အသုဘပွဲက လူတိုင်းကိုအသံဖိုင်တစ်ခုနဲ့ ရယ်မောသွားအောင် စနောက်ခဲ့သေးလာတဲ့ ကွယ်လွန်သူအမျိုးသား (အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ကြည့်ပါ)

အသုဘပွဲက လူတိုင်းကိုအသံဖိုင်တစ်ခုနဲ့ ရယ်မောသွားအောင် စနောက်ခဲ့သေးလာတဲ့ ကွယ်လွန်သူအမျိုးသား

ကဲ ပရိတ်သတ်ကြီးရေ ခုပြောပြမယ့် အ ကြောင်းလေးကတော့ အသုဘပွဲက အမှန်တကယ်ကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ အခမ်းအနားတစ်ခုဆိုလည်း မမှားပါဘူး။

သို့ပေမဲ့ အမျိုးသား တစ်ဦးဟာ သူ့ရဲ့ဈာပနာအခမ်းအနားသို့ တက်ရောက်သူတိုင်းအား ရယ်မောခြင်းဖြင့် သူ့အသုဘပွဲကို အဆုံး သတ်သွားစေလာခဲ့ပါတယ်။ သူက သူ့ရဲ့အခေါင်းကို မြေမြုပ်ဖို့လုပ်တဲ့ အချိန်မှာ သူရဲ့pre record လုပ်ထားတဲ့ အသံဖိုင်ကို ဖွင့်ပေးဖို့ မိသားစုတွေကို မှာထားခဲ့ပါတယ်။

၎င်း အသံဖိုင်ကို ဖွင့်လိုက်တဲ့အချိန်မှာ ရလဒ်အနေနဲ့ သူ့သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေက ငိုရင်း ရယ်ရင်း ဖြစ်သွားခဲ့ရပါတယ်။ Shay Bradley အမည်ရှိတဲ့ ၎င်း အမျိုးသားက သူ့သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေအား ရယ် မောပျော်ရွှင်စေလိုတဲ့ ရာသက်ပန် အစအ နောက်ပြောင်မြောက်သူလို့ လူသိများလာခဲ့ပါတယ်။

Ireland နိုင်ငံ Dublin မြို့မှ မြေး (၈) ယောက်ရဲ့အဘိုးဖြစ်တဲ့ Shayက သူကွယ်လွန်တော့မှာကို သိနေခဲ့ပြီး သူ့ရဲ့အသုဘပွဲကို တက်ရောက်လာကြမယ့် ငိုကြွေးမြည်တမ်းသူတွေအားလုံးအတွက် ဟာသတစ်ခု ကျန်ထားခဲ့ဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။

သမီးဖြစ်သူ Andrea Bradleyက မှတ်တမ်းတင်ထားတဲ့သူ့ရဲ့ အသုဘပွဲဗီဒီယိုမှာ အ ခေါင်းထဲကနေ Helloလို့ အသံထွက်လာတော့ ရုတ်တရက် ပွဲကလူတွေကို ထိတ်လန့်သွားစေခဲ့ပါတယ်။ အခေါင်းတလားကနေ ထွက်လာတဲ့အသံက နောက်ပြောင်လိုက်တဲ့ Shay ရဲ့ pre record လုပ်ထားခဲ့တဲ့ အသံဖိုင် တစ်ခုဖြစ်လာခဲ့ပါတယ်။

ဗီဒီယိုထဲအရ တီးမှုတ်သံတွေ စတင်တီးခတ်နေတုန်း စိတ်မသာညည်းတွား သူတွေက အ စပိုင်းမှာ ဝမ်းနည်းနေပုံရပါတယ်။ သို့ပေမဲ့လည်း အခေါင်းထဲကနေ Hello ငါ့ကို အပြင်ထုတ်ပေး ဒီမှာအရမ်းမှောင်နေတယ်လို့ ကျယ်လောင်စွာ အော်လိုက်တဲ့ အသံကြောင့် ငိုရင်း ရယ်မောလာခဲ့ကြပါတယ်။

သူ့ပွဲထဲကလူတွေက အနောက် သန်လွန်းတဲ့သူ့အကြောင်းကို ချက်ချင်းသိသွားကြပုံပါပဲဗျာ။ Shayက သူ့ရဲ့အသုဘအခမ်းအနားမှာ စိတ်မသာ ညည်းတွားနေသူတွေအားလုံးကို မခံစားစေချင်ဘူးဆိုတာကို အရှင်းသားမြင်စေလာခဲ့ပါတယ်။ ထို့နောက် သူ့အသံဖိုင်ထဲမှာ ရယ်စရာကောင်းတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုနေတာလည်း ပါဝင်ခဲ့ပါသေးတယ်။

Shay ရဲ့ဇနီးဖြစ်သူအဆိုအရ Shayက တစ်ကယ်လည်း အစအနောက်သန်ပြီး မိသားစုဝင်တွေကို မရိုးနိုင်တဲ့ နည်းလမ်းတွေနဲ့ ရယ် မောအောင် ပြုလုပ်တတ်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

သူက ကျွန်မတို့ မိသားစုအ တွက်နဲ့ လူအများအတွက် ဘယ်တော့မှ မေ့သွားမှာမဟုတ်တဲ့ လူတစ်ယောက်အဖြစ် တည်ရှိနေမှာပါလို့ ဇနီးဖြစ်သူက ပြောပြလာခဲ့ပါသေးတယ်။ စာဖတ်ပရိတ်သတ်ကြီးအားလည်း ကျေးဇူးအထူးတင်လျက်ပါ။ Credit

Tags:

Add a Comment

Your email address will not be published. Required fields are marked *