အားပေးတဲ့ ပရိတ်သတ်အများကြီးမရှိသော်လည်း တစ်ညထဲ ဆုငွေ (၁၇) သိန်းရရှိလို့အတိုင်းမသိ ပျော်ရွှင်နေခဲ့တဲ့ မင်းသားချောလေး စွမ်းဇာနည်

အားပေးတဲ့ ပရိတ်သတ်အများကြီးမရှိသော်လည်း တစ်ညထဲ ဆုငွေ (၁၇) သိန်းရရှိလို့အတိုင်းမသိ ပျော်ရွှင်နေခဲ့တဲ့ မင်းသားချောလေး စွမ်းဇာနည်

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ ဇာတ် မင်းသား စွမ်းဇာနည်က သူရဲ့ အောင်မြင်နေဆဲဖြစ်တဲ့ စွမ်းသဘင်ကို မကြာသေးတဲ့ အချိန်ပိုင်းလောက်က ပြန်လည် ထူထောင်လိုက်တာ ပရိတ်သတ်တွေလည်း သိပြီးသားဖြစ်မှာပါ။

တစ်ချိန်က နှုတ်ခမ်းနီ မလေးဆလးတွေရဲ့ သည်းသည်းလှုပ် အားပေး ချစ်ခင်ခဲ့ကြတဲ့ သရုပ်ဆောင် မင်းသားချောလေး စွမ်းဇာနည်ဟာ ဇာတ်သဘင် လောကမှာလည်း ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ဦးဆိုလည်း မမှားပါဘူး။

စွမ်းဇာနည်ဟာ အနုပညာ အရည်အချင်း ပြည့်ဝသူဖြစ်ပြီး ကြိုးကြိုးစားစား လုပ်ကိုင်လေ့ရှိတာကြောင့် ပရိတ်သတ် အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူရဲ့ စွမ်းသဘင်မှာ ဇာတ် ဆောင် မင်းသား တစ်ယောက်အနေနဲ့ ကပြဖျော်ဖြေတာဖြစ်ပြီး မနေ့ညကလည်း အဖွဲ့သားတွေနဲ့အတူ စည်းလုံးစွာ ကပြခဲ့တာပဲ ဖြစ်ပါတယ်။ စွမ်းက ဇာတ်ခုံမြင့်ထက်က အဖွဲ့သားတွေနဲ့ ကပြထားတဲ့ ပုံလေးတွေကို လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြန်လည် မျှဝေလာခဲ့ပါတယ်။

ပုံလေးတွေနဲ့အတူ ဝမ်းသာစရာ စကားလေးကိုလည်း ပြောလာခဲ့ပါသေးတယ်။ ဒါကတော့Today shoting ပရိတ်သတ်မရှိသော်ညားလည်း တစ်နိုင်ငံလုံးက ချစ်ပြီး ဆုချငွေ( ၁၇)သိန်းကို ချီးမြင့်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကို ချစ်ပါတယ်ဗျာဆိုပြီး ဆုငွေများစွာ ရရှိတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

အခုလို ဆုငွေများစွာကို တစ်ညထဲ ရရှိလိုက်တဲ့ စွမ်းသဘင်အဖွဲ့အတွက် ဝမ်းမြောက်ရင်း ပရိတ်သတ်တွေ သိရှိစေဖို့အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးအားလုံးလည်း ဇာတ် မင်းသားလေး စွမ်းဇာနည်အတွက် အားပေးစကားလေးတွေ ပြောပေးကြပါအုံးနော်။ ဖတ်ရူ့အားပေးကြတဲ့ ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ ပိုင်ဆိုင် နိုင်ကြပါစေလို့ ဆုတောင်းပေးလိုင်ပါတယ် ခင်ဗျာ။

Add a Comment

Your email address will not be published. Required fields are marked *