ့် ဖေဖေတို့ ထက်ဆိုးတဲ့ မိသားစုဘဝတွေ အများကြီး ပြန်ဆုံခွင့် မရတော့တာတွေ ထက်စာရင်တော့ ဖြေသာပါ တယ်သားရေ။

တချို့ မိ သားစုတွေဆိုရင် မွေးနေ့ဆုတောင်း ပေးစရာတွေမရှိတော့ဘူး။ တချို့ ကိုကို မမ ဦးဦး ဒေါ်ဒေါ်တွေက မိသားစုထံကို ဘယ်တော့မှ ပြန်မလာနိုင်တော့ ဘူးသားရေ။ သူတို့ဘဝတွေက ပိုသနားဖို့ကောင်းတယ်။

ကိုယ်အဆင် ပြေနေလို့ ပတ် ဝန်းကျင်ကို မေ့ထားတတ်တဲ့ လူမဖြစ်အောင် အဆိုးနဲ့အကောင်း၊ အကျိုး အကြောင်းကို ခွဲခြားဆုံးဖြတ်တတ်တဲ့ ဉာဏ်အမြှော် အမြင်ရှိပါစေသား။

တရားခြင်းနဲ့ မတရားခြင်း၊ဓမ္မနဲ့အဓမ္မကို ခွဲခြားသိ တတ်ပြီး အမှန်တရားဖက်က အမြဲတန်းရပ်တည်ပြီး ခိုင်မာတဲ့စိတ်ဓာတ်တွေ အမြဲရှိပါစေသားသားရေ။

အိမ်ကိုဖေဖေ ပြန်မလာနိုင်သေး တဲ့အချိန် သားချစ်တဲ့မေမေနဲ့ ညီလေးကို စောင့်လျှောက်ပေးနိုင်ပါစေ။ ဖေဖေအရမ်းချစ်တဲ့ ကိုကြီးသော်ရေ။

သားသားဘဝမှာ အဆင်မပြေခဲ့ တာတွေရှိခဲ့ရင် ဖေဖေ့ကိုနားလည်ပေးပါ။ ဖေဖေဆူခဲ့၊ဟောက်ခဲ့၊ရိုက်ခဲ့မိတာတွေက သားသားကို မချစ်လို့ မုန်းလို့မဟုတ်ဘူးဆိုတာ သားသားသိပါစေ။

သားသားရဲ့လိုအင်ဆန္ဒများ ပြည့်ဝပါစေသားရေ။ ဖေဖေမရှိတဲ့အချိန် မေမေ့စကားနား ထောင်ပါသားရေ။ ဖေဖေစိတ်ပူတယ်။ သားသားတို့ ညီအစ်အစ်ကိုနှစ်ယောက်က စမက်ဒေါင်းဆော့ဖို့ ဖေဖေ့ကိုမျှော်နေတဲ့ အချိန် ဖေဖေ ပြန်မလာနိုင်သေးဘူး။ အခုတော့ မေမေနဲ့ ဆော့ထားနှင့်နော်။

ဖေဖေပြန်ရောက်မှ အသားကုန်ဘချကြမယ်။ အား မွေးထား လက်ကို ခဏခဏဆေး mask တပ်ပြီး အားရှိအောင်စားကြနော်။ သားသားတို့ အမြဲကျင့်သုံးရမယ့် တရားက ချစ်စရာကောင်းတဲ့ လူကိုချစ်ပါ။

မုန်းစရာကောင်းတဲ့ လူကို သနားပါတယ်ဆိုတဲ့ စိတ်နည်းနည်းမှမထားပဲ ပြတ်ပြတ် သားသား မုန်းတတ်ရမယ်။

အမှန်တရားကို တန်ဖိုးထားပြီးချစ်တတ်တဲ့သူ အမျိုးဘာသာ သာသနာနဲ့တိုင်းပြည်ကိုချစ်တဲ့သားကြီးဖြစ်ပါစေ။

ရောဂါကပ်ဆိုးနဲ့ စနစ်ဆိုးကနေ သားသားတို့လိုက လေးများအားလုံး နောက်ဘယ်တော့မှ မကြုံတွေ့ရပါစေနဲ့ လို့ဖေဖေဆုတောင်းပါတယ်။

သားရဲ့အဝေးရောက်ဖေဖေ ၁၆.၇.၂၀၂၁” ဆိုပြီး သားကြီးရဲ့မွေးနေ့မှာ မွေး နေ့ ဆုတောင်းနဲ့ အတူ ဆုံးမစ ကားရယ် အတူမရှိပေးနိုင် မွေးနေ့ပွဲလေး မလုပ်ပေး

နိုင်တဲ့အ တွက် စိတ်မကောင်းဖြစ် ကြောင်းကိုလည်း ဖော်ပြ ထားခဲ့တာကို ပရိတ်သတ်တွေ အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *