အာရပ်စော်ဘွား ပြည်ထောင်စုမှာ Squid Game ကိုလက်တွေ့ ဘဝဗားရှင်းနဲ့ အမှန်တကယ် ပြုလုပ်ပေးသွားမည်ဟု သိရ

အာရပ်စော်ဘွား ပြည်ထောင်စုမှာ Squid Game ကိုလက်တွေ့ ဘဝဗားရှင်းနဲ့ အမှန်တကယ် ပြုလုပ်ပေးသွားမည်ဟု သိရ

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ Squid Game ရဲ့ ကြည့်ရှုသူများစွာက ကစားသမားများ ကြုံတွေ့ရတဲ့ ကြောက်စရာ အဖြစ် အပျက်များကို

ကြည့်ရင်း ထိတ်လန့် တုန်လှုပ် သွားသော်လည်း အချို့က ဒီဂိမ်းသာရှိရင် သူတို့ ကိုယ်တိုင် ဝင်ကစားမယ်ဆိုတဲ့ စိတ်ကူးတွေ ရှိခဲ့ကြပါတယ်။

ယခု အခါမှာတော့ အာရပ်စော်ဘွား ပြည်ထောင်စုမှာ နာမည်ကျော် Squid Game ကိုလက်တွေ့ဘဝ ဗားရှင်း နဲ့ လက်ခံ ကျင်းပပေးသွားတော့မှာ ဖြစ်ပါတယ်။

Squid Game ကြည့်ရှုသူ အချို့က ဝမ် 45.6 ဘီလီယံ ဆုသားငွေကို ပိုင်ဆိုင်ဖို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။

သူတို့က Green Light, Red Light ဂိမ်းကနေ dalgona game တွေ အထိ အောင်မြင်စွာ လုပ်ဆောင်နိုင် မယ်လို့ ယုံကြည် နေကြတာပဲ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၂ ရက် အင်္ဂါနေ့ တွင် အာရပ်စော် ဘွားပြည်ထောင်စု အဘူဒါဘီရှိ ကိုရီးယားယဉ်

ကျေးမှု စင်တာက KCC Squid Game Event ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ကြေငြာလာခဲ့ပါတယ်။

ဒီပြိုင်ပွဲကို လူပေါင်း ၃၀၀ အထိ လျှောက်ထားနိုင်မှာ ဖြစ်ပေမဲ့ ၁၅ ယောက် အဖွဲ့ ၂ ဖွဲ့သာတကယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေက Squid Game ထဲကလို တူညီ ဝတ်စုံများကို ဝတ်ဆင်ကြရမှာဖြစ်ပြီး ဝန်ထမ်းများက စက် ဝိုင်း တြိဂံနှင့် စတုရန်း ဝတ်စုံများကို ဝတ်ဆင်ကြရမှာပါ။

ဒီပွဲမှာတော့ K Drama ထဲက ကစားပွဲ ခြောက်ပွဲ အ နက် လေးပွဲပါဝင်မှာ ဖြစ်ပြီး နာမည်ကျော် ပြည် ကြီးငါး ကစားပွဲနှင့် လွန်ဆွဲပွဲတွေ ပါဝင်မှာဖြစ်ပါတယ် ။

ဒါ့အပြင် အပိုင်း (၁) မှာ Gong Yoo နဲ့ Lee Jung Jae တို့ကစားခဲ့တဲ့ ဒေါ့ဂျီဂိမ်းကိုလည်း ထည့်သွင်း ကစားစေမှာဖြစ်ပါတယ်။

KCC Squid Game Event နှင့် စီးရီး အကြား အဓိက ကွာခြားချက် နှစ်ခုသာ ရှိပါတယ်။

အဲ့တာကတော့ လက်တွေ့ဘဝက ဂိမ်းတွေမှာ မည်သူမျှ သေဆုံးမှာ မဟုတ်သလို ဆုငွေလည်း ရရှိမှာမဟုတ်ပါဘူး။

ကိုရီးယား ယဉ်ကျေးမှုစင်တာက ဒီပွဲကနေ တဆင့် အာရပ်စော်ဘွား ပြည်ထောင်စုက လူတွေကို

ကိုရီးယား ယဉ်ကျေးမှုအကြောင်း ပိုရင်းနှီးစေဖို့ ရည်ရွယ် ချက်နဲ့ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

ဂိမ်းတွင် ပါဝင်သူများအတွက် လုံခြုံစေရန် ရေမြှုပ်သေနတ်များကိုသာ အသုံးပြုမှာဖြစ်ပြီး ဖန်ခုန်ဂိမ်း

တွင်လည်း ဖန်ပြားတွေ အစား မြေပြင်ပေါ်မှာသာ ဂိမ်းကစားရမှာ ဖြစ်ပါတယ်။

ပရိတ်သတ်တွေအတွက် ပြန်လည် တင်ဆက် ပေး လိုက်ပါတယ်။

အဆုံးထိဖတ်ပေးကြတဲ့ ပရိတ်သတ် တစ်ယောက်ခြင်းစီတိုင်း အထူး ကျေးဇူးတင်လျက်ပါ။

Tags:

Add a Comment

Your email address will not be published. Required fields are marked *